Other Leagues

ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး မှားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အယ်လ်နာဆာဂန္တဝင်

အယ်လ်နာဆာဂန္တဝင် ဟူစိန် အဗ္ဗဒူလ်ဂါနီက ဆော်ဒီ အာရေဗျကလပ်အသင်းကို ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့ချိန်တုန်းက ၎င်းရဲ့ အကဲဖြတ်မှုဟာ မှားယွင်းသွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အယ်လ်နာဆာကို ၂ နှစ် ခွဲစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ကို ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ အယ်လ်နာဆာ ဂန္တဝင်က ပေါ်တူဂီကြယ်ပွင့်ဟာ ရီယက်ဒ်အခြေစိုက် အသင်းကို ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အကျိုးရှိစေမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ရော်နယ်လ်ဒိုက အယ်လ်နာဆာအတွက် အသုံးဝင်မှာမဟုတ်ပါဘူး။ စျေးကွက်မြှင့်တင်ရေးမှာရော နည်းစနစ်ပိုင်းမှာပါ အသုံးမဝင်နိင်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းက ရော်နယ်လ်ဒိုကို အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက အဗ္ဗဒူလ်ဂါနီက “ရော်နယ်လ်ဒိုကို ခေါ်ယူတဲ့ အဓိကပန်းတိုင်က နည်းစနစ်ပိုင်း မဟုတ်ဘူး”လို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြိုင်ပွဲစုံမှာ အသင်းအတွက် ၂ ပွဲပါဝင်ကစားပေးခဲ့ပြီးနောက် ဖေဖော်ဝါရီလအထိ အယ်လ်နာဆာ ဂန္တဝင်က “ရော်နယ်လ်ဒိုရဲ့အဆင့်အတန်းက ယုံကြည်စရာမရှိသေးဘူး”လို့ ၎င်းရဲ့ ရပ်တည်ချက်အတိုင်း အခိုင်အမာ ပြောဆိုနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ အယ်လ်နာဆာအတွက် ၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို တည်ရှိနေမှုကြောင့် ဆော်ဒီ ပရိုလိဂ်ကလပ်ရဲ့ ပုံရိပ်ဟာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ မြင့်တက်လာခဲ့တာကို မြင်တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ အယ်လ်နာဆာဂန္တဝင်က ၎င်းရဲ့ စောစီးစွာ အကဲဖြတ်မှုက မှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ရတာဖြစ်ပါတယ်။

“ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရမ်းကောင်းတဲ့ ကစားသမားပါ။ ထင်ခဲ့မိတာက သူ့အနေနဲ့ အယ်လ်နာဆာအတွက် စိတ်ဆန္ဒပြင်းပြမှု မရှိလောက်ဘူးလို့ပါ။ ဒါပေမယ့် အခုတော့ သူက အသင်းအတွက် အများကြီး ပေးနိုင်တာတွေ ရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာဂႏၲဝင္ ဟူစိန္ အဗၺဒူလ္ဂါနီက ေဆာ္ဒီ အာေရဗ်ကလပ္အသင္းကို ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေျပာင္းေ႐ႊ႕ခဲ့ခ်ိန္တုန္းက ၎ရဲ႕ အကဲျဖတ္မႈဟာ မွားယြင္းသြားခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လမ္းခြဲၿပီးေနာက္ အယ္လ္နာဆာကို ၂ ႏွစ္ ခြဲစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ကို ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ အယ္လ္နာဆာ ဂႏၲဝင္က ေပၚတူဂီၾကယ္ပြင့္ဟာ ရီယက္ဒ္အေျခစိုက္ အသင္းကို ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ အက်ိဳးရွိေစမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ေရာ္နယ္လ္ဒိုက အယ္လ္နာဆာအတြက္ အသုံးဝင္မွာမဟုတ္ပါဘူး။ ေစ်းကြက္ျမႇင့္တင္ေရးမွာေရာ နည္းစနစ္ပိုင္းမွာပါ အသုံးမဝင္နိင္ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အယ္လ္နာဆာအသင္းက ေရာ္နယ္လ္ဒိုကို အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက အဗၺဒူလ္ဂါနီက “ေရာ္နယ္လ္ဒိုကို ေခၚယူတဲ့ အဓိကပန္းတိုင္က နည္းစနစ္ပိုင္း မဟုတ္ဘူး”လို႔ ေျပာဆိုခဲ့တာ ျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၿပိဳင္ပြဲစုံမွာ အသင္းအတြက္ ၂ ပြဲပါဝင္ကစားေပးခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလအထိ အယ္လ္နာဆာ ဂႏၲဝင္က “ေရာ္နယ္လ္ဒိုရဲ႕အဆင့္အတန္းက ယုံၾကည္စရာမရွိေသးဘူး”လို႔ ၎ရဲ႕ ရပ္တည္ခ်က္အတိုင္း အခိုင္အမာ ေျပာဆိုေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ အယ္လ္နာဆာအတြက္ ၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို တည္ရွိေနမႈေၾကာင့္ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ရဲ႕ ပုံရိပ္ဟာ ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ ျမင့္တက္လာခဲ့တာကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ အယ္လ္နာဆာဂႏၲဝင္က ၎ရဲ႕ ေစာစီးစြာ အကဲျဖတ္မႈက မွားယြင္းခဲ့ေၾကာင္း ဝန္ခံခဲ့ရတာျဖစ္ပါတယ္။

“ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အရမ္းေကာင္းတဲ့ ကစားသမားပါ။ ထင္ခဲ့မိတာက သူ႔အေနနဲ႔ အယ္လ္နာဆာအတြက္ စိတ္ဆႏၵျပင္းျပမႈ မရွိေလာက္ဘူးလို႔ပါ။ ဒါေပမယ့္ အခုေတာ့ သူက အသင္းအတြက္ အမ်ားႀကီး ေပးႏိုင္တာေတြ ရွိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.