Premier League

ဂန်းနားတွေနဲ့သတင်းထွက်နေတဲ့ ကွန်တေအတွက် ချဲလ်ဆီးကို သတင်းစကားပါးခဲ့တဲ့ မာလူဒါ

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖလောရန့် မာလူဒါက ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ကွန်တေကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ချဲလ်ဆီးကို တောင်းဆိုခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ယခုရာသီမှာ သေးငယ်တဲ့အခန်းကဏ္ဍကနေသာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ချန်ပီယံဟာ ပြိုင်ပွဲစုံမှာ ၅ ပွဲသာ ပါဝင်ကစားရသေးတာဖြစ်ပါတယ်။

ကွန်တေရဲ့ ကာလရှည် မပါဝင်နိုင်မှုက ချဲလ်ဆီးအသင်း ခြေစွမ်း ကျဆင်းသွားမှု နောက်ကွယ်က အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပြီး နည်းပြဟောင်း ဂရေဟမ် ပေါ့တားဟာ ပြင်သစ်ကွင်းလယ်လူကို ၎င်းရဲ့ ၇ လကြာကာလအတွင်း တစ်ကြိမ်သာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ကွန်တေဟာ ယခုလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ စာချု့ပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ လက္ခဏာတွေ ပြသနေပေမယ့်လည်း ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ကို အာဆင်နယ်အပါအဝင် အသင်းအများအပြားက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးရဲ့ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်မှု ကဏ္ဍပျောက်ဆုံးနေတာကြောင့် မာလူဒါက ပေါ့တားရဲ့ နေရာမှာ အမြဲတမ်း နည်းပြသစ်အဖြစ်ခန့်အပ်ခံရမယ့် ဘယ်လိုနည်းပြမဆို ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ထိန်းသိမ်းသွားရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေ(မောင့်နဲ့ ကွန်တေ)တို့က အသင်းရဲ့ ဒီအန်အေ အစိတ်အပိုင်းလို့ ကျွန်တော် ယုံကြည်တယ်။ သူတို့တွေက အသင်းမှာ ရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး အရမ်းအောင်မြင်ခဲ့ကြတယ် ။မေဆန် မောင့်က အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းကို အရမ်းချစ်မြတ်နိုးတယ်။ သူ့ရဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတာက ကျွန်တော့်အတွက်တော့ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းအတွက် အဓိကကျတဲ့အရာက ကစားသမားရဲ့ စွမ်းဆောင်ရည်အဆင့်အတန်းဖြစ်ပြီး သူက အမြဲတမ်း ချဲလ်ဆီးရှပ်နဲ့ အရာအားလုံးကို ပေးနေတာမို့လို့ပါ။ အမ်ဘာပေကို ဥပမာယူပါ။သူက ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်အချိန်မှာ စာချုပ်သစ် ချုပ်ခဲ့တယ်။ ခင်ဗျား တစ်နေရာရာမှာ ဆက်နေချင်တယ်ဆိုရင် ငွေရေးကြေးရေးက ပြဿနာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ အဲဒီအထဲက ခင်ဗျားရဲ့ အခန်းကဏ္ဍက အရေးကြီးတာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖလောရန့် မာလူဒါက ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ ကွန်တေကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ချဲလ်ဆီးကို တောင်းဆိုခဲ့ပါတယ်။