Premier League

ရောဘတ်ဆန်ကို တံတောင်နဲ့တွတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ပထမဆုံးဖွင့်ပြောလာတဲ့ စည်းကြပ်ဒိုင်

တနင်္ဂနွေနေက အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်ကို တံတောင်နဲ့ တွတ်ခဲ့ပုံပေါ်တဲ့ စည်းကြပ်ဒိုင်ဟာ ပထမဆုံးအကြိမ် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

လက်ထောက်ဒိုင်လူကြီး ကွန်စတန်တင်း ဟတ်ဂျီဒါးကစ်ဟာ ပထမပိုင်းပွဲကစားချိန်အပြီး ကွင်းထဲကနေ ကစားသမားတွေ ထွက်ခွာချိန်မှာ ရောဘတ်ဆန်ကို ထိတွေ့မှု ပြုလုပ်ခဲ့ပုံပေါ်ခဲ့ပြီးနောက် အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ရောဘတ်ဆန်နဲ့ လီဗာပူးလ်ကစားသမားအချို့ဟာ ဖြစ်စဉ်အပြီးမှာ စည်းကြပ်ဒိုင်လူကြီးကို ဒေါသတကြီး စောဒကတက်ခဲ့ပြီး ကွင်းလယ်ဒိုင် ပေါလ် တီယာနီကို လည်ပင်းနေရာကို တံတောင်နဲ့တွတ်ခဲ့တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဆန်ဟာ အဲဒီဖြစ်စဉ်အတွက် အဝါကတ်ပြားတောင် ပြသခြင်းခံခဲ့ရတာဖြစ်ပြီး ဟတ်ဂျီဒါးကစ်ကတော့ ဒုတိယပိုင်းမှာ စည်းကြပ်ဒိုင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟတ်ဂျီဒါးကစ်ဟာ အက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာ တာဝန်ကနေ အနားပေးခံထားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်းက စည်းကြပ်ဒိုင်အနေနဲ့ ကာလရှည်ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရောဘတ်ဆန်နဲ့ ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟတ်ဂျီဒါးကစ်က “ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့။ ဖြစ်ခဲ့ပြီးပြီ။ ကျွန်တော် အခုအချိန်မှာ ပြောနိုင်တာ ဘာမှမရှိပါဘူး။ ကျွန်တော် ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို မပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရောဘတ်ဆန်နဲ့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ အခြားကစားသမားတွေဟာ အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှုကို ပါဝင်ကူညီပေးဖို့အတွက် ထုတ်ပြန်ကြေညာချက် ထုတ်ဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ဟယ်လ်ဆီက အန်းဖီးမှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး စည်းကြပ်ဒိုင်အနေနဲ့ ၈ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒိုင်လူကြီးတွေက ကစားပွဲရဲ့ စံနှုန်းတွေကို စောင့်ရှောက်သူတွေဖြစ်ရမှာဖြစ်ပြီး အဲဒါကို ပြန်ကြည့်လိုက်ရင် သူ့ရဲ့လုပ်ရပ်အတွက် နောင်တရနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကို ပြောရရင် PGMOL က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ ရောဘတ်ဆန်က သူ့ဆီ ချဉ်းကပ်ခဲ့ပြီး သူ့အသားကို ထိမယ့်ပုံပေါ်ပါတယ်။ ပြီးတော့ လက်ထောင်ဒိုင်က သူ့ရဲ့ လက်ကို မြှောက်ပြီး ခါချလိုက်တယ်။ သူ အဲဒီလို မလုပ်ခဲ့သင့်ပါဘူး။ သူ လုပ်ခဲ့သင့်တာက ဒိုင်လူကြီးဆီသွားပြီး အဲဒါကို သတင်းပို့ရမှာပါ။ ဒိုင်လူကြီးက သူ့ကို အရေးယူမှာပေါ့”

“ဒါပေမယ့်လည်း သူက ပြင်းထန်တဲ့အပြုအမူကို လုပ်ဆောင်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင် မီထရိုဗစ် ဒိုင်လူကြီးကို တွန်းလို့ အပြစ်ပေးခံခဲ့ရတဲ့အတိုင်း ၈ ပွဲ ပယ်ခံရလောက်ပါတယ်။ သူတို့တွေ ၂ ဦးစလုံးက ပရော်ဖက်ရှင်နယ်တွေပါ။ ရောဘတ်ဆန်က ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ပြီး လက်ထောက်ဒိုင်ကလည်း ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးပါ။ ကျွန်တော်တို့က ဖြစ်သွားခဲ့တာကို ခန့်မှန်းနေရတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်တာကို စောင့်ဆိုင်းရမှာပါ။ အဲဒါက ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ အရာဖြစ်ပြီး အရာအားလုံးအတွက်လည်း ပထမဆုံးအကြိမ်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် သူ အပြစ်ရှိတယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေကို ခံစားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေနက အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း လီဗာပူးလ္ေနာက္ခံလူ ေရာဘတ္ဆန္ကို တံေတာင္နဲ႔ တြတ္ခဲ့ပုံေပၚတဲ့ စည္းၾကပ္ဒိုင္ဟာ ပထမဆုံးအႀကိမ္ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ပါတယ္။

လက္ေထာက္ဒိုင္လူႀကီး ကြန္စတန္တင္း ဟတ္ဂ်ီဒါးကစ္ဟာ ပထမပိုင္းပြဲကစားခ်ိန္အၿပီး ကြင္းထဲကေန ကစားသမားေတြ ထြက္ခြာခ်ိန္မွာ ေရာဘတ္ဆန္ကို ထိေတြ႕မႈ ျပဳလုပ္ခဲ့ပုံေပၚခဲ့ၿပီးေနာက္ အက္ဖ္ေအရဲ႕ စုံစမ္းစစ္ေဆးျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

