Premier League

ကီပါရော မန်ဒီကိုပါ ကန်ထုတ်ဖို့ ဂိုးသမား ၃ ဦးကို ဆက်သွယ်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ကီပါနဲ့ အေဒူယာ မန်ဒီတို့ ၂ ဦးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုကို ရှာဖွေနေတာကြောင့် ဂိုးသမား ၃ ဦးကို ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ကီပါနဲ့ မန်ဒီတို့ကို ပေါင်သန်း ၁၀၀ နီးပါး ပေးပြီး ခေါ်ယူခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကာလရှည် ကျောနံပါတ် ၁ ဖြစ်လာနိုင်တယ်လို့ ယူဆခြင်းမခံခဲ့ရတာ ဖြစ်ပါတယ်။

ကီပါဟာ ၂၀၁၈ ခုနှစ်မှာ အက်သလက်တစ် ဘီလ်ဘာအိုကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ ဘောလုံးသမိုင်းမှာ စျေးအကြီးဆုံးဂိုးသမားဖြစ်လာခဲ့ပေမယ့်လည်း စပိန်လက်ရွေးစင်ဂိုးသမားဟာ အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့မှုကြေင့် မန်ဒီကို ပွဲထွက်ဂိုးသမားနေရာ လွှဲပေးခဲ့ရတာဖြစ်ပါတယ်။

မန်ဒီဟာ နည်းပြလမ်းပတ်ရဲ့ ပထမဆုံး ချဲလ်ဆီးနည်းပြသက်တမ်းမှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဂန္တဝင်ဂိုးသမား ပီတာချက်ရဲ့ အကြံပေးမှုကြောင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်ဂိုးသမားဟာ နည်းပြတူဟယ်လက်အောက်မှာ ချန်ပီယံလိဂ်ဖလားရရှိခဲ့ပေမယ့်လည်း နည်းပြ ပေါ့တားက ကီပါကို ပထမပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်အသုံးပြုခဲ့တာကြောင့် ယခုရာသီမှာ အရန်ခုံမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

ကီပါဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အစောပိုင်း ရုန်းကန်ခဲ့ရမှုကနေ တိုးတက်လာခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းပိုင်ရှင်တွေက ဂိုးသမား ၂ ဦးစလုံးကို ယုံကြည်မှုမရှိ ဖြစ်နေဆဲဖြစ်ပြီး ယခုနွေရာဦမှာ ဂိုးသမားသစ်ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ အင်တာမီလန်ဂိုးသမား အန်ဒရီ အိုနာနာ၊ ဒေါ့မွန်ဂိုးသမား ဂရီဂေါ် ကိုဘယ်လ်၊ ဘရန့်တ်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာတို့ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လာမယ့်ရာသီမှာ အသင်းကို ဘယ်နည်းပြသစ်က ကိုင်တွယ်မလဲဆိုတာကို မသိရသေးတာကြောင့် အခြေအနေက ရှု့ပ်ထွေးနေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ကီပါနဲ့ အေဒူယာ မန်ဒီတို့ ၂ ဦးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုကို ရှာဖွေနေတာကြောင့် ဂိုးသမား ၃ ဦးကို ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ကီပါနဲ့ မန်ဒီတို့ကို ပေါင်သန်း ၁၀၀ နီးပါး ပေးပြီး ခေါ်ယူခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ကာလရှည် ကျောနံပါတ် ၁ ဖြစ်လာနိုင်တယ်လို့ ယူဆခြင်းမခံခဲ့ရတာ ဖြစ်ပါတယ်။

ကီပါဟာ ၂၀၁၈ ခုနှစ်မှာ အက်သလက်တစ် ဘီလ်ဘာအိုကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံးဂိုးသမားဖြစ်လာခဲ့ပေမယ့်လည်း စပိန်လက်ရွေးစင်ဂိုးသမားဟာ အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့မှုကြေင့် မန်ဒီကို ပွဲထွက်ဂိုးသမားနေရာ လွှဲပေးခဲ့ရတာဖြစ်ပါတယ်။


ကီပါဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ အစောပိုင်း ရုန်းကန်ခဲ့ရမှုကနေ တိုးတက်လာခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းပိုင်ရှင်တွေက ဂိုးသမား ၂ ဦးစလုံးကို ယုံကြည်မှုမရှိ ဖြစ်နေဆဲဖြစ်ပြီး ယခုနွေရာဦမှာ ဂိုးသမားသစ်ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.