Premier League

ပါးရိုက်ခဲ့တဲ့ မာစီယယ်လ်ကို ဘာပြောခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့တဲ့ လာမယ်လာ

အဲရစ် လာမယ်လာက တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်းမှာ ၎င်းကို ပါးရိုက်ခဲ့တဲ့အတွက် ထုတ်ပယ်ခံခဲ့ရပြီး မာစီယယ်လ်နဲ့ ဖြစ်စဉ်အကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ ဆီဗီလာအသင်းကို လက်ခံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်ဘက်တစ်တို့ကို ပြီးခဲ့တဲ့ အဆင့်တွေမှာ အနိုင်ယူပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်မှာ စပိန်ကလပ်အသင်းတွေကို အနိုင်ယူနိုင်ကြောင်း ပြသထားခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ၄ ကြိမ်အပါအဝင် ၆ ကြိမ်အထိ ချန်ပီယံဖြစ်ခဲ့တဲ့ ယူရိုပါလိဂ်ဆရာကြီး ဆီဗီလာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ကြာသပတေးနေ့ည အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ပထမအကျော့ပွဲစဉ်မှာ လာမယ်လာနဲ့ မာစီယယ်လ်တို့ကြား ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။

မာစီယယ်လ်နဲ့ လာမယ်လာတို့ဟာ ၂၀၂၀ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ်ဟော့စပါးက မန်ချက်စတာယူနိုက်တက်ကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားကြယ့်ွင့်က လက်ရှိမှာတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်သစ်တိုက်စစ်မှူးကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ မန်ချက်စတာယူနိုက်တက်ဟာ စပါးစ်ကို ၂-၁ နဲ့ နောက်ကနေ တစ်ယောက်လျော့နဲ့ လိုက်ကစားရေချိန်မှာ မာစီယယ်လ်က လာမယ်လာကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ လာမယ်လာနဲ့ မာစီယယ်လ်တို့ဟာ စပါးစ်က ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေချိန်မှာ တွန်းထိုးခဲ့ကြတာဖြစ်ပြီး လာမယ်လာရဲ့ တံတောင်က မာစီယယ်လ်ရဲ့ လည်ပင်းကို တွတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ လာမယ်လာရဲ့ မျက်နှာကို လက်နဲ့ ရိုက်ပြီး ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး နောက်ထပ် ၂ နှစ်အကြာမှာ ပြင်သစ်တိုက်စစ်မှူးဟာ လာမယ်လာရှိတဲ့ ဆီဗီလာအသင်းကို အငှားနဲ့ ထွက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် သေချာ သိခဲ့ကြတယ်။ ပထမဆုံးကျွန်တော် အန်သိုနီ ရောက်လာတဲ့အချိန်မှာ ပြောခဲ့တာက ကွင်းထဲမှာ ဖြစ်ခဲ့တာကို ကွင်းထဲမှာပဲ ထားခဲ့ဖို့ပါ။ သူက လူကောင်းတစ်ယောက်ပါ။ သူ အဲဒီကိစ္စကို ရယ်မောခဲ့ပြီး ကျွန်တော်တို့ ပြေပြေလည်လည် ဖြစ်သွားခဲ့ပါတယ်။ အဲဒါက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော် တခြားအသင်းအတွက် ၈ နှစ်ကြာ ကစားပေးခဲ့ပြီး သူတို့ကို ဖြစ်နိုင်သမျှ နည်းလမ်းနဲ့ အမြဲတမ်း အနိုင်ယူချင်ခဲ့တယ်။ သူတို့တွေ ကျွန်တော့်ကို မနှစ်သက်တာက သာမန်ပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ လာမယ္လာက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္းမွာ ၎ကို ပါး႐ိုက္ခဲ့တဲ့အတြက္ ထုတ္ပယ္ခံခဲ့ရၿပီး မာစီယယ္လ္နဲ႔ ျဖစ္စဥ္အေၾကာင္းကို ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ၾကာသပေတးေန႔မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္မွာ ဆီဗီလာအသင္းကို လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ဘာစီလိုနာနဲ႔ ရီးရဲလ္ဘက္တစ္တို႔ကို ၿပီးခဲ့တဲ့ အဆင့္ေတြမွာ အႏိုင္ယူၿပီးေနာက္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္မွာ စပိန္ကလပ္အသင္းေတြကို အႏိုင္ယူႏိုင္ေၾကာင္း ျပသထားခဲ့ၿပီး ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ ၉ ႏွစ္အတြင္း ၄ ႀကိမ္အပါအဝင္ ၆ ႀကိမ္အထိ ခ်န္ပီယံျဖစ္ခဲ့တဲ့ ယူ႐ိုပါလိဂ္ဆရာႀကီး ဆီဗီလာအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး ၾကာသပေတးေန႔ည အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ ပထမအေက်ာ့ပြဲစဥ္မွာ လာမယ္လာနဲ႔ မာစီယယ္လ္တို႔ၾကား ျပန္လည္ေတြ႕ဆုံရမွာျဖစ္ပါတယ္။

