Premier League

အက်ဖ်အေဆီမီးပွဲအတွက် ခံစစ်မှာ ဘယ်သူကစားမလဲဆိုတာ သိသွားခဲ့ပြီဖြစ်တဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဘရိုက်တန်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ခံစစ်မှာ ဘယ်သူကစားပေးနိုင်မလဲဆိုတာကို စတင်စိုးရိမ်နေကြပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့က ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ ဆီဗီလာအသင်းကို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ နောက်ဆုံး ၁၀ မိနစ်မှာ ချေပဂိုးတွေ ပြန်ပေးပြီး သရေကျခဲ့တာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာတော့ ဆာဘစ်ဇာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အရာအားလုံး ချောချောမွေ့မွေ့ဖြစ်နေခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် ဒုတိယအကျော့ကို လွဲချော်စေမယ့် ထူးထူးဆန်းဆန်း အဝါကတ်ပြခံရတဲ့အချိန်ကစပြီး အရာအားလုံး စတင်မှားယွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပိုပြီးဆိုးသွားတာက ဗာရွမ်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ ၂ ဦးစလုံး ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး အာဂျင်တီးနားနောက်ခံလူရဲ့ ဒဏ်ရာက တော်တော်လေး ဆိုးရွားခဲ့ပုံပေါ်တာဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ တန်ဟက်ဟာ လာမယ့် ဧပြီ ၂၃ ရက်နေ့ ဘရိုက်တန်နဲ့ကစားရမယ့် ဝင်ဘလေက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ခံစစ်နေရာမှာ ရွေးချယ်စရာ မရှိတော့တဲ့အခြေအနေ ဆိုက်သွားခဲ့တာဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယားရဲ့ ကွာတားဖိုင်နယ်အဆင့်တုန်းက ဖူလ်ဟမ်နဲ့ပွဲစဥ်က အဝါကတ်ပြားပြသခံရမှုကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို လွဲချော်မှာဖြစ်ပြီး ဗာရွမ်းရော မာတီနက်ဇ်ပါ မပါဝင်နိုင်တဲ့အပြင် လုခ် ရှောကလည်း ကြာသပတေးနေ့ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာကြောင့် လွဲချော်နေခဲ့ပြီးဖြစ်တာကြောင့် တန်ဟက်အတွက် ကြီးမားတဲ့ ပြဿနာကြီးဖြစ်လာပြီဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေဟာ ဘရိုက်တန်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ဖီးလ်ဂျုံးစ် ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်ပါဝင်လာတာကို မြင်တွေ့ရတော့မယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

“ဒါ ဖီးလ် ဂျုံးစ် ပြန်လာရမယ့်ပွဲပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း မြက်ခင်းပေါ်က ဘောလုံးကို ခေါင်းနဲ့ တိုက်နေတဲ့ ဖီးလ် ဂျုံးစ်ရဲ့ ကျော်ကြားတဲ့ အဖြစ်အပျက်ကို ပြသထားတဲ့ GIF နဲ့အတူ “ဂန္တဝင်ကြီး ပြန်လာပြီ”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အတြက္ ခံစစ္မွာ ဘယ္သူကစားေပးႏိုင္မလဲဆိုတာကို စတင္စိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၾကာသပေတးေန႔က ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့မွာ ဆီဗီလာအသင္းကို ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ေနာက္ဆုံး ၁၀ မိနစ္မွာ ေခ်ပဂိုးေတြ ျပန္ေပးၿပီး သေရက်ခဲ့တာျဖစ္ပါတယ္။

တန္ဟက္ရဲ႕အသင္းဟာ ရက္ရွ္ဖို႔ဒ္ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာေတာ့ ဆာဘစ္ဇာရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ အရာအားလုံး ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေနခဲ့ပုံေပၚခဲ့ေပမယ့္လည္း ဘ႐ူႏို ဖာနန္ဒက္စ္ ဒုတိယအေက်ာ့ကို လြဲေခ်ာ္ေစမယ့္ ထူးထူးဆန္းဆန္း အဝါကတ္ျပခံရတဲ့အခ်ိန္ကစၿပီး အရာအားလုံး စတင္မွားယြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ ပိုၿပီးဆိုးသြားတာက ဗာ႐ြမ္းနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ ၂ ဦးစလုံး ဒုတိယပိုင္းမွာ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရၿပီး အာဂ်င္တီးနားေနာက္ခံလူရဲ႕ ဒဏ္ရာက ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ပုံေပၚတာျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပ တန္ဟက္ဟာ လာမယ့္ ဧၿပီ ၂၃ ရက္ေန႔ ဘ႐ိုက္တန္နဲ႔ကစားရမယ့္ ဝင္ဘေလက အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲစဥ္အတြက္ ခံစစ္ေနရာမွာ ေ႐ြးခ်ယ္စရာ မရွိေတာ့တဲ့အေျခအေန ဆိုက္သြားခဲ့တာျဖစ္ပါတယ္။

ဟာရီ မက္ဂြိဳင္းယားရဲ႕ ကြာတားဖိုင္နယ္အဆင့္တုန္းက ဖူလ္ဟမ္နဲ႔ပြဲစဥ္က အဝါကတ္ျပားျပသခံရမႈေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္ကို လြဲေခ်ာ္မွာျဖစ္ၿပီး ဗာ႐ြမ္းေရာ မာတီနက္ဇ္ပါ မပါဝင္ႏိုင္တဲ့အျပင္ လုခ္ ေရွာကလည္း ၾကာသပေတးေန႔ပြဲမတိုင္ခင္ကတည္းက ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခဲ့ၿပီးျဖစ္တာေၾကာင့္ တန္ဟက္အတြက္ ႀကီးမားတဲ့ ျပႆနာႀကီးျဖစ္လာၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ ပရိသတ္ေတြဟာ ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ဖီးလ္ဂ်ဳံးစ္ ပြဲထြက္လူစာရင္းထဲမွာ ျပန္လည္ပါဝင္လာတာကို ျမင္ေတြ႕ရေတာ့မယ္လို႔ ယုံၾကည္ခဲ့ၾကတာ ျဖစ္ပါတယ္။

“ဒါ ဖီးလ္ ဂ်ဳံးစ္ ျပန္လာရမယ့္ပြဲပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ျမက္ခင္းေပၚက ေဘာလုံးကို ေခါင္းနဲ႔ တိုက္ေနတဲ့ ဖီးလ္ ဂ်ဳံးစ္ရဲ႕ ေက်ာ္ၾကားတဲ့ အျဖစ္အပ်က္ကို ျပသထားတဲ့ GIF နဲ႔အတူ “ဂႏၲဝင္ႀကီး ျပန္လာၿပီ”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.