Premier League

မာတီနက်ဇ်ငိုနေရင် တကယ်အခြေအနေဆိုးနေပြီလို့ ယုံကြည်နေတဲ့ ပရိသတ်များ

လီဆန်ဒရို မာတီနက်ဇ်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ဆီဗီလာကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုကို လွှင့်ပစ်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး ၂ ပွဲမှာ အဲဗာတန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို အနိုင်ရရှိခဲ့ပြီးနောက် ၎င်းတို့ရဲ့ နိုင်ပွဲစံချိန်ကို ရှေ့ဆက်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ဆီဗီလာအသင်းက ဂျော့ဂျ် ဆန်ပါအိုလီ ထုတ်ပယ်ခံရမှုဆီ ဦးတည်ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ဆိုးရွားစွာစတင်ခဲ့ပြီးနောက် တန်းဆင်းရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကြာသပတေးနေ့ညမှာ အဲရစ် တန်ဟက်ရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်လျင်မြန်မြန်ပဲ စတင်နိုင်ခဲ့ပြီး ၂၁ မိနစ်အကြာမှာ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ မာဆယ် ဆာဘစ်ဇာရဲ့ ၇ မိနစ် အတွင်း သွင်းဂိုး ၂ ဂိုးကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာဟာ ပထမပိုင်းမပြီးဆုံးခင်မှာ ပွဲစဉ်အတွင်း ပြနလည်ဝင်ရောက်နိုင်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားက တန်ဂိုင်း နီယန်ဇူးရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်ဟာ သက်တောင့်သက်သာ ရှိနေခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဆီဗီလာအသင်းက ၈၃ မိနစ်မှာ တိုင်ရဲလ် မာလာစီယာက ဘောလုံးရှင်းထုတ်ဖို့ ကြိုးပမ်းရင်း ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိခဲ့တာကြောင့် ချေပဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရာအားလုံး ပိုပြီးဆိုးရွားသွားစေခဲ့တာက လီဆန်ဒရို မာတီနက်ဇ် ဒဏ်ရာရရှိသွားမှုဖြစ်ပြီး ဆီဗီလာက အာဂျင်တီးနားအသင်းဖော်တွေက မျက်ရည်စက်လက်ဖြစ်နေတဲ့ မန်ယူနိုက်တက်နောက်ခံလူကို ကွင်းပြင်ပကို ထွက်နိုင်အောင် ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက အာဂျင်တီးနားနောက်ခံလူရဲ့ ဖြစ်စဉ်ကို အလျင်အမြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တစ်ဦး “မာတီနက်ဇ်ရဲ့ရာသီက ပြီးသွားပြီ။ ကျိန်းသေပေါက် ဖနောင့်ကြောဒဏ်ရာရသွားပြီ။”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အင်း ဒါက ကပ်ဆိုးဆိုက်တာပဲ။ မာတီနက်ဇ်က ဆိုးရွားတဲ့ဒဏ်ရာရသွားပုံပေါ်ပြီး မျက်ရည်တွေ ကျခဲ့တယ်။ ဗာရွမ်းလည်း လူစားလဲခံခဲ့ရတယ်။ ရက်ရှ်ဖို့ဒ်လည်း လွဲချော်နေတယ်။ ဒါက ရာသီက ပြီးဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္က ဆီဗီလာကို ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈကို လႊင့္ပစ္ခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ မ်က္ရည္ေတြနဲ႔ ကြင္းထဲကေန ထြက္ခြာခဲ့ရပါတယ္။

ဆီဗီလာနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ဆုံး ၂ ပြဲမွာ အဲဗာတန္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ၎တို႔ရဲ႕ ႏိုင္ပြဲစံခ်ိန္ကို ေရွ႕ဆက္ဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ဆီဗီလာအသင္းက ေဂ်ာ့ဂ်္ ဆန္ပါအိုလီ ထုတ္ပယ္ခံရမႈဆီ ဦးတည္ခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ဆိုး႐ြားစြာစတင္ခဲ့ၿပီးေနာက္ တန္းဆင္းရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညမွာ အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ လ်င္လ်င္ျမန္ျမန္ပဲ စတင္ႏိုင္ခဲ့ၿပီး ၂၁ မိနစ္အၾကာမွာ ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ မာဆယ္ ဆာဘစ္ဇာရဲ႕ ၇ မိနစ္ အတြင္း သြင္းဂိုး ၂ ဂိုးေၾကာင့္ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆီဗီလာဟာ ပထမပိုင္းမၿပီးဆုံးခင္မွာ ပြဲစဥ္အတြင္း ျပနလည္ဝင္ေရာက္ႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားက တန္ဂိုင္း နီယန္ဇူးရဲ႕ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ သက္ေတာင့္သက္သာ ရွိေနခဲ့ပုံေပၚခဲ့ေပမယ့္လည္း ဆီဗီလာအသင္းက ၈၃ မိနစ္မွာ တိုင္ရဲလ္ မာလာစီယာက ေဘာလုံးရွင္းထုတ္ဖို႔ ႀကိဳးပမ္းရင္း ကိုယ့္ဂိုး ကိုယ္ျပန္သြင္းမိခဲ့တာေၾကာင့္ ေခ်ပဂိုး ေပးခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အရာအားလုံး ပိုၿပီးဆိုး႐ြားသြားေစခဲ့တာက လီဆန္ဒ႐ို မာတီနက္ဇ္ ဒဏ္ရာရရွိသြားမႈျဖစ္ၿပီး ဆီဗီလာက အာဂ်င္တီးနားအသင္းေဖာ္ေတြက မ်က္ရည္စက္လက္ျဖစ္ေနတဲ့ မန္ယူႏိုက္တက္ေနာက္ခံလူကို ကြင္းျပင္ပကို ထြက္ႏိုင္ေအာင္ ကူညီေပးခဲ့ၾကတာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက အာဂ်င္တီးနားေနာက္ခံလူရဲ႕ ျဖစ္စဥ္ကို အလ်င္အျမန္ပဲ တုံ႔ျပန္ခဲ့ၾကတာျဖစ္ၿပီး ပရိသတ္တစ္ဦး “မာတီနက္ဇ္ရဲ႕ရာသီက ၿပီးသြားၿပီ။ က်ိန္းေသေပါက္ ဖေနာင့္ေၾကာဒဏ္ရာရသြားၿပီ။”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အင္း ဒါက ကပ္ဆိုးဆိုက္တာပဲ။ မာတီနက္ဇ္က ဆိုး႐ြားတဲ့ဒဏ္ရာရသြားပုံေပၚၿပီး မ်က္ရည္ေတြ က်ခဲ့တယ္။ ဗာ႐ြမ္းလည္း လူစားလဲခံခဲ့ရတယ္။ ရက္ရွ္ဖို႔ဒ္လည္း လြဲေခ်ာ္ေနတယ္။ ဒါက ရာသီက ၿပီးဆုံးသြားၿပီဆိုတဲ့အဓိပၸာယ္ပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.