Premier League

အာဆင်ဝင်းဂါး ရောင်းခဲ့တဲ့ အရမ်းကောင်းတဲ့ကစားသမားကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အကယ်ဒမီထွက် ကြယ်ပွင့်ဟောင်း အစ္စမေးလ် ဘင်နေဆာကို ပြန်ခေါ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စီးရီးအေကလပ် အေစီမီလန်အသင်းအတွက် ကစားပေးနေတဲ့ ဘင်နေဆာဟာ ၂၀၁၅ ခုနှစ်တုန်းက အာဆင်ဝင်းဂါးလက်ထက်မှာ ခေါ်ယူခြင်းခံခဲ့ရတာ ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာ အယ်လ်ဂျီးရီးယားကြယ်ပွင့်ဟာ ကနဦးတုန်းက လူငယ်အသင်းအတွက် ကစားပေးခဲ့ရပေမယ့်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလက လိဂ်ဖလားပြိုင်ပွဲအတွင်းမှာ စီနီယာကစားသမားဘဝ ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ ကွင်းလယ်ကစားသမားရဲ့ အာဆင်နယ်ရှပ်နဲ့ ပထမဆုံးနဲ့ နောက်ဆုံး စီနီယာပွဲစဉ်ဖြစ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီကို လီဂူးတူးကလပ် တိုးစ်အသင်းကို အငှားနဲ့ သွားကစားခဲ့ရပြီးနောက် အဲဒီရာသီကုန်မှာပဲ အမ်ပိုလီအသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဘင်နေဆာဟာ အမ်ပိုလီအသင်းကို စီးရီးအေကို တန်းတက်နိုင်အောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီးနောက် အီတလီထိပ်တန်းပြိုင်ပွဲမှာ ပထမဆုံးရာသီကို စတင်ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

အမ်ပိုလီအသင်းအတွက် ၄ ရာသီအတွင်း ၁၃၈ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ဘင်နေဆာရဲ့ ခြေစွမ်းကို အေစီမီလန်အသင်းက မျက်စိကျခဲ့ပြီး လက်ရှိမှာ ဥရောပရဲ့ ထိပ်တန်းကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်နေတဲ့ အယ်လ်ဂျီးရီးယားကြယ်ပွင့်ကို ယူရို ၁ သန်းလောက်နဲ့ ထွက်ခွာခွင့်ပေးခဲ့မိတာကို အာဆင်နယ်အနေနဲ့ နောင်တရနေလောက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ဘင်နေဆာဟာ အရမ်းကောင်းတဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး လက်ရှိမှာတော့ အာတီတာဟာ အာဆင်နယ်အကယ်ဒမီထွက် ကြယ်ပွင့်ဟောင်းရဲ့ အပြောင်းအရွှေ့အမှားကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အီတလီသတင်းဌာန Calciomercato ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ချဲလ်ဆီးကြယ်ပွင့် ဂျော်ဂျင်ညိုကို အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ မခေါ်ယူခင် ဘင်နေဆာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားကြယ်ပွင့်မှာ အာတီတာ နှစ်သက်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ယင်းသတင်းက ထပ်လောင်း ဖော်ပြခဲ့ပြီး စပိန်လူမျိုးနည်းပြနဲ့ ဘင်နေဆာတို့ဟာ အဲဒီအချိန်တုန်းက အသင်းဖော်တွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အာတီတာဟာ ဒီဇင်ဘာလတုန်းက ဒူဘိုင်း စူပါဖလားပြိုင်ပွဲမှာ အေစီမီလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘင်နေဆာနဲ့ စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး အယ်လ်ဂျီးရီးယားကွင်းလယ်လူဟာ ဆန်စီရိုမှာ ၎င်းရဲ့ အနာဂတ်ကို ကာလရှည် ဆက်ရှိနေဖို့ ဆုံးဖြတ်ထားတာကြောင့် ပရီးမီးယားလိဂ်နဲ့ လာလီဂါတို့က ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အာဆင္နယ္အကယ္ဒမီထြက္ ၾကယ္ပြင့္ေဟာင္း အစၥေမးလ္ ဘင္ေနဆာကို ျပန္ေခၚဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာ စီးရီးေအကလပ္ ေအစီမီလန္အသင္းအတြက္ ကစားေပးေနတဲ့ ဘင္ေနဆာဟာ ၂၀၁၅ ခုႏွစ္တုန္းက အာဆင္ဝင္းဂါးလက္ထက္မွာ ေခၚယူျခင္းခံခဲ့ရတာ ျဖစ္ၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္မွာ အယ္လ္ဂ်ီးရီးယားၾကယ္ပြင့္ဟာ ကနဦးတုန္းက လူငယ္အသင္းအတြက္ ကစားေပးခဲ့ရေပမယ့္လည္း ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလက လိဂ္ဖလားၿပိဳင္ပြဲအတြင္းမွာ စီနီယာကစားသမားဘဝ ပြဲဦးထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္ဟာ ကြင္းလယ္ကစားသမားရဲ႕ အာဆင္နယ္ရွပ္နဲ႔ ပထမဆုံးနဲ႔ ေနာက္ဆုံး စီနီယာပြဲစဥ္ျဖစ္ခဲ့ၿပီး ၂၀၁၆-၂၀၁၇ ရာသီကို လီဂူးတူးကလပ္ တိုးစ္အသင္းကို အငွားနဲ႔ သြားကစားခဲ့ရၿပီးေနာက္ အဲဒီရာသီကုန္မွာပဲ အမ္ပိုလီအသင္းကို အၿပီးသတ္ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဘင္ေနဆာဟာ အမ္ပိုလီအသင္းကို စီးရီးေအကို တန္းတက္ႏိုင္ေအာင္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၿပီးေနာက္ အီတလီထိပ္တန္းၿပိဳင္ပြဲမွာ ပထမဆုံးရာသီကို စတင္ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

