La Liga

ရီးရဲလ်ကြယ်ပွင့်ကို တစ်နှစ်ယူရို ၉ သန်းနဲ့ ကမ်းလှမ်းချင်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် အဆန်စီယိုသာ ဘာနေဗျူးကို စွန့်ခွာခဲ့မယ်ဆိုရင် တစ်နှစ်ကို ယူရို ၉ သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ El Nacional က ဖော်ပြခဲ့ပါတယ်။

အဆန်စီယိုဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးလထဲကို ရောက်ရှိနေသူဖြစ်ပြီး ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကို စွန့်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အဆန်စီယိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိသေးတာကြောင့် စပိန်ကြယ်ပွင့်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေဆဲ ဖြစ်ပြီး ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကို ဇန်နဝါရီတုန်းက ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့အမှန်တကယ် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ၎င်းတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီး အသက် ၂၇ နှစ်အရွယ် စပိန်ကြယ်ပွင့်ကို ကြီးမားတဲ့ လစာပမာဏကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်း ကမ်းလှမ်းမယ့် လစာပမာဏဟာ ရီးရဲလ်မက်ဒရစ်မှာ လက်ရှိ အဆန်စီယို ရရှိနေတဲ့ လစာပမာဏအတိုင်းပဲ ဖြစ်ပြီး စပိန်တောင်ပံကစားသမားဟာ ၂၀၁၅ ခုနှစ်မှာ ဘာနေဗျူးကို ရောက်ရှိလာပြီးကတည်းက ၂၇၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၈ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲလ္မက္ဒရစ္ေတာင္ပံၾကယ္ပြင့္ အဆန္စီယိုသာ ဘာေနဗ်ဴးကို စြန႔္ခြာခဲ့မယ္ဆိုရင္ တစ္ႏွစ္ကို ယူ႐ို ၉ သန္းနဲ႔ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ El Nacional က ေဖာ္ျပခဲ့ပါတယ္။

အဆန္စီယိုဟာ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးလထဲကို ေရာက္ရွိေနသူျဖစ္ၿပီး ယခုေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းကို စြန႔္ခြာဖြယ္ရွိေနတာ ျဖစ္ပါတယ္။

အဆန္စီယိုဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိေသးတာေၾကာင့္ စပိန္ၾကယ္ပြင့္ရဲ႕ အနာဂတ္ဟာ မေရမရာျဖစ္ေနဆဲ ျဖစ္ၿပီး ပီအက္စ္ဂ်ီက ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ကို ဇန္နဝါရီတုန္းက ေခၚယူဖို႔ သတင္းထြက္ခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕အမွန္တကယ္ ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ ၎တို႔ရဲ႕ စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းဖို႔ အဆင္သင့္ျဖစ္ေနၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ စပိန္ၾကယ္ပြင့္ကို ႀကီးမားတဲ့ လစာပမာဏကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္း ကမ္းလွမ္းမယ့္ လစာပမာဏဟာ ရီးရဲလ္မက္ဒရစ္မွာ လက္ရွိ အဆန္စီယို ရရွိေနတဲ့ လစာပမာဏအတိုင္းပဲ ျဖစ္ၿပီး စပိန္ေတာင္ပံကစားသမားဟာ ၂၀၁၅ ခုႏွစ္မွာ ဘာေနဗ်ဴးကို ေရာက္ရွိလာၿပီးကတည္းက ၂၇၃ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၃၀ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.