Premier League

အာဆင်နယ်ရဲ့အာတီတာအစီအစဉ်အတိုင်း ခြေရာလိုက်နင်းတော့မယ့် စပါးစ်

မန်ချက်စတာစီးတီးဂန္တဝင် ဗင်းဆင့် ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ကို ချန်ပီယံရှစ်ကနေ စံချိန်တင်အမြန်ဆုံး တန်းတက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးရဲ့ နံပါတ် ၁ ပစ်မှတ်ဖြစ်လာတယ်လို့ သိရပါတယ်။

မတ်လမှာ စပါးစ်အသင်းဟာ နည်းပြ ကွန်တီကို ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားပြိုင်ပွဲ ၂ ခုစလုံးကနေ ထွက်ခဲ့ရတဲ့အထိ ရလဒ်ဆိုးတွေ ပိုင်ဆိုင်ခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး အီတလီလူမျိုးနည်းပြဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးရင် ထွက်ခွာမယ်လို့ မျှော်မှန်းခြင်း ခံထားရပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းဟာ အီတလီလူမျိုးနည်းပြက ကစားသမားတွေနဲ့ အသင်းဘုတ်အဖွဲ့ကို ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲအပြီးမှာ လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်ပိုင်း စောစောစီးစီးပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ရှန် စတယ်လီနီနဲ့ ရိုင်ယန် မေဆန်တို့ဟာ လက်ရှိမှာ အသင်းကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ဒီကြားကာလအတွင်းမှာ ဒန်နီရယ် လီဗိုင်းဟာ အမြဲတမ်းနည်းပြသစ်ကို ရှာပုံတော်ဖွင့်နေတာဖြစ်ပြီး ဂျူလီယန် နာဂယ်စ်မန်း၊ ဘရန်ဒန် ရော့ဂျားစ်၊ ဂရေဟမ် ပေါ့တားနဲ့ ပိုချက်တီနိုတို့အပါအဝင် နည်းပြအများအပြား သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ထွက်ပေါ်လာတဲ့ နာမည်ကတော့ ဘန်လေအသင်းကို မကြာမီအချိန်အတွင်းမှာ ချန်ပီယံရှစ်ဖလား ကိုင်မြှောက်ပေးပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ကွန်ပနီဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဂန္တဝင်ဟာ လက်ရှိမှာ လီဗိုင်းရဲ့ တော့တင်ဟမ်ဟော့စပါးနည်းပြသစ်ရာထူးကို ဆက်ခံဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းတာဝန်ရှိသူတွေဟာ ဘန်လေအသင်းနဲ့အတူ အချိန်တိုအတွင်း ဘယ်လ်ဂျီယမ်နောက်ခံလူဟောင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်။

စပါးစ်တာဝန်ရှိသူတွေဟာ ဘန်လေကို ပထမဆုံးကိုင်တွယ်ရာမှာ ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ရုံသာမက ရှောင် ဒိုက်ချ် လက်အောက်မှာ ခံစစ်အသားပေးကစားတဲ့ ဘန်လေအသင်းရဲ့ ကစားဟန်ကို စိတ်လှုပ်ရှားစရာ တိုက်စစ်ကစားပုံနဲ့ ပွဲ ၄၀ မှာ ၇၈ ဂိုးအထိ သွင်းယူနိုင်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက်လည်း အထင်ကြီးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း ကွန်ပနီဟာ ဘန်လေကို ယခုလာမယ့်နွေရာသီမှာ လိုချင်တဲ့ အပြောင်းအရွှေ့ဘတ်ဂျက်ကို တောင်းဆိုလို့ ရမှာမဟုတ်တဲ့အတွက် အသင်းကို စွန့်ခွာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး စပါးစ်အသင်းက အခွင့်ကောင်းယူ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဂႏၲဝင္ ဗင္းဆင့္ ကြန္ပနီဟာ ဘန္ေလအသင္းကို ပရီးမီးယားလိဂ္ကို ခ်န္ပီယံရွစ္ကေန စံခ်ိန္တင္အျမန္ဆုံး တန္းတက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ နံပါတ္ ၁ ပစ္မွတ္ျဖစ္လာတယ္လို႔ သိရပါတယ္။

