Premier League

ချေးဝဲလ်ရဲ့အနီကတ်အတွက် အပြစ်ရှိသူကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ အနီကတ်နဲ့ ချေးဝဲလ် ထုတ်ပယ်ခံရမှုမှာ ကူကူရယ်လာရဲ့ အခန်းကဏ္ဍကို ပြစ်တင်ဝေဖန်ခဲ့ပြီး စပိန်နောက်ခံလူဟာ အခြေအနေကို မှားယွင်းသုံးသပ်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ဘာနေဗျူးမှာ လက်ရှိ ဥရောပချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ ရှုံးနိမ်ခဲ့တာကြောင့် ဒုတိယအကျော့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပြန်လည် တုံ့ပြန်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း ပြန်လာနိုင်ဖို့က ၅၉ မိနစ်မှာ ချေးဝဲလ် ရိုဒရီဂိုကို နောက်ကနေ လှမ်းဆွဲခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် ပိုမို ခက်ခဲသွားခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ဂိုးကန်သွင်းဖို့ အခွင့်အရေးရှင်းရှင်းလင်းလင်း ရရှိနေချိန်မှာ ချဲလ်ဆီးနောက်ခံလူက နောက်ဆုံးခံစစ်မှူးအနေနဲ့ ဆွဲထားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက ချေးဝဲလ်ရဲ့ ခံစစ်ကစားသမားပုံကို ဝေဖန်ပြစ်တင်ခဲ့ပေမယ့်လည်း ဘယ်နောက်ခံလူဟာ ရှေ့အရမ်းတက်နေပြီး ရိုဒရီဂိုရဲ့ လှည့်ထွက်မှုကို မတုံ့ပြန်ခဲ့တဲ့ ကူကူရယ်လာဆီကနေ အကူအညီအနည်းငယ်သာ ရရှိခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“ခင်ဗျား ဥရောပမှာ ကစားတဲ့အခါမှာ ပရီးမီးယားလိဂ်မှာ ကစားတာနဲ့ မတူညီဘူးလို့ ခံစားရပါတယ်။ တစ်ခါတလေ ပွဲက ပိုနှေးတယ်။ မသိရင် ရန်ပုံငွေပွဲကစားနေသလိုမျိုး နီးပါးပဲ။ အားလုံးကို ကြည့်လိုက်။ ဘယ်လောက်တောင် နှေးကွေးနေလဲဆိုတာ။ ပြီးတော့ ကျွန်တော့်အတွက်တော့ ဒါက ဥရောပဘောလုံးကစားပုံပဲ။ ရီးရဲလ်မက်ဒရစ်က ဒီပွဲရဲ့ မြန်နှုန်းကို ဘယ်လို ပြောင်းလဲသွားခဲ့လဲ။ အားလုံးက ဒီတိုင်းမတ်တပ်ရပ်နေတယ်။ ကိုယ့်နေရာမှာ ကိုယ်ရပ်နေတယ်။ ပြီးတော့ ရိုဒရီဂိုက ဘောလုံးကို ထိတွေ့ပြီး ခင်ဗျား မသိလိုက်ခင်မှပဲ ဝုန်းဆိုပြီး ပွဲအရှိန်က လျင်မြန်သွားတယ်”

“ဒါပေမယ့် ကူကူရယ်လာနဲ့ နှိုင်းယှဉ်ပြီး ရိုဒရီဂိုရဲ့ ဒီနေရာက ကိုယ်အနေအထားကို ကြည့်လိုက်ပါ။ သူက သူ့ပြေးလမ်းကြောင်းပေါ်မှာ ရှိနေပြီးသားပါ။ ကူကူရယ်လာက နောက်ပြန်ပြေးဖို့ သူ့ရဲ့ ကိုယ်အနေအထားကို မပြောင်းလဲရသေးဘူး။ တစ်ဖက်က ဘန် ချေးဝဲလ်က ခင်ဗျားရဲ့ ဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးက နောက်ခံတောင်ပံကို ထွက်သွားချိန်မှာ အဲဒီနေရာဝင်ပြီး ဖြည့်ကစားရမှာပါ။ ခင်ဗျား အရာအားလုံးကို နောက်ခံလူတစ်ယောက်အနေနဲ့ လုပ်လို့မရပါဘူး(လျင်မြန်တဲ့ကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ)။ ခင်ဗျား တင်းတင်းကြပ်ကြပ်နဲ့ အကြမ်းပတမ်းဖြစ်နေရမယ်။ ဒါပေမယ့် ခင်ဗျား ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာကိုလည်း အမှတ်ရဖို့လိုပါတယ်”

