La Liga

မက်ဆီက သူ့ကို ဘောလုံးနတ်ဘုရားလိုကြည့်နေခဲ့တယ်လို့ ပြောပြခဲ့တဲ့ အေးဂျင့်

လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းဆီ ခေါ်ယူခဲ့တဲ့ အေးဂျင့် ဂျိုးဆက် မင်ဂယ်ညာက အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ရီကွယ်မီးကို ဘယ်လိုမျိုး မြင်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်ဂယ်ညာဟာ အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီ ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံး တွေ့ဆုံခဲ့တဲ့အချိန်တုန်းက အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ စားပွဲအောက်ခြေမှာ ထိုင်ပြီး ရီကွယ်မီးကို နတ်ဘုရားလိုမျိုး ကြည့်နေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

မင်ဂယ်ညာက ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဟာ ဘိုကာ ဂျူနီယာဂန္တဝင်ကို ၎င်းရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ရှုမြင်ခဲ့တယ်လို့ ယုံကြည်နေပြီး အဲဒီတုန်းက အဖြစ်အပျက်ကို INFOBAE နဲ့ တွေ့ဆုံရာမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့တွေ ကျွန်တော့်အိမ်မှာ အကင်ကင်စားကြတဲ့အချိန်ဆို တစ်ခါတလေ လီယိုက အိမ်ကို ရောက်လာတတ်တယ်။ ကျွန်တော် မှတ်မိနေတာက တစ်ခါမှာ ရီကွယ်မီးနဲ့ တခြားကစားသမားအချို့ ရောက်လာခဲ့ကြတုန်းက အဖြစ်အပျက်ကိုပါ။ ကျွန်တော်တို့ အဲဒီညနေမှာ အကင် ကင်စားခဲ့ကြပြီး ကျွန်တော် သူ စားပွဲအောက်ခြေလေးမှာ ထိုင်ပြီး ရီကွယ်မီးကို သူ့ရဲ့ ဆံပင်တွေအောက်ကနေ ကြည့်နေတဲ့ပုံစံကို ခုထိ မြင်နေသေးတယ်”

“သူက သူ့ကို ဘောလုံးနတ်ဘုရားလိုမျိုးကို ကြည့်နေခဲ့တာဖြစ်ပြီး လီယိုက အဲဒီတုန်းက အသက် ၁၄ နှစ်သားပဲ ရှိပါသေးတယ်။ သူက လူငယ်အသင်းမှာ ကျောနံပါတ် ၁၀ ဖြစ်ခဲ့ပြီး ရီကွယ်မီးကတော့ ဘာစီလိုနာရဲ့ ကျောနံပါတ် ၁၀ ပါ။ အဲဒီတုန်းက ရီကွယ်မီးက ကြီးကျယ်ခမ်းနားတဲ့ကစားသမားဖြစ်ခဲ့ပေမယ့်လည်း မက်ဆီက အများကြီး ပိုကောင်းမွန်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ရီကွယ်မီးကို ဘယ်လောက်အထိ လေးစားအားကျလဲဆိုတာကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် ဘိုကာဂျူနီယာဂန္တဝင်ရဲ့ ကျော်ကြားတဲ့ Topo Gigio(လက်နှစ်ဖက်ကို နားနှစ်ဖက်ကို စွင့်ထားတဲ့အောင်ပွဲခံဟန်)အောင်ပွဲခံပုံအတိုင်း လုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ တစ်ခါတုန်းက အဲဒီအောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း လူးဝစ္စ ဗန်ဟားလ်ကို သတင်းစကားပေးပို့ခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ ရီကွယ်မီး နူးကမ့်ကို ပြောင်းရွှေ့ခဲ့ချိန်တုန်းက နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဗန်ဟားလ်က ရီကွယ်မီး ကစားနေကျမဟုတ်တဲ့ နေရာမှာ ကစားခိုင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက အာဂျင်တီးနားပရိသတ်တွေဟာ ဒတ်ချ်လူမျိုးနည်းပြကို ဒေါသထွက်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်ယူနိုက်တက်နည်းပြဟောင်းကို အာဂျင်တီးနားသားတွေက ခွင့်မလွှတ်ဘူးဆိုတာကို ပြသဖို့ အခွင့်အရေးကို အသုံးချခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီကို ဘာစီလိုနာအသင္းဆီ ေခၚယူခဲ့တဲ့ ေအးဂ်င့္ ဂ်ိဳးဆက္ မင္ဂယ္ညာက အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ ရီကြယ္မီးကို ဘယ္လိုမ်ိဳး ျမင္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