မတ္လမွာ စပါးစ္အသင္းဟာ နည္းျပ ကြန္တီကို ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလားၿပိဳင္ပြဲ ၂ ခုစလုံးကေန ထြက္ခဲ့ရတဲ့အထိ ရလဒ္ဆိုးေတြ ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ၿပီး အီတလီလူမ်ိဳးနည္းျပဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္ ထြက္ခြာမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အီတလီလူမ်ိဳးနည္းျပက ကစားသမားေတြနဲ႔ အသင္းဘုတ္အဖြဲ႕ကို ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ လူသိရွင္ၾကား ျပစ္တင္ေဝဖန္ခဲ့ၿပီးေနာက္ပိုင္း ေစာေစာစီးစီးပဲ လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ခရစ္ရွန္ စတယ္လီနီနဲ႔ ႐ိုင္ယန္ ေမဆန္တို႔ဟာ လက္ရွိမွာ အသင္းကို ယာယီနည္းျပအျဖစ္ ရာသီကုန္အထိ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ၿပီး အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။

ဒီၾကားကာလအတြင္းမွာ ဒန္နီရယ္ လီဗိုင္းဟာ အၿမဲတမ္းနည္းျပသစ္ကို ရွာပုံေတာ္ဖြင့္ေနတာျဖစ္ၿပီး ဂ်ဴလီယန္ နာဂယ္စ္မန္း၊ ဘရန္ဒန္ ေရာ့ဂ်ားစ္၊ ဂေရဟမ္ ေပါ့တားနဲ႔ ပိုခ်က္တီႏိုတို႔အပါအဝင္ နည္းျပအမ်ားအျပား သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ထြက္ေပၚလာတဲ့ နာမည္ကေတာ့ ဘန္ေလအသင္းကို မၾကာမီအခ်ိန္အတြင္းမွာ ခ်န္ပီယံရွစ္ဖလား ကိုင္ေျမႇာက္ေပးၿပီး လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ခြင့္ ရရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ ကြန္ပနီျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာစီးတီးဂႏၲဝင္ဟာ လက္ရွိမွာ လီဗိုင္းရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပသစ္ရာထူးကို ဆက္ခံဖို႔အတြက္ ပထမဦးစားေပးပစ္မွတ္အျဖစ္ သတ္မွတ္ခံထားရတယ္လို႔ သိရပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတာဝန္ရွိသူေတြဟာ ဘန္ေလအသင္းနဲ႔အတူ အခ်ိန္တိုအတြင္း ဘယ္လ္ဂ်ီယမ္ေနာက္ခံလူေဟာင္း ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြေၾကာင့္ အံ့အားသင့္ခဲ့ၾကတယ္လို႔ သိရပါတယ္။

စပါးစ္တာဝန္ရွိသူေတြဟာ ဘန္ေလကို ပထမဆုံးကိုင္တြယ္ရာမွာ ပရီးမီးယားလိဂ္ကို ျပန္လည္တက္လွမ္းႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့႐ုံသာမက ေရွာင္ ဒိုက္ခ်္ လက္ေအာက္မွာ ခံစစ္အသားေပးကစားတဲ့ ဘန္ေလအသင္းရဲ႕ ကစားဟန္ကို စိတ္လႈပ္ရွားစရာ တိုက္စစ္ကစားပုံနဲ႔ ပြဲ ၄၀ မွာ ၇၈ ဂိုးအထိ သြင္းယူႏိုင္ေအာင္ ေျပာင္းလဲေပးႏိုင္ခဲ့တဲ့အတြက္လည္း အထင္ႀကီးခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီလို ေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္လည္း ကြန္ပနီဟာ ဘန္ေလကို ယခုလာမယ့္ေႏြရာသီမွာ လိုခ်င္တဲ့ အေျပာင္းအေ႐ႊ႕ဘတ္ဂ်က္ကို ေတာင္းဆိုလို႔ ရမွာမဟုတ္တဲ့အတြက္ အသင္းကို စြန႔္ခြာႏိုင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚလာခဲ့ၿပီး စပါးစ္အသင္းက အခြင့္ေကာင္းယူ ေခၚယူသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.