Other Leagues

ရော်နယ်လ်ဒိုနဲ့ ပြဿနာတက်ပြီးနောက် ထုတ်ပယ်ခံခဲ့ရတဲ့ ရူဒီ ဂါစီယာ

အယ်လ်နာဆာအသင်းဟာ ရော်နယ်လ်ဒိုနဲ့ ပြဿနာတက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် တစ်ရက်အကြာမှာပဲ ရူဒီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အယ်လ် နာဆာအသင်းက နည်းပြ ရူဒီ ဂါစီယာကို ကြာသပတေးနေ့မှာ ရာထူးကနေ အနားပေးလိုက်တဲ့အကြောင်းကို တိုတိုတုတ်တုတ်ပဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြီး အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။

“အယ်လ်နာဆာအနေနဲ့ နည်းပြချုပ် ရူဒီ ဂါစီယာဟာ နှစ်ဦးသဘောတူ အသင်းကို စွန့်ခွာသွားခဲ့ပြီဆိုတာကို ကြေညာပါတယ်။ ဘုတ်အဖွဲ့နဲ့ အယ်လ်နာဆာက လူတွေအားလုံးအနေနဲ့ ရူဒီနဲ့ ၎င်းရဲ့ နည်းပြအဖွဲ့ကို ပြီးခဲ့တဲ့ ၈ လအတွင်း စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ချင်ပါတယ်။ ”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဂါစီယာဟာ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အသင်းကို စွန့်ခွာခဲ့ရတာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ် ဖေဟာနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအပြီးမှာ နည်းပြရဲ့ နည်းဗျူဟာချဉ်းကပ်ပုံကို မပျော်မရွှင်ဖြစ်ခဲ့တာကြောင့် ဥမင်ထဲကို ဒေါသတကြီး ဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဂါစီယာဟာ ရမှတ်လျော့ကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားတွေကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်မကျေနပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီးနောက် လက်ရှိမှာတော့ နည်းပြရာထူးကနေ အနားပေးခံလိုက်ရပြီဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကို ဒင်ကို ဂျီလီရှစ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ အယ်လ် ဟီလာလ်အသင်းနဲ့ ဆော်ဒီ ပရိုလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာအသင္းဟာ ေရာ္နယ္လ္ဒိုနဲ႔ ျပႆနာတက္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚၿပီးေနာက္ တစ္ရက္အၾကာမွာပဲ ႐ူဒီ ဂါစီယာကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အယ္လ္ နာဆာအသင္းက နည္းျပ ႐ူဒီ ဂါစီယာကို ၾကာသပေတးေန႔မွာ ရာထူးကေန အနားေပးလိုက္တဲ့အေၾကာင္းကို တိုတိုတုတ္တုတ္ပဲ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ၿပီး အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။

“အယ္လ္နာဆာအေနနဲ႔ နည္းျပခ်ဳပ္ ႐ူဒီ ဂါစီယာဟာ ႏွစ္ဦးသေဘာတူ အသင္းကို စြန႔္ခြာသြားခဲ့ၿပီဆိုတာကို ေၾကညာပါတယ္။ ဘုတ္အဖြဲ႕နဲ႔ အယ္လ္နာဆာက လူေတြအားလုံးအေနနဲ႔ ႐ူဒီနဲ႔ ၎ရဲ႕ နည္းျပအဖြဲ႕ကို ၿပီးခဲ့တဲ့ ၈ လအတြင္း စိတ္အားထက္သန္စြာ လုပ္ေဆာင္ခဲ့မႈေတြအတြက္ ေက်းဇူးတင္ခ်င္ပါတယ္။ ”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဂါစီယာဟာ ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာ အသင္းကို စြန႔္ခြာခဲ့ရတာျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးဟာ အယ္လ္ ေဖဟာနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ နည္းျပရဲ႕ နည္းဗ်ဴဟာခ်ဥ္းကပ္ပုံကို မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာေၾကာင့္ ဥမင္ထဲကို ေဒါသတႀကီး ဆင္းသြားခဲ့တာျဖစ္ပါတယ္။

ဂါစီယာဟာ ရမွတ္ေလ်ာ့က်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ကစားသမားေတြကို ေဒါသတႀကီး ျပစ္တင္ေဝဖန္ခဲ့ၿပီး ၎တို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိတ္မေက်နပ္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ နည္းျပရာထူးကေန အနားေပးခံလိုက္ရၿပီျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းကို ဒင္ကို ဂ်ီလီရွစ္က တာဝန္ယူကိုင္တြယ္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းဟာ လာမယ့္ အဂၤါေန႔မွာ အယ္လ္ ဟီလာလ္အသင္းနဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.