Premier League

ရော်နယ်လ်ဒိုနဲ့ တွဲကစားရမယ့်အခွင့်အရေးကို ငြင်းခဲ့တဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်

ခရစ္စတယ် ပဲလေ့စ် တောင်ပံကြယ်ပွင့် ဝီးလ်ဖရက်ဒ် ဇာဟာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျကလပ် အယ်လ် နာဆာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဟာ ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအပါအဝင် ဆော်ဒီ အာရေဗျကလပ်အသင်းတွေဆီကနေ ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ Evening Standard က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အယ်လ်-အစ်တီဟတ်ဟာ အိုင်ဗရီကို့စ် လက်ရွေးစင်တောင်ပံကစားသမားကို အခွန်ဆောင်အပြီး တစ်ရာသီလုပ်ခလစာ ပေါင် ၉ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အယ်လ် နာဆာနဲ့ အယ်လ် ဟီလာလ်တို့ကလည်း ယခုနွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်တော့မယ့် ဇာဟာကို ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။

ဇာဟာဟာ ၎င်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် ယခုရာသီကုန်အထိ စောင့်ဆိုင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီး မိခင်ကလပ်ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကို စွန့်ခွာဖို့ များနေပုံပေါ်နေတယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားဟောင်းဟာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်နဲ့ အဓိကဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်မယ့် အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အေစီမီလန်၊ ဒေါ့မွန်အသင်းတို့က အိုင်ဗရီကို့စ်တောင်ပံကစားသမားကို စိတ်ဝင်စားနေပေမယ့်လည်း ဇာဟာဟာ အင်္ဂလန်က ထိပ်တန်းကလပ်အသင်းတွေအတွက် ကာလရှည် ပစ်မှတ် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး၊ အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဝီးလ်ဖရက်ဒ် ဇာဟာကို အရင်တုန်းက စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း ဒီနွေရာသီမှာတော့ အပြောင်းအရွှေ့ ပြုလုပ်သွားဖွယ် မရှိဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတယ္ ပဲေလ့စ္ ေတာင္ပံၾကယ္ပြင့္ ဝီးလ္ဖရက္ဒ္ ဇာဟာဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နာဆာအသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းဟာ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္ နာဆာအပါအဝင္ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းေတြဆီကေန ႀကီးမားတဲ့ ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့တယ္လို႔ Evening Standard က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အယ္လ္-အစ္တီဟတ္ဟာ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ေတာင္ပံကစားသမားကို အခြန္ေဆာင္အၿပီး တစ္ရာသီလုပ္ခလစာ ေပါင္ ၉ သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အယ္လ္ နာဆာနဲ႔ အယ္လ္ ဟီလာလ္တို႔ကလည္း ယခုေႏြရာသီမွာ အလြတ္နဲ႔ ေခၚယူႏိုင္ေတာ့မယ့္ ဇာဟာကို ေခၚယူခ်င္ေနၾကတာျဖစ္ပါတယ္။

ဇာဟာဟာ ၎ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖို႔အတြက္ ယခုရာသီကုန္အထိ ေစာင့္ဆိုင္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး မိခင္ကလပ္ျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္ကို စြန႔္ခြာဖို႔ မ်ားေနပုံေပၚေနတယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမားေဟာင္းဟာ ခရစၥတယ္ ပဲေလ့စ္အသင္းရဲ႕ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းနဲ႔ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားခြင့္နဲ႔ အဓိကဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ႏိုင္မယ့္ အသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေအစီမီလန္၊ ေဒါ့မြန္အသင္းတို႔က အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားကို စိတ္ဝင္စားေနေပမယ့္လည္း ဇာဟာဟာ အဂၤလန္က ထိပ္တန္းကလပ္အသင္းေတြအတြက္ ကာလရွည္ ပစ္မွတ္ ျဖစ္ခဲ့သူလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီး၊ အာဆင္နယ္၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ဟာ ဝီးလ္ဖရက္ဒ္ ဇာဟာကို အရင္တုန္းက စိတ္ဝင္စားေၾကာင္း ျပသခဲ့ေပမယ့္လည္း ဒီေႏြရာသီမွာေတာ့ အေျပာင္းအေ႐ႊ႕ ျပဳလုပ္သြားဖြယ္ မရွိဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.