Bundesliga Premier League

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးကို ျငင္းဆုိၿပီး မန္ခ်က္စတာယူႏုိက္တက္ကိုသာ ေရြးခ်ယ္ဖို႔ ဆန္ခ်ဳိကို စတမ္းတုိက္တြန္း

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ေအာင္ျမင္မွဳေတြ ရယူခဲ့တဲ့ နယ္သာလန္ကစားသမားေဟာင္းနဲ႔ နည္းျပ ယာ့ပ္ စတမ္းက ေဂ်ဒန္ ဆန္ခ်ဳိဟာ အုိးလ္ထရက္ဖို႔ဒ္ရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္လာႏုိင္လို႔ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးကို ျငင္းဆန္ၿပီး ေျပာင္းေရႊ႕လာခဲ့ဖို႔ တုိက္တြန္းလုိက္ပါတယ္။

စတမ္းအေနနဲ႔ ေတာင္ပံကစားသမား ဆန္ခ်ဳိဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြင္ ႀကီးမားတဲ့ လႊမ္းမိုးမွဳတစ္ခု ျဖစ္လာမွာျဖစ္ၿပီး သူ႕ရဲ႕ အနာဂတ္ကို အဂၤလန္ရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံးအသင္းတစ္သင္းနဲ႔ ပူးေပါင္းဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဒီအသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္ဟာ ေဒါ့မြန္အသင္းအတြက္ ၂၀၁၉-၂၀ ရာသီတြင္း စုစုေပါင္း ၄၅ ပြဲ ကစားအၿပီးမွာ ၁၈ ဂိုး သြင္းယူႏုိင္ခဲ့သလို ၁၅ ဂိုး ဖန္တီးေပးႏိုင္ခဲ့ၿပီး ဥေရာပရဲ႕ အျမင့္မားဆုံး စြမ္းေဆာင္ရည္ျပသထားႏုိင္သူေတြထဲက တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

“ယူႏုိက္တက္မွာဆုိရင္ ဆန္ခ်ဳိက တကယ့္ကို ပုံမွန္ကစားခြင့္ရၿပီး အသင္းအတြက္ စြမ္းေဆာင္မွဳ ႀကီးႀကီးမားမား ျပသခြင့္ရမယ့္သူပါ။ ဒါ့အျပင္ အသင္းကေန ဝမ္းေျမာက္ဝမ္းသာႀကဳိဆုိၿပီး အနာဂတ္ေကာင္းကိုလည္း ပုိင္ဆုိင္ႏိုင္မွာျဖစ္ပါတယ္”လို႔ စတမ္းက 888 Sport ကို ေျပာပါတယ္။

ဒါ့အျပင္ စတမ္းက ဆန္ခ်ဳိရဲ႕ ပုံစံကို ၾကည့္လုိက္တာနဲ႔ ဘယ္ေလာက္ေတာင္ ယုံၾကည္မွဳရွိတဲ့ ကစားသမားမ်ဳိးလဲဆုိတာ သိသာေနၿပီး ဒီလိုလူမ်ဳိးကမွ မန္ခ်က္စတာယူႏုိက္တက္အတြက္ အံဝင္ခြင္က်ျဖစ္ၿပီး အျပန္အလွန္ကူညီႏုိင္မယ့္သူမ်ဳိးျဖစ္တယ္လုိ႔လည္း ေျမႇာက္ပင့္ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုတွေ ရယူခဲ့တဲ့ နယ်သာလန်ကစားသမားဟောင်းနဲ့ နည်းပြ ယာ့ပ် စတမ်းက ဂျေဒန် ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်လာနိုင်လို့ လီဗာပူးလ်နဲ့ ချဲလ်ဆီးကို ငြင်းဆန်ပြီး ပြောင်းရွှေ့လာခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်။

စတမ်းအနေနဲ့ တောင်ပံကစားသမား ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွင် ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကို အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးအသင်းတစ်သင်းနဲ့ ပူးပေါင်းဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဒီအသက် ၁၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ ဒေါ့မွန်အသင်းအတွက် ၂၀၁၉-၂၀ ရာသီတွင်း စုစုပေါင်း ၄၅ ပွဲ ကစားအပြီးမှာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့သလို ၁၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ဥရောပရဲ့ အမြင့်မားဆုံး စွမ်းဆောင်ရည်ပြသထားနိုင်သူတွေထဲက တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

“ယူနိုက်တက်မှာဆိုရင် ဆန်ချိုက တကယ့်ကို ပုံမှန်ကစားခွင့်ရပြီး အသင်းအတွက် စွမ်းဆောင်မှု ကြီးကြီးမားမား ပြသခွင့်ရမယ့်သူပါ။ ဒါ့အပြင် အသင်းကနေ ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး အနာဂတ်ကောင်းကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်”လို့ စတမ်းက 888 Sport ကို ပြောပါတယ်။

ဒါ့အပြင် စတမ်းက ဆန်ချိုရဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ ဘယ်လောက်တောင် ယုံကြည်မှုရှိတဲ့ ကစားသမားမျိုးလဲဆိုတာ သိသာနေပြီး ဒီလိုလူမျိုးကမှ မန်ချက်စတာယူနိုက်တက်အတွက် အံဝင်ခွင်ကျဖြစ်ပြီး အပြန်အလှန်ကူညီနိုင်မယ့်သူမျိုးဖြစ်တယ်လို့လည်း မြှောက်ပင့်ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.