မာစီယယ္လ္နဲ႔ လာမယ္လာတို႔ဟာ ၂၀၂၀ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးက မန္ခ်က္စတာယူႏိုက္တက္ကို ၆-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္းမွာ ခိုက္ရန္ျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ့္ြင့္က လက္ရွိမွာေတာ့ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပင္သစ္တိုက္စစ္မႉးကို ဘာေျပာခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ စပါးစ္ကို ၂-၁ နဲ႔ ေနာက္ကေန တစ္ေယာက္ေလ်ာ့နဲ႔ လိုက္ကစားေရခ်ိန္မွာ မာစီယယ္လ္က လာမယ္လာကို စိတ္မထိန္းႏိုင္ဘဲ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။ လာမယ္လာနဲ႔ မာစီယယ္လ္တို႔ဟာ စပါးစ္က ေထာင့္ကန္ေဘာကန္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ တြန္းထိုးခဲ့ၾကတာျဖစ္ၿပီး လာမယ္လာရဲ႕ တံေတာင္က မာစီယယ္လ္ရဲ႕ လည္ပင္းကို တြတ္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးဟာ လာမယ္လာရဲ႕ မ်က္ႏွာကို လက္နဲ႔ ႐ိုက္ၿပီး ျပန္လည္ တုံ႔ျပန္ခဲ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္ ၂ ႏွစ္အၾကာမွာ ျပင္သစ္တိုက္စစ္မႉးဟာ လာမယ္လာရွိတဲ့ ဆီဗီလာအသင္းကို အငွားနဲ႔ ထြက္ကစားခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ေသခ်ာ သိခဲ့ၾကတယ္။ ပထမဆုံးကြၽန္ေတာ္ အန္သိုနီ ေရာက္လာတဲ့အခ်ိန္မွာ ေျပာခဲ့တာက ကြင္းထဲမွာ ျဖစ္ခဲ့တာကို ကြင္းထဲမွာပဲ ထားခဲ့ဖို႔ပါ။ သူက လူေကာင္းတစ္ေယာက္ပါ။ သူ အဲဒီကိစၥကို ရယ္ေမာခဲ့ၿပီး ကြၽန္ေတာ္တို႔ ေျပေျပလည္လည္ ျဖစ္သြားခဲ့ပါတယ္။ အဲဒါက ေဘာလုံးရဲ႕ အစိတ္အပိုင္းတစ္ခုပါပဲ။ ကြၽန္ေတာ္ တျခားအသင္းအတြက္ ၈ ႏွစ္ၾကာ ကစားေပးခဲ့ၿပီး သူတို႔ကို ျဖစ္ႏိုင္သမွ် နည္းလမ္းနဲ႔ အၿမဲတမ္း အႏိုင္ယူခ်င္ခဲ့တယ္။ သူတို႔ေတြ ကြၽန္ေတာ့္ကို မႏွစ္သက္တာက သာမန္ပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.