Premier League

ဗန်ဒိုက်နဲ့ ဗီဒစ်အငြင်းအခုံကို အဖြေပေးခဲ့တဲ့ ဆီဗက်စတြာ

မန်ယူနိုက်တက်နဲ့ အာဆင်နယ်နောက်ခံလူဟောင်း ဆီဗက်စတြာက လီဗာပူးလ်ကြယ်ပွင့် ဗန်ဒိုက်က မန်ယူနိုက်တက်ဂန္တဝင် နီမန်ညာ ဗီဒစ်ထက် ပိုမိုကောင်းမွန်တဲ့ကစားသမားလားဆိုတဲ့ အငြင်းအခုံမှာ ၎င်းရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ဗဟိုခံစစ်ကစားသမား ၂ ဦးစလုံးဟာ ပရီးမီးယားလိဂ်မှာ မြင်တွေ့ခဲ့ဖူးသမျှထဲကအကောင်းဆုံးကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး ၎င်းတို့ ၂ ဦးပေါင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ပြည်တွင်းဖလား ၅ ကြိမ်အထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မကြာသေးမီက လီဗာပူးလ်ဂန္တဝင် ကာရေဂါရဲ့ ဗန်ဒိုက်ဟာ ဗီဒစ်ထက် အပုံကြီးကောင်းတယ်ဆိုတဲ့ ပြောကြားချက်က အပြင်းအထန် ငြင်းခုံစရာကိစ္စဖြစ်လာခဲ့တာဖြစ်ပြီး ဆားဘီးယားနောက်ခံလူရဲ့ အသင်းဖော်ဟောင်း ရီယို ဖာဒီနန်ကအရင်ဆုံး တုံ့ပြန်ခဲ့သူ ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆီဗက်စတြာက အဲဒီအငြင်းအခုံထဲမှာ ပါဝင်လာခဲ့ပြီဖြစ်ပေမယ့် ဘယ်သူ့ဘက်မှ မပါခဲ့ဘဲ နောက်ခံကစားသမား ၂ ဦးစလုံးကို ချီးကျူးခဲ့ပြီး အထူးသဖြင့် ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အတူတူ ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဗီဒစ်ကို ချီးကျူးခဲ့ပါတယ်။

“ခင်ဗျား နီမန်ညာ မာတစ်နဲ့ ဗန်ဒိုက်တို့ကို တူညီတဲ့ အဆင့်အတန်းမှာ ထားနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဗဟိုခံစစ်ကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ အဓိကအလုပ်က ခုခံကာကွယ်ဖို့ပဲ။ ခင်ဗျား ပြန်လည်ဆယ်ယူမှု၊ ပိတ်ဆို့မှု၊ ကြားဝင်ဖျက်ထုတ်မှုတွေလိုမျိုးအရာတွေကို ကြည့်လိုက်ရင် သူတို့တွေက ကိန်းဂဏန်းအရ တူညီလိမ့်မယ်လို့ ထင်တယ်။ သူတို့တွေက မတူညီတဲ့ ခံစစ်ကစားဟန်ရှိကြပါတယ်”

“ဗန်ဒိုက်က ကြိုမြင်နိုင်တယ်။ ဗီဒစ်က တစ်ယောက်ချင်းစီမှာပိုကောင်းတယ်။ အဲဒါတွေက အဓိကကွာခြားချက်တွေပါ။ သူတို့ ၂ ဦးစလုံးက ဘောလုံးနဲ့ အရမ်းကောင်းမွန်ပြီး ပွဲဖတ်ရာမှာလည်း တော်တယ်။ မတူညီတဲ့ကစားဟန်ဖြစ်ပေမယ့် နှစ်ဦးစလုံးက အရမ်းကို အကျိုးသက်ရောက်မှုရှိပြီး အရမ်းကောင်းတဲ့နောက်ခံလူတွေပါ။ ဗီဒစ်က သူ့ရဲ့ ထိပ်တန်းအချိန်မှာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေအတွက် ကစားပေးနိုင်တယ်။ ရီးရဲလ်၊ ဂျူဗင်တပ်တို့လို အသင်းတွေအတွက်ကစားပေးနိုင်တယ်။ သူက မန်ချက်စတာယူနိုက်တက်အတွက် နှစ်ပေါင်းများစွာ ကစားပေးခဲ့ပြီး သူတို့တွေ အဲဒီအချိန်တုန်းက ခံစစ်မှာ အလွန်အမင်း အားကောင်းခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ယူႏိုက္တက္နဲ႔ အာဆင္နယ္ေနာက္ခံလူေဟာင္း ဆီဗက္စၾတာက လီဗာပူးလ္ၾကယ္ပြင့္ ဗန္ဒိုက္က မန္ယူႏိုက္တက္ဂႏၲဝင္ နီမန္ညာ ဗီဒစ္ထက္ ပိုမိုေကာင္းမြန္တဲ့ကစားသမားလားဆိုတဲ့ အျငင္းအခုံမွာ ၎ရဲ႕ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။

