Premier League

ရော်နယ်လ်ဒိုကို အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့တဲ့ ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၀ တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လီယွန်နယ် မက်ဆီထက် လက်ရွေးစင်အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပဲ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ GOAT အငြင်းအခုံဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အချို့ကတော့ ချန်ပီယံလိဂ် ၅ ကြိမ် ရရှိထားတဲ့ ပေါ်တူဂီကြယ်ပွင့်က တသက်တာအကောင်းဆုံးလို့ ယုံကြည်ကြပေမယ့်လည်း အချို့ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံက အကောင်းဆုံးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကို အကောင်းဆုံးကစားသမားအဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲလို့ မေးမြန်းခဲ့ရာမှာ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား မက်ဆီကို ရော်နယ်လ်ဒိုထက် ပိုပြီး နှစ်သက်လို့ရတယ်။ ဒါမှမဟုတ် ခင်ဗျား ပီလီကို အခြား ဘယ်ကစားသမားမျိုးထက်မဆို နှစ်သက်လို့ရတယ်။ ကျွန်တော် ပီလီကစားတာ မမြင်ခဲ့ရဘူး။ အဲဒီတော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလို့ ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော့်အတွက်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က အကောင်းဆုံးပဲ။ ခင်ဗျား သူတို့တွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးမဟုတ်ဘူးလို့ ပြောလို့မရပါဘူး”

“ခင်ဗျား သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် တခြားတစ်ယောက်ကို ရွေးချယ်နိုင်တယ်။ အီတလီက လူတွေက ပီယာလို လိုမျိုး တစ်စုံတယောက်ကို နှစ်သက်နိုင်တယ်။ အင်္ဂလိပ်တွေက ဘက်ဟမ်းလိုမျိုး ကစားသမားကို နှစ်သက်နိုင်တယ်။ ခင်ဗျား ကြိုက်တာ ရွေးချယ်လို့ရတယ်။ ဒါပေမယ့် ဒီကစားသမား၂ ဦး(မက်ဆီနဲ့ ရော်နယ်လ်ဒို) ဘောလုံးအတွက် လုပ်ခဲ့တာတွေက အထင်ကြီးစရာကောင်းပါတယ်။”

ဖာနန်ဒက်စ်က ပေါ်တူဂီလူမျိုးဖြစ်နေတာကြောင့် ရော်နယ်လ်ဒိုကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး အယ်လ်နာဆာ ကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ပြီး ပျော်ရွှင်ခံစားချင်တယ်လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။

“ခရစ္စတီယာနိုက ကျွန်တော့်လိုပဲ ပေါ်တူဂီသားပါ။ ကျွန်တော် သူ့ကို ပျော်ရွှင်ခံစားဖို့ လိုတယ်။ သူက ကျွန်တော့်အတွက်တော့ အကောင်းဆုံးပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၀ တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ လီယွန်နယ် မက်ဆီထက် လက်ရွေးစင်အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပဲ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။