“ရိုဒရီဂိုက လျှပ်ပြက်သလို လျင်မြန်တယ်။ အဲဒီတော့ ခင်ဗျားသူ့ကို လုံးဝ အမီမလိုက်နိုင်ဘူး။ ကူကူရယ်လာလည်း မမီနိုင်ဘူး။ သူက ကိုက် တော်တော်များများ လှမ်းနေတယ်။ ဒါပေမယ့် သူ့ရဲ့ ပြဿနာက သူ မတုံ့ပြန်တာပဲ။ ဘောလုံးက ထွက်သွားချိန်မှာ ရိုဒရီဂိုက လှည့်လိုက်တယ်။ ကူကူရယ်လာက ဒီလိုမျိုးကြီး ရပ်နေတုန်းပဲ။ သူ ပွဲစဉ်ရဲ့ မြန်နှုန်းကို လိုက်မပြောင်းလဲဘဲ ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ပါဘူး။ ခင်ဗျား ဆိုင်ကယ်ပေါ်တက်ပြီး သွားမှပဲ ရတော့မယ်။ ခင်ဗျား စောစောသွားခဲ့ရင်တောင် ကစားသမားက ရပ်ပြီး သူ့ရဲ့ခြေထောက်ထဲမှာ ဘောလုံးရအောင် လုပ်နိုင်ပါတယ်။ ပြဿနာမရှိပါဘူး။ ခင်ဗျား ခံစစ် ၅ ဦးနေရာ ပြန်ယူနိုင်သေးတယ်။ ဒါပေမယ့် ကြီးမားတဲ့အရာက ခင်ဗျား ရင်ဆိုင်နေရတဲ့ကစားသမားတွေကို သိဖို့ပဲ။ မက်ဒရစ် ကွင်းလယ်က ဘောလုံးနဲ့ လုပ်နိုင်တဲ့ အရည်အသွေးကို သိရမယ်။ ကျွန်တော်ထင်တယ်။ အဲဒါက ဗယ်လ်ဗာဒီဖြစ်ခဲ့မှာပါ။ ဒါပေမယ့် မိုဒရစ် ဒါမှမဟုတ် ခရူးစ်လည်း အဲဒီလို ပေးပို့မှုကို ပြုလုပ်နိုင်ပါတယ်။”

“ကျွန်တော့်အတွက်တော့ ကူကူရယ်လာက အမှားကျူးလွန်ခဲ့တယ်။ ဒါပေမယ့် ချေးဝဲလ်က ပိုမှားတာပေါ့။ တစ်စုံတယောက်ကို နောက်ကနေ ဆွဲပြီး အနီကတ် မပေးမိပါစေနဲ့။ ခင်ဗျား ဂိုးသမားကို ပြန်ပေးရတဲ့အကြောင်းအရင်းက သူ့အလုပ် သူ လုပ်ဖို့နဲ့ ခင်ဗျား ခံစစ်ပိုင်း ပြဿနာကနေ ထွက်လို့ရဖို့ပါ။ အဲဒီအတွက် သူ ရှိနေတာပါ။ သူ့အလုပ်ကို သူလုပ်ပါစေ။ ခင်ဗျား အခုတော့ တစ်ယောက်လျော့သွားပြီ။ သူ အခုဆိုရင် နောက်အကျော့ကိုလည်း လွဲချော်တော့မယ်။ ရိုဒရီဂိုအနေနဲ့ အဲဒီကနေ ဂိုးသွင်းယူဖို့က ခက်ခဲဦးမှာပါ။ တစ်ယောက်လျော့သွားတာက သူတို့ကို ဒီအဆင့်ကနေ လုံးဝကို ဖယ်ထုတ်ခံလိုက်ရတာပဲ။ မျှော်လင့်ချက် ရေးရေးလေးတော့ ရှိပါသေးတယ်။ ဒါပေမယ့် ကူကူရယ်လာရဲ့ ခံစစ်ကစားပုံက အရမ်းဆိုးရွားခဲ့ပြီး ပြီးတော့ ချေးဝဲလ်က သူ့ရဲ့နေရာယူကစားပုံနဲ့ အနီကတ် ပြခံခဲ့ရတယ်။ ခင်ဗျားရဲ့ ဂိုးသမားကို သူ့အလုပ်သူ လုပ်ခွင့်ပေးစမ်းပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါက ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ အနီကတ္နဲ႔ ေခ်းဝဲလ္ ထုတ္ပယ္ခံရမႈမွာ ကူကူရယ္လာရဲ႕ အခန္းက႑ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး စပိန္ေနာက္ခံလူဟာ အေျခအေနကို မွားယြင္းသုံးသပ္ခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညက ဘာေနဗ်ဴးမွာ လက္ရွိ ဥေရာပခ်န္ပီယံေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ၂-၀ နဲ႔ ရႈံးနိမ္ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ျပန္လည္ တုံ႔ျပန္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္း ျပန္လာႏိုင္ဖို႔က ၅၉ မိနစ္မွာ ေခ်းဝဲလ္ ႐ိုဒရီဂိုကို ေနာက္ကေန လွမ္းဆြဲခဲ့တာေၾကာင့္ အနီကတ္ျပ ထုတ္ပယ္ခံရၿပီးေနာက္ ပိုမို ခက္ခဲသြားခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးက ဂိုးကန္သြင္းဖို႔ အခြင့္အေရးရွင္းရွင္းလင္းလင္း ရရွိေနခ်ိန္မွာ ခ်ဲလ္ဆီးေနာက္ခံလူက ေနာက္ဆုံးခံစစ္မႉးအေနနဲ႔ ဆြဲထားခဲ့တာျဖစ္ပါတယ္။

