Premier League

ကြီးမားတဲ့ဒဏ်ရာရရှိခဲ့ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် လီဆန်ဒရို မာတီနက်ဇ်ဟာ ဆီဗီလာနဲ့ ပွဲမှာ ခြေချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ် နှောင်းပိုင်းမှာ ဒဏ်ရာပြင်းပြင်းထန် ရရှိသွားခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဂွန်ဇာလို မွန်တီရယ်နဲ့ မားကို့စ် အကူနာတို့က ထမ်းပြီး ကွင်းပြင်ပကို ခေါ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့ ဒဏ်ရာ အတိုင်းအတာနဲ့ပတ်သက်ပြီး ကြီးမားတဲ့ စိုးရိမ်မှုတွေရှိခဲ့ပြီး အထူးသဖြင့် အာဂျင်တီးနားနောက်ခံလူဟာ ဘာဖိအားမှမရှိဘဲ မြက်ခင်းပြင်ပေါ်ကို လဲကျသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

နည်းပြ တန်ဟက်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဒဏ်ရာပြဿနာကို အသေးစိတ် မပြောပြနိုင်ခဲ့တာဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က အာဂျင်တီးနားနောက်ခံလူဟာ ခြေထောက်က ခြေချောင်းရိုးကျိုးသွားခဲ့တာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်ဟာ ယခုရာသီကုန်တဲ့အထိ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပြီး ၎င်းရဲ့ တရားဝင် အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် စိတ်ကူးထားတဲ့ပုံစံအတိုင်း အရမ်းထူးခြားတဲ့ ရာသီကို အဆုံးသတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ ကျွန်တော်တို့ကို ပိုပြီးသန်မာအောင် လုပ်ပေးမယ့်၊ အဲဒီအရာတွေကနေ သင်ယူရမယ့် အတားအဆီးတွေကို ရင်ဆိုင်ရမှာပါ ကျွန်တော် သိပ်မကြာခင် ပြန်ကစားပေးနိုင်မယ်ဆိုတာကို သိပါတယ်”

“ဒီကြားကာလအတွင်းမှာ ကျွန်တော့်အသင်းဖော်တွေကို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိအောင် ဆက်လက်ပြီး အားပေးထောက်ခံသွားမှာပါ။ ကျွန်တော် ရရှိခဲ့တဲ့ အားပေးထောက်ခံတဲ့ သတင်းစကား အရေအတွက်တွေက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကို အခုအချိန်မှာ ခွန်အားတွေနဲ့ သတ္တိတွေ ပေးနေပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ ခင်ဗျားတို့အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ဆီဗီလာနဲ႔ ပြဲမွာ ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာရရွိခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။

အာဂ်င္တီးနားေနာက္ခံလူဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္ ေႏွာင္းပိုင္းမွာ ဒဏ္ရာျပင္းျပင္းထန္ ရရွိသြားခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ ဂြန္ဇာလို မြန္တီရယ္နဲ႔ မားကို႔စ္ အကူနာတို႔က ထမ္းၿပီး ကြင္းျပင္ပကို ေခၚေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။

မာတီနက္ဇ္ရဲ႕ ဒဏ္ရာ အတိုင္းအတာနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ စိုးရိမ္မႈေတြရွိခဲ့ၿပီး အထူးသျဖင့္ အာဂ်င္တီးနားေနာက္ခံလူဟာ ဘာဖိအားမွမရွိဘဲ ျမက္ခင္းျပင္ေပၚကို လဲက်သြားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

နည္းျပ တန္ဟက္က ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ဒဏ္ရာျပႆနာကို အေသးစိတ္ မေျပာျပႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က အာဂ်င္တီးနားေနာက္ခံလူဟာ ေျခေထာက္က ေျခေခ်ာင္း႐ိုးက်ိဳးသြားခဲ့တာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ယခုရာသီကုန္တဲ့အထိ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ၎ရဲ႕ တရားဝင္ အင္စတာဂရမ္အေကာင့္ကေန ပရိသတ္ေတြကို သတင္းစကား ပါးခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ စိတ္ကူးထားတဲ့ပုံစံအတိုင္း အရမ္းထူးျခားတဲ့ ရာသီကို အဆုံးသတ္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ခါတေလ ကြၽန္ေတာ္တို႔ကို ပိုၿပီးသန္မာေအာင္ လုပ္ေပးမယ့္၊ အဲဒီအရာေတြကေန သင္ယူရမယ့္ အတားအဆီးေတြကို ရင္ဆိုင္ရမွာပါ ကြၽန္ေတာ္ သိပ္မၾကာခင္ ျပန္ကစားေပးႏိုင္မယ္ဆိုတာကို သိပါတယ္”

“ဒီၾကားကာလအတြင္းမွာ ကြၽန္ေတာ့္အသင္းေဖာ္ေတြကို ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ရရွိေအာင္ ဆက္လက္ၿပီး အားေပးေထာက္ခံသြားမွာပါ။ ကြၽန္ေတာ္ ရရွိခဲ့တဲ့ အားေပးေထာက္ခံတဲ့ သတင္းစကား အေရအတြက္ေတြက အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။ သူတို႔ေတြက ကြၽန္ေတာ့္ကို အခုအခ်ိန္မွာ ခြန္အားေတြနဲ႔ သတၱိေတြ ေပးေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားထဲကေန ခင္ဗ်ားတို႔အားလုံးကို ေက်းဇူး အမ်ားႀကီးတင္ပါတယ္။”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.