Premier League

ဟာလန်းအသက် ၃၀ ကျော်လောက်မှာ ဂိုးဘယ်လောက်အထိ သွင်းထားနိုင်မလဲပြောပြခဲ့တဲ့ ဂျိုး ကိုး

မန်ချက်စတာစီးတီးတိုက်စစ်မှူးက ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ နောက်ထပ် စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပြီးနောက် ဂိုး ၁၀၀၀ ပြည့်အောင် သွင်းယူနိုင်လိမ့်မယ်လို့ ဂျိုး ကိုးက တစ်ကြိုပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နော်ဝေတိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့မှာ ပြိုင်ပွဲစုံ ၄၅ ဂိုး ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဘယ်လို ပရီးမီးယားလိဂ်ကစားသမားတွေထက်မဆို ပိုမိုတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂျိုး ကိုးက မန်စီးတီးရဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အပြီးမှာ ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မယုံနိုင်စရာပါပဲ ။သူ့ရဲ့ ဂိုးဖန်တီးပေးမှုက ပြောင်မြောက်ပါတယ်။ ကြောက်ရွံ့စရာကောင်းတဲ့အရာက သူ ပိုပြီး ကောင်းသည်ထက် ကောင်းလာမှာပါ။ သူက ပိုပိုပြီးတော့ ပြီးပြည့်စုံလာမှာပါ။ကျွန်တော် ရီယိုကို ပြောခဲ့တာက သူ ဂိုး ၁၀၀၀ လောက် သွင်းလိမ့်မယ်ထင်တယ်ဆိုတာပါ”

” သူက ကျွန်တော့်ကို ရယ်ခဲ့တယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေကို ကြည့်လိုက်ပါ။ သူသာ အသက် ၃၀ အလယ်လောက်အထိ ကစားပြီး ဒဏ်ရာမရခဲ့ဘူးဆိုရင် သူ အဲဒါကို လုပ်နိုင်မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတိုက္စစ္မႉးက ဘိုင္ယန္ျမဴးနစ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေနာက္ထပ္ စံခ်ိန္တစ္ခုကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီးေနာက္ ဂိုး ၁၀၀၀ ျပည့္ေအာင္ သြင္းယူႏိုင္လိမ့္မယ္လို႔ ဂ်ိဳး ကိုးက တစ္ႀကိဳေပးခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေနာ္ေဝတိုက္စစ္မႉးဟာ ဗုဒၶဟူးေန႔မွာ ၿပိဳင္ပြဲစုံ ၄၅ ဂိုး ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး ဘယ္လို ပရီးမီးယားလိဂ္ကစားသမားေတြထက္မဆို ပိုမိုတဲ့ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဂ်ိဳး ကိုးက မန္စီးတီးရဲ႕ ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အၿပီးမွာ ခ်ီးက်ဴးေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“မယုံႏိုင္စရာပါပဲ ။သူ႔ရဲ႕ ဂိုးဖန္တီးေပးမႈက ေျပာင္ေျမာက္ပါတယ္။ ေၾကာက္႐ြံ႕စရာေကာင္းတဲ့အရာက သူ ပိုၿပီး ေကာင္းသည္ထက္ ေကာင္းလာမွာပါ။ သူက ပိုပိုၿပီးေတာ့ ၿပီးျပည့္စုံလာမွာပါ။ကြၽန္ေတာ္ ရီယိုကို ေျပာခဲ့တာက သူ ဂိုး ၁၀၀၀ ေလာက္ သြင္းလိမ့္မယ္ထင္တယ္ဆိုတာပါ”

” သူက ကြၽန္ေတာ့္ကို ရယ္ခဲ့တယ္။ ဒါေပမယ့္ ကိန္းဂဏန္းေတြကို ၾကည့္လိုက္ပါ။ သူသာ အသက္ ၃၀ အလယ္ေလာက္အထိ ကစားၿပီး ဒဏ္ရာမရခဲ့ဘူးဆိုရင္ သူ အဲဒါကို လုပ္ႏိုင္မွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.