ေရာဘတ္ဆန္နဲ႔ လီဗာပူးလ္ကစားသမားအခ်ိဳ႕ဟာ ျဖစ္စဥ္အၿပီးမွာ စည္းၾကပ္ဒိုင္လူႀကီးကို ေဒါသတႀကီး ေစာဒကတက္ခဲ့ၿပီး ကြင္းလယ္ဒိုင္ ေပါလ္ တီယာနီကို လည္ပင္းေနရာကို တံေတာင္နဲ႔တြတ္ခဲ့တဲ့အေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေရာဘတ္ဆန္ဟာ အဲဒီျဖစ္စဥ္အတြက္ အဝါကတ္ျပားေတာင္ ျပသျခင္းခံခဲ့ရတာျဖစ္ၿပီး ဟတ္ဂ်ီဒါးကစ္ကေတာ့ ဒုတိယပိုင္းမွာ စည္းၾကပ္ဒိုင္အျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟတ္ဂ်ီဒါးကစ္ဟာ အက္ဖ္ေအက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနခ်ိန္မွာ တာဝန္ကေန အနားေပးခံထားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္းက စည္းၾကပ္ဒိုင္အေနနဲ႔ ကာလရွည္ပြဲပယ္ျပစ္ဒဏ္ က်ခံရႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာဘတ္ဆန္နဲ႔ ျဖစ္ခဲ့တဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဟတ္ဂ်ီဒါးကစ္က “ဘာပဲ ျဖစ္ခဲ့ျဖစ္ခဲ့။ ျဖစ္ခဲ့ၿပီးၿပီ။ ကြၽန္ေတာ္ အခုအခ်ိန္မွာ ေျပာႏိုင္တာ ဘာမွမရွိပါဘူး။ ကြၽန္ေတာ္ ဘာေတြ ျဖစ္ပ်က္ခဲ့လဲဆိုတာကို မေျပာႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာဘတ္ဆန္နဲ႔ ျဖစ္စဥ္ကို ျမင္ေတြ႕ခဲ့ရတဲ့ အျခားကစားသမားေတြဟာ အက္ဖ္ေအရဲ႕ စုံစမ္းစစ္ေဆးမႈကို ပါဝင္ကူညီေပးဖို႔အတြက္ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ဖို႔ ေတာင္းဆိုသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ဟယ္လ္ဆီက အန္းဖီးမွာ ျဖစ္ခဲ့တဲ့ ကိစၥမ်ိဳး တစ္ခါမွ မျမင္ဖူးခဲ့ဘူးလို႔ ဝန္ခံခဲ့ၿပီး စည္းၾကပ္ဒိုင္အေနနဲ႔ ၈ ပြဲပယ္ျပစ္ဒဏ္ က်ခံရႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ဒိုင္လူႀကီးေတြက ကစားပြဲရဲ႕ စံႏႈန္းေတြကို ေစာင့္ေရွာက္သူေတြျဖစ္ရမွာျဖစ္ၿပီး အဲဒါကို ျပန္ၾကည့္လိုက္ရင္ သူ႔ရဲ႕လုပ္ရပ္အတြက္ ေနာင္တရေနလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒါကို ေျပာရရင္ PGMOL က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ေရာဘတ္ဆန္က သူ႔ဆီ ခ်ဥ္းကပ္ခဲ့ၿပီး သူ႔အသားကို ထိမယ့္ပုံေပၚပါတယ္။ ၿပီးေတာ့ လက္ေထာင္ဒိုင္က သူ႔ရဲ႕ လက္ကို ေျမႇာက္ၿပီး ခါခ်လိုက္တယ္။ သူ အဲဒီလို မလုပ္ခဲ့သင့္ပါဘူး။ သူ လုပ္ခဲ့သင့္တာက ဒိုင္လူႀကီးဆီသြားၿပီး အဲဒါကို သတင္းပို႔ရမွာပါ။ ဒိုင္လူႀကီးက သူ႔ကို အေရးယူမွာေပါ့”

“ဒါေပမယ့္လည္း သူက ျပင္းထန္တဲ့အျပဳအမူကို လုပ္ေဆာင္မႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရင္ မီထ႐ိုဗစ္ ဒိုင္လူႀကီးကို တြန္းလို႔ အျပစ္ေပးခံခဲ့ရတဲ့အတိုင္း ၈ ပြဲ ပယ္ခံရေလာက္ပါတယ္။ သူတို႔ေတြ ၂ ဦးစလုံးက ပေရာ္ဖက္ရွင္နယ္ေတြပါ။ ေရာဘတ္ဆန္က ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ၿပီး လက္ေထာက္ဒိုင္ကလည္း ပေရာ္ဖက္ရွင္နယ္ ဒိုင္လူႀကီးပါ။ ကြၽန္ေတာ္တို႔က ျဖစ္သြားခဲ့တာကို ခန႔္မွန္းေနရတာျဖစ္ၿပီး စုံစမ္းစစ္ေဆးမႈ ျပဳလုပ္တာကို ေစာင့္ဆိုင္းရမွာပါ။ အဲဒါက ကြၽန္ေတာ္ ဘယ္တုန္းကမွ မျမင္ဖူးခဲ့တဲ့ အရာျဖစ္ၿပီး အရာအားလုံးအတြက္လည္း ပထမဆုံးအႀကိမ္ဆိုတာ ရွိပါတယ္။ ဒါေပမယ့္ သူ အျပစ္ရွိတယ္ဆိုရင္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို ခံစားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.