Premier League

ဘယ်လင်ဟမ်ကို ခေါ်မယ့်ပြိုင်ပွဲထဲက ထွက်ခဲ့တဲ့ လီဗာပူးလ်ကို တုံ့ပြန်လိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က လီဗာပူးလ်အသင်းက ယခုနွေရာသီမှာ ဂျုဒ် ဘယ်လင်ဟမ်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချမှတ်စေခဲ့တဲ့ ဘဏ္ဍာရေးအကန့်အသတ်ရှိမှုတွေအောက်မှာ ဆက်လက် အလုပ်လုပ်ဖို့ သက်တောင့်သက်သာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုနွေရာသီမှာ ဥရောပ ဟဲဗီးဝိတ်အသင်းကြီးတွေရဲ့  နာမည်အကြီးဆုံး အပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာမှာဖြစ်ပြီး လီဗာပူးလ်နဲ့ ကလော့ပ်တို့ဟာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ယှဉ်ပြိုင်ပြီး ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်က ယခုနှစ်အစောပိုင်းမှာ ဘယ်လင်ဟမ်နဲ့ စကားအေးဆေးထိုင်ပြောပြီး လီဗာပူးလ်ကို ပြောင်းရွှေ့အောင် ကြိုးပမ်းချင်တဲ့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဒေါ့မွန်ကြယ်ပွင့်ရဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ အလက်ဇန်းဒါး-အာနိုးနဲ့ ဟန်ဒါဆန်တို့ကလည်း မကြာသေးမီလပိုင်းကမှ အင်္ဂလန်ကွင်းလယ်လူအကြောင်း ရွှန်းရွှန်းဝေအောင် ပြောခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းယခုအပတ်အစောပိုင်းသတင်းတွေမှာ လီဗာပူးလ်အသင်းဟာ ပေါင်သန်း ၁၃၀ လောက်ရှိတဲ့ ပြောင်းရွှေ့ကြေးကြောင့် ၎င်းတို့ရဲ့ စိတ်ဝင်စားမှုကို လက်လျှော့ဖို့ အတွက် တွန့်ဆုတ်နေတယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့ည လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် စကားပြောဆိုရာမှာ ကလော့ပ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ လက်လျှော့ခဲ့တဲ့အပေါ်မှာ တုံ့ပြန်ဖို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သီအိုရီအရ မရနိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီး ဘာလို့ အဆက်မပြတ် ပြောနေကြတာလဲ။ ကျွန်တော်တို့ နွေရာသီမှာ ကစားသမား ၆ ဦးလောက် မရနိုင်ဘူး။ အားလုံးက ဥပမာအားဖြင့် ပေါင်သန်း ၁၀၀ ဆိုရင်ပေါ့။ အားလုံးက ဒါက အရှင်းကြီးပဲလို့ ပြောပါလိမ့်မယ်။ ခင်ဗျား ဘာလုပ်နိုင်လဲဆိုတာကို သိရမယ်။ ပြီးရင် လုပ်နိုင်တာကို လုပ်ပါ။ ကျွန်တော်တို့ သုံးလို့ရနိုင်တဲ့ ငွေကြေးဘယ်လောက်ရှိလဲ၊ အဲဒါနဲ့ အလုပ်လုပ်မယ်။ အဲဒါက ခင်ဗျား လုပ်ရမယ့် အလုပ်ပဲ။ ကျွန်တော်တို့တွေက ကလေးမဟုတ်ဘူး”