မင္ဂယ္ညာဟာ အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ပထမဆုံး ေတြ႕ဆုံခဲ့တဲ့အခ်ိန္တုန္းက အျဖစ္အပ်က္ကို ျပန္ေျပာင္း ေျပာျပခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ စားပြဲေအာက္ေျခမွာ ထိုင္ၿပီး ရီကြယ္မီးကို နတ္ဘုရားလိုမ်ိဳး ၾကည့္ေနခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မင္ဂယ္ညာက ၂၀၂၂ ကမာၻ႔ဖလား ခ်န္ပီယံဟာ ဘိုကာ ဂ်ဴနီယာဂႏၲဝင္ကို ၎ရဲ႕ စံျပပုဂၢိဳလ္အျဖစ္ ရႈျမင္ခဲ့တယ္လို႔ ယုံၾကည္ေနၿပီး အဲဒီတုန္းက အျဖစ္အပ်က္ကို INFOBAE နဲ႔ ေတြ႕ဆုံရာမွာ ေျပာျပခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ေတြ ကြၽန္ေတာ့္အိမ္မွာ အကင္ကင္စားၾကတဲ့အခ်ိန္ဆို တစ္ခါတေလ လီယိုက အိမ္ကို ေရာက္လာတတ္တယ္။ ကြၽန္ေတာ္ မွတ္မိေနတာက တစ္ခါမွာ ရီကြယ္မီးနဲ႔ တျခားကစားသမားအခ်ိဳ႕ ေရာက္လာခဲ့ၾကတုန္းက အျဖစ္အပ်က္ကိုပါ။ ကြၽန္ေတာ္တို႔ အဲဒီညေနမွာ အကင္ ကင္စားခဲ့ၾကၿပီး ကြၽန္ေတာ္ သူ စားပြဲေအာက္ေျခေလးမွာ ထိုင္ၿပီး ရီကြယ္မီးကို သူ႔ရဲ႕ ဆံပင္ေတြေအာက္ကေန ၾကည့္ေနတဲ့ပုံစံကို ခုထိ ျမင္ေနေသးတယ္”

“သူက သူ႔ကို ေဘာလုံးနတ္ဘုရားလိုမ်ိဳးကို ၾကည့္ေနခဲ့တာျဖစ္ၿပီး လီယိုက အဲဒီတုန္းက အသက္ ၁၄ ႏွစ္သားပဲ ရွိပါေသးတယ္။ သူက လူငယ္အသင္းမွာ ေက်ာနံပါတ္ ၁၀ ျဖစ္ခဲ့ၿပီး ရီကြယ္မီးကေတာ့ ဘာစီလိုနာရဲ႕ ေက်ာနံပါတ္ ၁၀ ပါ။ အဲဒီတုန္းက ရီကြယ္မီးက ႀကီးက်ယ္ခမ္းနားတဲ့ကစားသမားျဖစ္ခဲ့ေပမယ့္လည္း မက္ဆီက အမ်ားႀကီး ပိုေကာင္းမြန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး ရီကြယ္မီးကို ဘယ္ေလာက္အထိ ေလးစားအားက်လဲဆိုတာကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္းဘက္ကို ဂိုးသြင္းယူၿပီးေနာက္ ဘိုကာဂ်ဴနီယာဂႏၲဝင္ရဲ႕ ေက်ာ္ၾကားတဲ့ Topo Gigio(လက္ႏွစ္ဖက္ကို နားႏွစ္ဖက္ကို စြင့္ထားတဲ့ေအာင္ပြဲခံဟန္)ေအာင္ပြဲခံပုံအတိုင္း လုပ္ေဆာင္ျပခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ တစ္ခါတုန္းက အဲဒီေအာင္ပြဲခံဟန္ကို ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္လည္း လူးဝစၥ ဗန္ဟားလ္ကို သတင္းစကားေပးပို႔ခဲ့တာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ရီကြယ္မီး ႏူးကမ့္ကို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္တုန္းက နည္းျပအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဗန္ဟားလ္က ရီကြယ္မီး ကစားေနက်မဟုတ္တဲ့ ေနရာမွာ ကစားခိုင္းခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက အာဂ်င္တီးနားပရိသတ္ေတြဟာ ဒတ္ခ်္လူမ်ိဳးနည္းျပကို ေဒါသထြက္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီက ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ မန္ယူႏိုက္တက္နည္းျပေဟာင္းကို အာဂ်င္တီးနားသားေတြက ခြင့္မလႊတ္ဘူးဆိုတာကို ျပသဖို႔ အခြင့္အေရးကို အသုံးခ်ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.