ဗဟိုခံစစ္ကစားသမား ၂ ဦးစလုံးဟာ ပရီးမီးယားလိဂ္မွာ ျမင္ေတြ႕ခဲ့ဖူးသမွ်ထဲကအေကာင္းဆုံးကစားသမားေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ၎တို႔ ၂ ဦးေပါင္း ပရီးမီးယားလိဂ္ဖလား ၆ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္၊ ျပည္တြင္းဖလား ၅ ႀကိမ္အထိ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မၾကာေသးမီက လီဗာပူးလ္ဂႏၲဝင္ ကာေရဂါရဲ႕ ဗန္ဒိုက္ဟာ ဗီဒစ္ထက္ အပုံႀကီးေကာင္းတယ္ဆိုတဲ့ ေျပာၾကားခ်က္က အျပင္းအထန္ ျငင္းခုံစရာကိစၥျဖစ္လာခဲ့တာျဖစ္ၿပီး ဆားဘီးယားေနာက္ခံလူရဲ႕ အသင္းေဖာ္ေဟာင္း ရီယို ဖာဒီနန္ကအရင္ဆုံး တုံ႔ျပန္ခဲ့သူ ျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဆီဗက္စၾတာက အဲဒီအျငင္းအခုံထဲမွာ ပါဝင္လာခဲ့ၿပီျဖစ္ေပမယ့္ ဘယ္သူ႔ဘက္မွ မပါခဲ့ဘဲ ေနာက္ခံကစားသမား ၂ ဦးစလုံးကို ခ်ီးက်ဴးခဲ့ၿပီး အထူးသျဖင့္ ၂၀၀၆ ခုႏွစ္ကေန ၂၀၀၈ ခုႏွစ္အထိ အတူတူ ကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္း ဗီဒစ္ကို ခ်ီးက်ဴးခဲ့ပါတယ္။

“ခင္ဗ်ား နီမန္ညာ မာတစ္နဲ႔ ဗန္ဒိုက္တို႔ကို တူညီတဲ့ အဆင့္အတန္းမွာ ထားႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဗဟိုခံစစ္ကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ားရဲ႕ အဓိကအလုပ္က ခုခံကာကြယ္ဖို႔ပဲ။ ခင္ဗ်ား ျပန္လည္ဆယ္ယူမႈ၊ ပိတ္ဆို႔မႈ၊ ၾကားဝင္ဖ်က္ထုတ္မႈေတြလိုမ်ိဳးအရာေတြကို ၾကည့္လိုက္ရင္ သူတို႔ေတြက ကိန္းဂဏန္းအရ တူညီလိမ့္မယ္လို႔ ထင္တယ္။ သူတို႔ေတြက မတူညီတဲ့ ခံစစ္ကစားဟန္ရွိၾကပါတယ္”

“ဗန္ဒိုက္က ႀကိဳျမင္ႏိုင္တယ္။ ဗီဒစ္က တစ္ေယာက္ခ်င္းစီမွာပိုေကာင္းတယ္။ အဲဒါေတြက အဓိကကြာျခားခ်က္ေတြပါ။ သူတို႔ ၂ ဦးစလုံးက ေဘာလုံးနဲ႔ အရမ္းေကာင္းမြန္ၿပီး ပြဲဖတ္ရာမွာလည္း ေတာ္တယ္။ မတူညီတဲ့ကစားဟန္ျဖစ္ေပမယ့္ ႏွစ္ဦးစလုံးက အရမ္းကို အက်ိဳးသက္ေရာက္မႈရွိၿပီး အရမ္းေကာင္းတဲ့ေနာက္ခံလူေတြပါ။ ဗီဒစ္က သူ႔ရဲ႕ ထိပ္တန္းအခ်ိန္မွာ ကမာၻေပၚက အေကာင္းဆုံးအသင္းေတြအတြက္ ကစားေပးႏိုင္တယ္။ ရီးရဲလ္၊ ဂ်ဴဗင္တပ္တို႔လို အသင္းေတြအတြက္ကစားေပးႏိုင္တယ္။ သူက မန္ခ်က္စတာယူႏိုက္တက္အတြက္ ႏွစ္ေပါင္းမ်ားစြာ ကစားေပးခဲ့ၿပီး သူတို႔ေတြ အဲဒီအခ်ိန္တုန္းက ခံစစ္မွာ အလြန္အမင္း အားေကာင္းခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.