Premier League

လက်ရှိအသင်းထဲမှာ အတူတွဲကစားချင်တဲ့ စီးတီးကြယ်ပွင့်ဟောင်း ၂ ဦးကို ရွေးချယ်ခဲ့တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ ဂွါဒီယိုလာရဲ့ လက်ရှိ အသင်းထဲမှာ အတူတူ တွဲကစားချင်တဲ့ မန်ချက်စတာစီးတီးကစားသမားဟောင်း ၂ ဦးကို ရွေးချယ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အင်္ဂလန်က ပွဲဦးထွက်ရာသီမှာ အံ့မခန်းဂိုးသွင်းခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံပွဲ ၄၀ မှာ ၄၇ ဂိုးအထိ ထူးထူးခြားခြား သွင်းယူထားတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂၈ ပွဲအတွင်း ၃၂ ဂိုးအထိ သွင်းယူထားတာကြောင့် ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဟာရီ ကိန်းထက် ၉ ဂိုး သာနေတာဖြစ်ပါတယ်။

ဟာလန်းဟာ မတ်လအတွက် မန်ချက်စတာစီးတီးရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နော်ဝေတိုက်စစ်မှူးဟာ မတ်လအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို မယုံနိုင်စရာ ၅ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ တစ်လတာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူပြီးနောက် လက်ရှိအသင်းထဲမှာ ဘယ်မန်စီးတီးကစားသမားဟောင်းကို ရှိစေချင်လဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဒေါ့မွန်ကြယ်ပွင့်ဟောင်းက မန်စီးတီးဂန္တဝင် ကွန်ပနီနဲ့ စီးတီးပရိသတ်တွေအနှစ်သက်ဆုံးဖြစ်ခဲ့တဲ့ ဘာလိုတယ်လီတို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဗင်းဆင့် ကွန်ပနီလို့ ပြောရမယ်ထင်ပါတယ်။ ဂန္တဝင်ကြီးပါ။ ဘာလိုတယ်လီနဲ့ ကစားရတာက ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့လည်း ကျွန်တော် ထင်တယ်။ အဲဒီတော့ ဒီ ၂ ယောက်ထဲက တစ်ယောက် ဘာလိုတယ်လီ ဒါမှမဟုတ် ကွန်ပနီဆိုရင် တကယ်ကောင်းမွန်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟားဟား။ အာလင်းနဲ့ မာရီယိုကို တိုက်စစ်မှာ မြင်ချင်လိုက်တာ”လို့ တုံ့ပြန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဟာလန်းနဲ့ ဘာလိုတယ်လီကို တူညီတဲ့အသင်းထဲက တိုက်စစ်မှာ မြင်ယောင်ကြည့်လိုက်။ ဝရုန်းသုန်းကားတွေ ဖြစ်နေတော့မှာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္းဟာ ဂြါဒီယိုလာရဲ႕ လက္ရွိ အသင္းထဲမွာ အတူတူ တြဲကစားခ်င္တဲ့ မန္ခ်က္စတာစီးတီးကစားသမားေဟာင္း ၂ ဦးကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္အသင္းကေန ေပါင္ ၅၁.၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အဂၤလန္က ပြဲဦးထြက္ရာသီမွာ အံ့မခန္းဂိုးသြင္းေျခစြမ္းျပသေနခဲ့တာ ျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးအတြက္ ၿပိဳင္ပြဲစုံပြဲ ၄၀ မွာ ၄၇ ဂိုးအထိ ထူးထူးျခားျခား သြင္းယူထားတာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ၂၈ ပြဲအတြင္း ၃၂ ဂိုးအထိ သြင္းယူထားတာေၾကာင့္ ေ႐ႊဖိနပ္ဆုၿပိဳင္ပြဲမွာ ဟာရီ ကိန္းထက္ ၉ ဂိုး သာေနတာျဖစ္ပါတယ္။

ဟာလန္းဟာ မတ္လအတြက္ မန္ခ်က္စတာစီးတီးရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ မတ္လအတြင္းကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ လိုက္ပ္ဇစ္ကို မယုံႏိုင္စရာ ၅ ဂိုးအထိ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ တစ္လတာအေကာင္းဆုံးကစားသမားဆုကို လက္ခံရယူၿပီးေနာက္ လက္ရွိအသင္းထဲမွာ ဘယ္မန္စီးတီးကစားသမားေဟာင္းကို ရွိေစခ်င္လဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းက မန္စီးတီးဂႏၲဝင္ ကြန္ပနီနဲ႔ စီးတီးပရိသတ္ေတြအႏွစ္သက္ဆုံးျဖစ္ခဲ့တဲ့ ဘာလိုတယ္လီတို႔ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ ဗင္းဆင့္ ကြန္ပနီလို႔ ေျပာရမယ္ထင္ပါတယ္။ ဂႏၲဝင္ႀကီးပါ။ ဘာလိုတယ္လီနဲ႔ ကစားရတာက ေပ်ာ္႐ႊင္စရာေကာင္းလိမ့္မယ္လို႔လည္း ကြၽန္ေတာ္ ထင္တယ္။ အဲဒီေတာ့ ဒီ ၂ ေယာက္ထဲက တစ္ေယာက္ ဘာလိုတယ္လီ ဒါမွမဟုတ္ ကြန္ပနီဆိုရင္ တကယ္ေကာင္းမြန္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဟားဟား။ အာလင္းနဲ႔ မာရီယိုကို တိုက္စစ္မွာ ျမင္ခ်င္လိုက္တာ”လို႔ တုံ႔ျပန္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဟာလန္းနဲ႔ ဘာလိုတယ္လီကို တူညီတဲ့အသင္းထဲက တိုက္စစ္မွာ ျမင္ေယာင္ၾကည့္လိုက္။ ဝ႐ုန္းသုန္းကားေတြ ျဖစ္ေနေတာ့မွာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.