ကာေရဂါက ေခ်းဝဲလ္ရဲ႕ ခံစစ္ကစားသမားပုံကို ေဝဖန္ျပစ္တင္ခဲ့ေပမယ့္လည္း ဘယ္ေနာက္ခံလူဟာ ေရွ႕အရမ္းတက္ေနၿပီး ႐ိုဒရီဂိုရဲ႕ လွည့္ထြက္မႈကို မတုံ႔ျပန္ခဲ့တဲ့ ကူကူရယ္လာဆီကေန အကူအညီအနည္းငယ္သာ ရရွိခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“ခင္ဗ်ား ဥေရာပမွာ ကစားတဲ့အခါမွာ ပရီးမီးယားလိဂ္မွာ ကစားတာနဲ႔ မတူညီဘူးလို႔ ခံစားရပါတယ္။ တစ္ခါတေလ ပြဲက ပိုေႏွးတယ္။ မသိရင္ ရန္ပုံေငြပြဲကစားေနသလိုမ်ိဳး နီးပါးပဲ။ အားလုံးကို ၾကည့္လိုက္။ ဘယ္ေလာက္ေတာင္ ေႏွးေကြးေနလဲဆိုတာ။ ၿပီးေတာ့ ကြၽန္ေတာ့္အတြက္ေတာ့ ဒါက ဥေရာပေဘာလုံးကစားပုံပဲ။ ရီးရဲလ္မက္ဒရစ္က ဒီပြဲရဲ႕ ျမန္ႏႈန္းကို ဘယ္လို ေျပာင္းလဲသြားခဲ့လဲ။ အားလုံးက ဒီတိုင္းမတ္တပ္ရပ္ေနတယ္။ ကိုယ့္ေနရာမွာ ကိုယ္ရပ္ေနတယ္။ ၿပီးေတာ့ ႐ိုဒရီဂိုက ေဘာလုံးကို ထိေတြ႕ၿပီး ခင္ဗ်ား မသိလိုက္ခင္မွပဲ ဝုန္းဆိုၿပီး ပြဲအရွိန္က လ်င္ျမန္သြားတယ္”

“ဒါေပမယ့္ ကူကူရယ္လာနဲ႔ ႏႈိင္းယွဥ္ၿပီး ႐ိုဒရီဂိုရဲ႕ ဒီေနရာက ကိုယ္အေနအထားကို ၾကည့္လိုက္ပါ။ သူက သူ႔ေျပးလမ္းေၾကာင္းေပၚမွာ ရွိေနၿပီးသားပါ။ ကူကူရယ္လာက ေနာက္ျပန္ေျပးဖို႔ သူ႔ရဲ႕ ကိုယ္အေနအထားကို မေျပာင္းလဲရေသးဘူး။ တစ္ဖက္က ဘန္ ေခ်းဝဲလ္က ခင္ဗ်ားရဲ႕ ဗဟိုခံစစ္ကစားသမားေတြထဲက တစ္ဦးက ေနာက္ခံေတာင္ပံကို ထြက္သြားခ်ိန္မွာ အဲဒီေနရာဝင္ၿပီး ျဖည့္ကစားရမွာပါ။ ခင္ဗ်ား အရာအားလုံးကို ေနာက္ခံလူတစ္ေယာက္အေနနဲ႔ လုပ္လို႔မရပါဘူး(လ်င္ျမန္တဲ့ကစားသမားေတြနဲ႔ ရင္ဆိုင္ရာမွာ)။ ခင္ဗ်ား တင္းတင္းၾကပ္ၾကပ္နဲ႔ အၾကမ္းပတမ္းျဖစ္ေနရမယ္။ ဒါေပမယ့္ ခင္ဗ်ား ဘယ္သူနဲ႔ ရင္ဆိုင္ေနရလဲဆိုတာကိုလည္း အမွတ္ရဖို႔လိုပါတယ္”

