Premier League

ဂန်းနားတွေကို ဆုဖလားပြိုင်ပွဲမှာ မတော်တဆ အားသာချက်ပေးမိနိုင်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ ယခုအပတ် လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို ထူးဆန်းတဲ့ အားသာချက်မတော်တဆ လက်ဆောင်ပေးမိသလို ဖြစ်သွားနိုင်ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ရာသီမကုန်ခင်အထိ နောက်ထပ်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ဧပြီလ ၂၆ ရက်နေ့ အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဉ်ဟာ နိုင်သူ အကုန်ယူပွဲစဉ်ဖြစ်လာတော့မယ့်ပုံပေါ်ပြီး တစ်ပွဲကစားဖို့ ကျန်နေသေးတာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ အားကောင်းတဲ့အနေအထားမှာ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ဂန်းနားတွေက ဝက်စ်ဟမ်းကို ရင်ဆိုင်ဖို့ အရှေ့လန်ဒန်ကို ခရီးမထွက်ခင် စနေနေ့ညနေ အစ်တီဟတ်မှာ လက်စတာစီးတီးကို လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး မန်စီးတီးဟာ အာဆင်နယ်အပေါ်ကို ဖိအားတွေပေးသွားချင်နေမှာ သေချာပါတယ်။

မန်ချက်စတာစီးတီးအသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လက်စတာစီးတီးအသင်းဟာ တန်းဆင်းရမယ့် အလားအလာနဲ့ ပိုမိုနီးကပ်သွားမှာဖြစ်ပြီး တကယ်လို့ သင်သာ အယူသီးသူတစ်ယောက်ဆိုရင် အာဆင်နယ်အသင်းက လိဂ်ဖလားရဖို့ ပိုမိုနီးစပ်သွားမှာ ဖြစ်ပါတယ်။

လက်စတာစီးတီး တန်းဆင်းသွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂ ကြိမ်စလုံး အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားရရှိခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ လက်စတာစီးတီးဟာ လိဒ်စ်ယူနိုက်တက်၊ ဝုလ်ဗ်စ်တို့နဲ့အတူ ချန်ပီယံရှစ်ကို လိုက်သွားခဲ့ရချိန်မှာ ဂန်းနားတွေက မရှုံးနိမ့်နိုင်သောရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနှစ်မတိုင်ခင် ၂ နှစ်မှာ လက်စတာစီးတီးအသင်းဟာ အစ်ပ်စ်ဝှစ်ချ်၊ ဒါဘီကောင်တီတို့နဲ့အတူ တန်းဆင်းခဲ့ရတာဖြစ်ပြီး စီးတီးအနေနဲ့ မြေခွေးတွေကို အနိုင်ရခဲ့မယ်ဆိုရင် ချက်ချင်းကြီး တန်းဆင်းသွားစေမှာမဟုတ်ပေမယ့်လည်း ၎င်းတို့ရဲ့  ရှင်သန်ကျန်ရစ်နိုင်ဖို့ မျှော်လင့်ချက်ကိုတော့ ထိခိုက်စေမှာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ဖို့ ၈ ပွဲသာကြိုးစားခွင့်ရှိတော့တာဖြစ်ပေမယ့်လည်း ခက်ခဲတဲ့ ပွဲစဉ်တွေ ကစားသွားရဖို့ ရှိနေတာဖြစ်ပြီး မြေခွေးတွေဟာ စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ်တို့လိုမျိုး အသင်းတွေနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဟာ ယခုအပတ္ လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာသာ အႏိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္အသင္းကို ထူးဆန္းတဲ့ အားသာခ်က္မေတာ္တဆ လက္ေဆာင္ေပးမိသလို ျဖစ္သြားႏိုင္ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၆ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ၿပီး ရာသီမကုန္ခင္အထိ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တိုက္ရင္ဆိုင္သြားရဖို႔ ရွိေနတာျဖစ္ပါတယ္။

ဧၿပီလ ၂၆ ရက္ေန႔ အစ္တီဟတ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္ဟာ ႏိုင္သူ အကုန္ယူပြဲစဥ္ျဖစ္လာေတာ့မယ့္ပုံေပၚၿပီး တစ္ပြဲကစားဖို႔ က်န္ေနေသးတာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းဟာ အားေကာင္းတဲ့အေနအထားမွာ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ တနဂၤေႏြေန႔မွာ ဂန္းနားေတြက ဝက္စ္ဟမ္းကို ရင္ဆိုင္ဖို႔ အေရွ႕လန္ဒန္ကို ခရီးမထြက္ခင္ စေနေန႔ညေန အစ္တီဟတ္မွာ လက္စတာစီးတီးကို လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ၿပီး မန္စီးတီးဟာ အာဆင္နယ္အေပၚကို ဖိအားေတြေပးသြားခ်င္ေနမွာ ေသခ်ာပါတယ္။

မန္ခ်က္စတာစီးတီးအသင္းသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ လက္စတာစီးတီးအသင္းဟာ တန္းဆင္းရမယ့္ အလားအလာနဲ႔ ပိုမိုနီးကပ္သြားမွာျဖစ္ၿပီး တကယ္လို႔ သင္သာ အယူသီးသူတစ္ေယာက္ဆိုရင္ အာဆင္နယ္အသင္းက လိဂ္ဖလားရဖို႔ ပိုမိုနီးစပ္သြားမွာ ျဖစ္ပါတယ္။

လက္စတာစီးတီး တန္းဆင္းသြားခဲ့တဲ့ ၿပီးခဲ့တဲ့ ၂ ႀကိမ္စလုံး အာဆင္နယ္အသင္းက ပရီးမီးယားလိဂ္ဖလားရရွိခဲ့တာျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ လက္စတာစီးတီးဟာ လိဒ္စ္ယူႏိုက္တက္၊ ဝုလ္ဗ္စ္တို႔နဲ႔အတူ ခ်န္ပီယံရွစ္ကို လိုက္သြားခဲ့ရခ်ိန္မွာ ဂန္းနားေတြက မရႈံးနိမ့္ႏိုင္ေသာရာသီကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီႏွစ္မတိုင္ခင္ ၂ ႏွစ္မွာ လက္စတာစီးတီးအသင္းဟာ အစ္ပ္စ္ဝွစ္ခ်္၊ ဒါဘီေကာင္တီတို႔နဲ႔အတူ တန္းဆင္းခဲ့ရတာျဖစ္ၿပီး စီးတီးအေနနဲ႔ ေျမေခြးေတြကို အႏိုင္ရခဲ့မယ္ဆိုရင္ ခ်က္ခ်င္းႀကီး တန္းဆင္းသြားေစမွာမဟုတ္ေပမယ့္လည္း ၎တို႔ရဲ႕  ရွင္သန္က်န္ရစ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကိုေတာ့ ထိခိုက္ေစမွာျဖစ္ပါတယ္။

လက္စတာစီးတီးဟာ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္ဖို႔ ၈ ပြဲသာႀကိဳးစားခြင့္ရွိေတာ့တာျဖစ္ေပမယ့္လည္း ခက္ခဲတဲ့ ပြဲစဥ္ေတြ ကစားသြားရဖို႔ ရွိေနတာျဖစ္ၿပီး ေျမေခြးေတြဟာ စီးတီး၊ လီဗာပူးလ္၊ နယူးကာဆယ္တို႔လိုမ်ိဳး အသင္းေတြနဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.