“ခင်ဗျား ခရစ္စမတ်မှာ ၅ နှစ်သားကို ခရစ္စမတ်အတွက် ဘာလိုချင်လဲလို့ မေးရင် ဖယ်ရာရီကားလိုချင်တယ်လို့ ပြောရင် ခင်ဗျားက အဲဒါက ကောင်းလိုက်တဲ့အကြံပဲလို့ ပြောမှာမဟုတ်ပါဘူး။ ခင်ဗျားက ဟင့်အင်း။ အဲဒါက အရမ်းစျေးကြီးလွန်းပြီး မင်းလည်း မောင်းနိုင်မှာမဟုတ်ဘူးလို့ပဲ ပြောလိမ့်မယ်။ အဲဒီအတိုင်းပါပဲ။ ဒီကလေးက အဲဒီကျရင် သူ့တစ်ဘဝလုံး မပျော်မရွှင်ဖြစ်သွားမှာပါ။ ဘာလို့လဲဆိုတော့ သူ ဖယ်ရာရီမရနိုင်လို့ပါ။ အဲဒါက တကယ်ကို ဝမ်းနည်းစရာဘဝဖြစ်ပါလိမ့်မယ်”

“အဲဒါက ခင်ဗျား လုပ်နိုင်တာ ဘာလဲဆိုတာနဲ့ ခင်ဗျား လုပ်နိုင်တာကို လုပ်ဖို့ပါ။ တခြားဘာမှ ပြောစရာမရှိပါဘူး။ အဲဒါက ကျွန်တော် အမြဲတမ်း အလုပ်လုပ်ခဲ့တဲ့ ပုံစံပါ။ ကျွန်တော် လိုချင်တာမှန်သမျှ၊ ကျွန်တော်တို့ လိုအပ်တာဆိုရင် အဲဒါကို ရဖို့ အရာအားလုံးကို ရအောင် ကျိန်းသေပေါက် ကြိုးပမ်းမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက် မဖြစ်နိုင်ဘူးလို့လက်ခံရတဲ့အခိုက်အတန့်တွေလည်း ရှိပါတယ်။ အဲဒီကျရင် ခင်ဗျား လက်ရှောင်လိုက်ပြီး မတူညီတဲ့အရာကို လုပ်ရုံပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က လီဗာပူးလ္အသင္းက ယခုေႏြရာသီမွာ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေခၚယူမယ့္ၿပိဳင္ပြဲထဲကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ေစခဲ့တဲ့ ဘ႑ာေရးအကန႔္အသတ္ရွိမႈေတြေအာက္မွာ ဆက္လက္ အလုပ္လုပ္ဖို႔ သက္ေတာင့္သက္သာရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုေႏြရာသီမွာ ဥေရာပ ဟဲဗီးဝိတ္အသင္းႀကီးေတြရဲ႕  နာမည္အႀကီးဆုံး အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္လာမွာျဖစ္ၿပီး လီဗာပူးလ္နဲ႔ ကေလာ့ပ္တို႔ဟာ မန္စီးတီး၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ယွဥ္ၿပိဳင္ၿပီး ဘယ္လင္ဟမ္ကို ေခၚယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ စတီဗင္ ဂ်ရတ္က ယခုႏွစ္အေစာပိုင္းမွာ ဘယ္လင္ဟမ္နဲ႔ စကားေအးေဆးထိုင္ေျပာၿပီး လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ေအာင္ ႀကိဳးပမ္းခ်င္တဲ့ဆႏၵရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ေဒါ့မြန္ၾကယ္ပြင့္ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္တဲ့ အလက္ဇန္းဒါး-အာႏိုးနဲ႔ ဟန္ဒါဆန္တို႔ကလည္း မၾကာေသးမီလပိုင္းကမွ အဂၤလန္ကြင္းလယ္လူအေၾကာင္း ႐ႊန္း႐ႊန္းေဝေအာင္ ေျပာခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္းယခုအပတ္အေစာပိုင္းသတင္းေတြမွာ လီဗာပူးလ္အသင္းဟာ ေပါင္သန္း ၁၃၀ ေလာက္ရွိတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ ၎တို႔ရဲ႕ စိတ္ဝင္စားမႈကို လက္ေလွ်ာ့ဖို႔ အတြက္ တြန႔္ဆုတ္ေနတယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