“႐ိုဒရီဂိုက လွ်ပ္ျပက္သလို လ်င္ျမန္တယ္။ အဲဒီေတာ့ ခင္ဗ်ားသူ႔ကို လုံးဝ အမီမလိုက္ႏိုင္ဘူး။ ကူကူရယ္လာလည္း မမီႏိုင္ဘူး။ သူက ကိုက္ ေတာ္ေတာ္မ်ားမ်ား လွမ္းေနတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ျပႆနာက သူ မတုံ႔ျပန္တာပဲ။ ေဘာလုံးက ထြက္သြားခ်ိန္မွာ ႐ိုဒရီဂိုက လွည့္လိုက္တယ္။ ကူကူရယ္လာက ဒီလိုမ်ိဳးႀကီး ရပ္ေနတုန္းပဲ။ သူ ပြဲစဥ္ရဲ႕ ျမန္ႏႈန္းကို လိုက္မေျပာင္းလဲဘဲ ဘာေတြျဖစ္ေနလဲဆိုတာကို နားမလည္ပါဘူး။ ခင္ဗ်ား ဆိုင္ကယ္ေပၚတက္ၿပီး သြားမွပဲ ရေတာ့မယ္။ ခင္ဗ်ား ေစာေစာသြားခဲ့ရင္ေတာင္ ကစားသမားက ရပ္ၿပီး သူ႔ရဲ႕ေျခေထာက္ထဲမွာ ေဘာလုံးရေအာင္ လုပ္ႏိုင္ပါတယ္။ ျပႆနာမရွိပါဘူး။ ခင္ဗ်ား ခံစစ္ ၅ ဦးေနရာ ျပန္ယူႏိုင္ေသးတယ္။ ဒါေပမယ့္ ႀကီးမားတဲ့အရာက ခင္ဗ်ား ရင္ဆိုင္ေနရတဲ့ကစားသမားေတြကို သိဖို႔ပဲ။ မက္ဒရစ္ ကြင္းလယ္က ေဘာလုံးနဲ႔ လုပ္ႏိုင္တဲ့ အရည္အေသြးကို သိရမယ္။ ကြၽန္ေတာ္ထင္တယ္။ အဲဒါက ဗယ္လ္ဗာဒီျဖစ္ခဲ့မွာပါ။ ဒါေပမယ့္ မိုဒရစ္ ဒါမွမဟုတ္ ခ႐ူးစ္လည္း အဲဒီလို ေပးပို႔မႈကို ျပဳလုပ္ႏိုင္ပါတယ္။”

“ကြၽန္ေတာ့္အတြက္ေတာ့ ကူကူရယ္လာက အမွားက်ဴးလြန္ခဲ့တယ္။ ဒါေပမယ့္ ေခ်းဝဲလ္က ပိုမွားတာေပါ့။ တစ္စုံတေယာက္ကို ေနာက္ကေန ဆြဲၿပီး အနီကတ္ မေပးမိပါေစနဲ႔။ ခင္ဗ်ား ဂိုးသမားကို ျပန္ေပးရတဲ့အေၾကာင္းအရင္းက သူ႔အလုပ္ သူ လုပ္ဖို႔နဲ႔ ခင္ဗ်ား ခံစစ္ပိုင္း ျပႆနာကေန ထြက္လို႔ရဖို႔ပါ။ အဲဒီအတြက္ သူ ရွိေနတာပါ။ သူ႔အလုပ္ကို သူလုပ္ပါေစ။ ခင္ဗ်ား အခုေတာ့ တစ္ေယာက္ေလ်ာ့သြားၿပီ။ သူ အခုဆိုရင္ ေနာက္အေက်ာ့ကိုလည္း လြဲေခ်ာ္ေတာ့မယ္။ ႐ိုဒရီဂိုအေနနဲ႔ အဲဒီကေန ဂိုးသြင္းယူဖို႔က ခက္ခဲဦးမွာပါ။ တစ္ေယာက္ေလ်ာ့သြားတာက သူတို႔ကို ဒီအဆင့္ကေန လုံးဝကို ဖယ္ထုတ္ခံလိုက္ရတာပဲ။ ေမွ်ာ္လင့္ခ်က္ ေရးေရးေလးေတာ့ ရွိပါေသးတယ္။ ဒါေပမယ့္ ကူကူရယ္လာရဲ႕ ခံစစ္ကစားပုံက အရမ္းဆိုး႐ြားခဲ့ၿပီး ၿပီးေတာ့ ေခ်းဝဲလ္က သူ႔ရဲ႕ေနရာယူကစားပုံနဲ႔ အနီကတ္ ျပခံခဲ့ရတယ္။ ခင္ဗ်ားရဲ႕ ဂိုးသမားကို သူ႔အလုပ္သူ လုပ္ခြင့္ေပးစမ္းပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.