Premier League

လီဗာပူးလ်နဲ့သရေကျပြီးနောက် အသင်းဖော်တွေရဲ့ တုံ့ပြန်မှုကို ပြောပြခဲ့တဲ့ ဆာကာ

ဘူကာယို ဆာကာက လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့ပြီးနောက် အနိုင် ၃ မှတ်အားလုံး ရယူချင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဖော်တွေဟာ အမှန်တကယ် စိတ်ပျက်ခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ မာတီနယ်လီနဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မိုဟာမက် ဆာလားနဲ့ ဖာမီနိုတို့က ပထမပိုင်းပြီးဆုံးခါနီးနဲ့ ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ သရေ ၁ မှတ်ရရှိစေမယ့် ချေပဂိုးတွေကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ၅၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့တဲ့အတွက် ဂန်းနားတွေအနေနဲ့ စိတ်သက်သာရာ ရခဲ့တာဖြစ်ပြီး အာရွန် ရမ်းစ်ဒေးလ်က ဒါဝင် နူးညက်ဇ်နဲ့ ကိုနာတီတို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အန်းဖီးမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက အနိုင်မရရှိတော့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ကလော့ပ်ရဲ့အသင်းက လွှမ်းမိုးနိုင်ခဲ့ပေမယ့်လည်း ဆာကာက သရေရလဒ်နဲ့ပတ်သက်ပြီး မကျေနပ်ဘူးလို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အသင်းသားတွေက ပွဲအပြီးမှာ တကယ်ကို စိတ်ပျက်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး အနိုင်ရချင်ခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို ပြောင်းလဲလို့ မရနိုင်တော့ပါဘူး။ ကျွန်တော်တို့ တနင်္ဂနွေနေ့ ဝက်စ်ဟမ်းနဲ့ကစားရမယ့်ပွဲကိုပဲ အာရုံပြောင်းရမှာပါ။ အဲဒါက တကယ်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးလည်း အဲဒါကို သိတယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင်းဆုံးကို ပေးနိုင်ဖို့နဲ့ အနိုင် ၃ မှတ်ရဖို့ ပွဲအတွက် အဆင်သင့်ဖြစ်နေအောင် ကြိုးစားသွားမှာပါ”

“ကျွန်တော် ဒီမှာထိုင်ပြီး ခင်ဗျားကို သရေ ၁ မှတ်ကြောင့် စိတ်ကျေနပ်မိခဲ့တယ်လို့ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီကိုသွားပြီး အနိုင် ၃ မှတ်အားလုံးကို ရယူချင်ခဲ့တယ်။ အဲဒီလို မလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ အဲဒါက ကျွန်တော်တို့ ဘယ်တုန်းကမှ အနိုင်မရခဲ့ဖူးတဲ့ ကွင်းပါ။ အဲဒီတော့ ကျွန်တော်က ဒါက အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး အနိုင်ယူဖို့ အချိန်ကိုက်ပဲလို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို မလုပ်နိုင်ခဲ့တာ နှမြောစရာကောင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘူကာယို ဆာကာက လီဗာပူးလ္နဲ႔ ၂-၂ သေရက်ခဲ့ၿပီးေနာက္ အႏိုင္ ၃ မွတ္အားလုံး ရယူခ်င္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းေဖာ္ေတြဟာ အမွန္တကယ္ စိတ္ပ်က္ခဲ့ၾကတယ္လို႔ ဝန္ခံခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔က အန္းဖီးမွာ မာတီနယ္လီနဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း မိုဟာမက္ ဆာလားနဲ႔ ဖာမီႏိုတို႔က ပထမပိုင္းၿပီးဆုံးခါနီးနဲ႔ ဒုတိယပိုင္း ၿပီးဆုံးခါနီးမွာ သေရ ၁ မွတ္ရရွိေစမယ့္ ေခ်ပဂိုးေတြကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ၅၄ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို လြဲေခ်ာ္ခဲ့တဲ့အတြက္ ဂန္းနားေတြအေနနဲ႔ စိတ္သက္သာရာ ရခဲ့တာျဖစ္ၿပီး အာ႐ြန္ ရမ္းစ္ေဒးလ္က ဒါဝင္ ႏူးညက္ဇ္နဲ႔ ကိုနာတီတို႔ရဲ႕ အပိုင္ဂိုးသြင္းခြင့္ေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အန္းဖီးမွာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းကတည္းက အႏိုင္မရရွိေတာ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ကေလာ့ပ္ရဲ႕အသင္းက လႊမ္းမိုးႏိုင္ခဲ့ေပမယ့္လည္း ဆာကာက သေရရလဒ္နဲ႔ပတ္သက္ၿပီး မေက်နပ္ဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အသင္းသားေတြက ပြဲအၿပီးမွာ တကယ္ကို စိတ္ပ်က္ခဲ့ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အားလုံး အႏိုင္ရခ်င္ခဲ့လို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒါကို ေျပာင္းလဲလို႔ မရႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ တနဂၤေႏြေန႔ ဝက္စ္ဟမ္းနဲ႔ကစားရမယ့္ပြဲကိုပဲ အာ႐ုံေျပာင္းရမွာပါ။ အဲဒါက တကယ္ကို အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔အားလုံးလည္း အဲဒါကို သိတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးကို ေပးႏိုင္ဖို႔နဲ႔ အႏိုင္ ၃ မွတ္ရဖို႔ ပြဲအတြက္ အဆင္သင့္ျဖစ္ေနေအာင္ ႀကိဳးစားသြားမွာပါ”

“ကြၽန္ေတာ္ ဒီမွာထိုင္ၿပီး ခင္ဗ်ားကို သေရ ၁ မွတ္ေၾကာင့္ စိတ္ေက်နပ္မိခဲ့တယ္လို႔ ေျပာမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အဲဒီကိုသြားၿပီး အႏိုင္ ၃ မွတ္အားလုံးကို ရယူခ်င္ခဲ့တယ္။ အဲဒီလို မလုပ္ႏိုင္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ စိတ္ပ်က္ခဲ့ရပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ အႏိုင္မရခဲ့ဖူးတဲ့ ကြင္းပါ။ အဲဒီေတာ့ ကြၽန္ေတာ္က ဒါက အေကာင္းဆုံးအခြင့္အေရးျဖစ္ၿပီး အႏိုင္ယူဖို႔ အခ်ိန္ကိုက္ပဲလို႔ ေတြးခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒါကို မလုပ္ႏိုင္ခဲ့တာ ႏွေျမာစရာေကာင္းပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.