တနလၤာေန႔ည လိဒ္စ္ယူႏိုက္တက္နဲ႔ ပြဲမတိုင္ခင္ စကားေျပာဆိုရာမွာ ကေလာ့ပ္က ဘယ္လင္ဟမ္ကို ေခၚယူဖို႔ လက္ေလွ်ာ့ခဲ့တဲ့အေပၚမွာ တုံ႔ျပန္ဖို႔ ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ သီအိုရီအရ မရႏိုင္တဲ့အရာေတြနဲ႔ပတ္သက္ၿပီး ဘာလို႔ အဆက္မျပတ္ ေျပာေနၾကတာလဲ။ ကြၽန္ေတာ္တို႔ ေႏြရာသီမွာ ကစားသမား ၆ ဦးေလာက္ မရႏိုင္ဘူး။ အားလုံးက ဥပမာအားျဖင့္ ေပါင္သန္း ၁၀၀ ဆိုရင္ေပါ့။ အားလုံးက ဒါက အရွင္းႀကီးပဲလို႔ ေျပာပါလိမ့္မယ္။ ခင္ဗ်ား ဘာလုပ္ႏိုင္လဲဆိုတာကို သိရမယ္။ ၿပီးရင္ လုပ္ႏိုင္တာကို လုပ္ပါ။ ကြၽန္ေတာ္တို႔ သုံးလို႔ရႏိုင္တဲ့ ေငြေၾကးဘယ္ေလာက္ရွိလဲ၊ အဲဒါနဲ႔ အလုပ္လုပ္မယ္။ အဲဒါက ခင္ဗ်ား လုပ္ရမယ့္ အလုပ္ပဲ။ ကြၽန္ေတာ္တို႔ေတြက ကေလးမဟုတ္ဘူး”

“ခင္ဗ်ား ခရစၥမတ္မွာ ၅ ႏွစ္သားကို ခရစၥမတ္အတြက္ ဘာလိုခ်င္လဲလို႔ ေမးရင္ ဖယ္ရာရီကားလိုခ်င္တယ္လို႔ ေျပာရင္ ခင္ဗ်ားက အဲဒါက ေကာင္းလိုက္တဲ့အႀကံပဲလို႔ ေျပာမွာမဟုတ္ပါဘူး။ ခင္ဗ်ားက ဟင့္အင္း။ အဲဒါက အရမ္းေစ်းႀကီးလြန္းၿပီး မင္းလည္း ေမာင္းႏိုင္မွာမဟုတ္ဘူးလို႔ပဲ ေျပာလိမ့္မယ္။ အဲဒီအတိုင္းပါပဲ။ ဒီကေလးက အဲဒီက်ရင္ သူ႔တစ္ဘဝလုံး မေပ်ာ္မ႐ႊင္ျဖစ္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ သူ ဖယ္ရာရီမရႏိုင္လို႔ပါ။ အဲဒါက တကယ္ကို ဝမ္းနည္းစရာဘဝျဖစ္ပါလိမ့္မယ္”

“အဲဒါက ခင္ဗ်ား လုပ္ႏိုင္တာ ဘာလဲဆိုတာနဲ႔ ခင္ဗ်ား လုပ္ႏိုင္တာကို လုပ္ဖို႔ပါ။ တျခားဘာမွ ေျပာစရာမရွိပါဘူး။ အဲဒါက ကြၽန္ေတာ္ အၿမဲတမ္း အလုပ္လုပ္ခဲ့တဲ့ ပုံစံပါ။ ကြၽန္ေတာ္ လိုခ်င္တာမွန္သမွ်၊ ကြၽန္ေတာ္တို႔ လိုအပ္တာဆိုရင္ အဲဒါကို ရဖို႔ အရာအားလုံးကို ရေအာင္ က်ိန္းေသေပါက္ ႀကိဳးပမ္းမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ မျဖစ္ႏိုင္ဘူးလို႔လက္ခံရတဲ့အခိုက္အတန႔္ေတြလည္း ရွိပါတယ္။ အဲဒီက်ရင္ ခင္ဗ်ား လက္ေရွာင္လိုက္ၿပီး မတူညီတဲ့အရာကို လုပ္႐ုံပါပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.