အမ္ပိုလီအသင္းအတြက္ ၄ ရာသီအတြင္း ၁၃၈ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ ဘင္ေနဆာရဲ႕ ေျခစြမ္းကို ေအစီမီလန္အသင္းက မ်က္စိက်ခဲ့ၿပီး လက္ရွိမွာ ဥေရာပရဲ႕ ထိပ္တန္းကြင္းလယ္ခံစစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ေနတဲ့ အယ္လ္ဂ်ီးရီးယားၾကယ္ပြင့္ကို ယူ႐ို ၁ သန္းေလာက္နဲ႔ ထြက္ခြာခြင့္ေပးခဲ့မိတာကို အာဆင္နယ္အေနနဲ႔ ေနာင္တရေနေလာက္ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက ဘင္ေနဆာဟာ အရမ္းေကာင္းတဲ့ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး လက္ရွိမွာေတာ့ အာတီတာဟာ အာဆင္နယ္အကယ္ဒမီထြက္ ၾကယ္ပြင့္ေဟာင္းရဲ႕ အေျပာင္းအေ႐ႊ႕အမွားကို ျပန္လည္ျပင္ဆင္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အီတလီသတင္းဌာန Calciomercato ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ခ်ဲလ္ဆီးၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳကို အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ မေခၚယူခင္ ဘင္ေနဆာကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။ အယ္လ္ဂ်ီးရီးယားၾကယ္ပြင့္မွာ အာတီတာ ႏွစ္သက္တဲ့ အရည္အခ်င္းေတြ ရွိတယ္လို႔ ယင္းသတင္းက ထပ္ေလာင္း ေဖာ္ျပခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပနဲ႔ ဘင္ေနဆာတို႔ဟာ အဲဒီအခ်ိန္တုန္းက အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

အာတီတာဟာ ဒီဇင္ဘာလတုန္းက ဒူဘိုင္း စူပါဖလားၿပိဳင္ပြဲမွာ ေအစီမီလန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဘင္ေနဆာနဲ႔ စကားေျပာဆိုေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အယ္လ္ဂ်ီးရီးယားကြင္းလယ္လူဟာ ဆန္စီ႐ိုမွာ ၎ရဲ႕ အနာဂတ္ကို ကာလရွည္ ဆက္ရွိေနဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ပရီးမီးယားလိဂ္နဲ႔ လာလီဂါတို႔က ကမ္းလွမ္းမႈေတြကို ျငင္းပယ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.