Premier League

ကန်ဆယ်လိုရဲ့အပြုအမူကြောင့် သဘောထားကွဲလွဲခဲ့ကြတဲ့ စီးတီးပရိသတ်များ

ဂျာအို ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင် မန်ချက်စတာစီးတီးပရိသတ်တွေဆီကနေ အနွေးထွေးဆုံး ကြိုဆိုမှုကို မရရှိခဲ့ပါဘူး။

ပေါ်တူဂီနောက်ခံတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အစ်တီဟတ်ကို ရုတ်တရက် စွန့်ခွာသွားခဲ့ပြီးနောက် အိမ်ကို ပြန်လာခဲ့တာဖြစ်ပြီး နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေး အကောင်းမွန်ဆုံးပုံစံနဲ့ အဆုံးသတ်ခဲ့တာမဟုတ်ပေမယ့် လာမယ့်နွေရာသီမှာ မန်စီးတီးကို ပြန်လာနိုင်ဖို့ အခွင့်အရေးရှိနေသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးပရိသတ်တွေဟာ ကန်ဆယ်လို အရန်ခုံကနေ လူစားဝင်ကစားခဲ့ချိန်မှာ လှောင်ပြောင်ခဲ့ပြီးနောက် ပေါ်တူဂီနောက်ခံလူ အစ်တီဟတ်ပြန်လာမယ့်အစီအစဉ်ကို မနှစ်သက်ဘူးဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ပွဲမတိုင်ခင် အသင်းကို လေးစားမှု ပြသခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေ ကင်မရာတွေက ကန်ဆယ်လို အစ်တီဟတ်ကို ရောက်လာပြီး ကွင်းထဲကို ဝင်သွားတာကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ ဂျာအို ကန်ဆယ်လိုဟာ ကော်ဇောမှာ ပုံနှိပ်ထားတဲ့ မန်ချက်စတာစီးတီးအသင်းတံဆိပ်ကို မနင်းဘဲ ရှောင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒီအပြုအမူဟာ ပေါ်တူဂီနောက်ခံလူဆီကနေ အသင်းအပေါ် ဘယ်လောက်အထိ လေးစားမှုရှိလဲဆိုတာကို ပြသခဲ့တာဖြစ်ပေမယ့် လူမှုကွန်ရက်ပေါ်က ပရိသတ်တွေအများအပြားဟာ ပဟေဋ္ဌိဖြစ်ခဲ့ကြပုံပေါ်ပါတယ်။

ပရိသတ်တစ်ဦးက “ကော်ဇောမှာ ပုံနှိပ်ထားတဲ့ အသင်းတံဆိပ်အပေါ် လမ်းလျှောက်တာက လေးစားမှု မရှိတာ လုံးဝမဟုတ်ဘူး”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ခင်ဗျားရဲ့ လိုဂိုအပေါ် နင်းတာက လေးစားမှုမရှိတာလို့ ထင်ရင် အဲဒါကို မြေကြီးပေါ်မှာ မထားနဲ့။ လမ်းအကျယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိ လုပ်မထားနဲ့လေ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကန်ဆယ်လိုရဲ့ အပြုအမူဟာ မန်ချက်စတာစီးတီး ပရိသတ်တွေရဲ့ မေတ္တာကို ပြန်ရဖို့ ကြိုးပမ်းတာလား မသိပေမယ့် အလုပ်မဖြစ်ခဲ့တာတော့ ကျိန်းသေပြီး အသက် ၂၈ နှစ်အရွယ်နောက်ခံလူဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၁ ကြိမ်တက်ရောက်နိုင်အောင် ကူညီပေးထားတဲ့ မန်စီးတီးကစားသမားဖြစ်နေဆဲဖြစ်ပေမယ့်လည်း အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာအို ကန္ဆယ္လိုဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္ မန္ခ်က္စတာစီးတီးပရိသတ္ေတြဆီကေန အေႏြးေထြးဆုံး ႀကိဳဆိုမႈကို မရရွိခဲ့ပါဘူး။

ေပၚတူဂီေနာက္ခံေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အစ္တီဟတ္ကို ႐ုတ္တရက္ စြန႔္ခြာသြားခဲ့ၿပီးေနာက္ အိမ္ကို ျပန္လာခဲ့တာျဖစ္ၿပီး နည္းျပနဲ႔ ကစားသမားၾကား ဆက္ဆံေရး အေကာင္းမြန္ဆုံးပုံစံနဲ႔ အဆုံးသတ္ခဲ့တာမဟုတ္ေပမယ့္ လာမယ့္ေႏြရာသီမွာ မန္စီးတီးကို ျပန္လာႏိုင္ဖို႔ အခြင့္အေရးရွိေနေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ကန္ဆယ္လို အရန္ခုံကေန လူစားဝင္ကစားခဲ့ခ်ိန္မွာ ေလွာင္ေျပာင္ခဲ့ၿပီးေနာက္ ေပၚတူဂီေနာက္ခံလူ အစ္တီဟတ္ျပန္လာမယ့္အစီအစဥ္ကို မႏွစ္သက္ဘူးဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ပြဲမတိုင္ခင္ အသင္းကို ေလးစားမႈ ျပသခဲ့တာျဖစ္ၿပီး ယူအီးအက္ဖ္ေအ ကင္မရာေတြက ကန္ဆယ္လို အစ္တီဟတ္ကို ေရာက္လာၿပီး ကြင္းထဲကို ဝင္သြားတာကို ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

ဗီဒီယိုထဲမွာ ဂ်ာအို ကန္ဆယ္လိုဟာ ေကာ္ေဇာမွာ ပုံႏွိပ္ထားတဲ့ မန္ခ်က္စတာစီးတီးအသင္းတံဆိပ္ကို မနင္းဘဲ ေရွာင္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဒီအျပဳအမူဟာ ေပၚတူဂီေနာက္ခံလူဆီကေန အသင္းအေပၚ ဘယ္ေလာက္အထိ ေလးစားမႈရွိလဲဆိုတာကို ျပသခဲ့တာျဖစ္ေပမယ့္ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြအမ်ားအျပားဟာ ပေဟ႒ိျဖစ္ခဲ့ၾကပုံေပၚပါတယ္။

ပရိသတ္တစ္ဦးက “ေကာ္ေဇာမွာ ပုံႏွိပ္ထားတဲ့ အသင္းတံဆိပ္အေပၚ လမ္းေလွ်ာက္တာက ေလးစားမႈ မရွိတာ လုံးဝမဟုတ္ဘူး”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ခင္ဗ်ားရဲ႕ လိုဂိုအေပၚ နင္းတာက ေလးစားမႈမရွိတာလို႔ ထင္ရင္ အဲဒါကို ေျမႀကီးေပၚမွာ မထားနဲ႔။ လမ္းအက်ယ္ရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္အထိ လုပ္မထားနဲ႔ေလ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ကန္ဆယ္လိုရဲ႕ အျပဳအမူဟာ မန္ခ်က္စတာစီးတီး ပရိသတ္ေတြရဲ႕ ေမတၱာကို ျပန္ရဖို႔ ႀကိဳးပမ္းတာလား မသိေပမယ့္ အလုပ္မျဖစ္ခဲ့တာေတာ့ က်ိန္းေသၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ အသင္းကို ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ၁ ႀကိမ္တက္ေရာက္ႏိုင္ေအာင္ ကူညီေပးထားတဲ့ မန္စီးတီးကစားသမားျဖစ္ေနဆဲျဖစ္ေပမယ့္လည္း အိမ္ကြင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.