UCL&UEL

စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အများကြီးပျော်ခဲ့ရတယ်လို့ ပြောခဲ့တဲ့ တူဟယ်

သောမတ်စ် တူဟယ်က ဘိုင်ယန်မြူးနစ်က မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ၎င်းရဲ့အသင်းကို ချစ်မြတ်နိုးမိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်ချန်ပီယံတွေဟာ ၂၇ မိနစ်မှာ ရိုဒရီရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းချက်ကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဒုတိယပိုင်းအစမှာ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး အီဒါဆန်ကို ဂိုးကာကွယ်မှုအများအပြား ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အူပါမီကာနိုက ဘာနာဒို ဆေးလ်ဗားရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို အမှားကနေ လက်ဆောင်ပေးခဲ့မိပြီး မန်စီးတီးဟာ ပွဲစဉ်အတွင်း ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ရန်း ဆွန်းမားဟာ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု အများအပြားပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အာလင်း ဟာလန်းက မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ချိန်မှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် ပွဲပြီးသွားခဲ့ပုံပေါ်ခဲ့တာဖြစ်ပေမယ့်လည်း တူဟယ်က ၎င်းရဲ့အသင်းဆီကနေ မြင်တွေ့ခဲ့ရတာတွေကို ကျေနပ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အမှန်တကယ်တော့ ဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပြီး အဲဒီပမာဏဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့အချိန်ကတည်းက ပြိုင်ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှု အများဆုံးရခဲ့တဲ့ပမာဏ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်က အစ်တီဟတ်မှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်က ပွဲမပြီးသေးဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ရလဒ်နဲ့ပတ်သက်ပြီး လုံးဝကို သဘောမတူပါဘူး။ ကျွန်တော်တို့က ပိုကောင်းမွန်တဲ့အသင်းဖြစ်နေတဲ့အချိန်မှာ အပြစ်ပေးခံခဲ့ရတာပါ။ ကျွန်တော်တို့ ဒီနေ့ ရက်ရက်စက်စက် အပြစ်ပေးခံခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ၂-၀ အထိ အရမ်းကောင်းမွန်နေခဲ့တယ်လို့ ကျွန်တော် ထင်မိခဲ့ပါတယ်။ ကျွန်တော် ရလဒ်အကြောင်းပဲ မပြောချင်ပါဘူး။ ကျွန်တော်တို့ မိနစ် ၇၀ အထိ အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနည်းဆုံး ၁ ဂိုးလောက်တော့ ရဖို့ ထိုက်တန်ခဲ့ပြီး ဘောလုံးပေးခဲ့ရတာတွေ တစ်ကြိမ်၊ နှစ်ကြိမ် အရမ်းများခဲ့တယ်။ ကျွန်တော်တို့ ကစားသမားတွေက ယုံကြည်မှုနဲ့ ခြေစွမ်းနည်းနည်း         ကင်းမဲ့နေခဲ့တယ်လို့ ထင်တယ်။ ရလဒ်က ကျွန်တော်တို့အတွက် ခါးသီးတယ်ဆိုတာကို သိသာပါတယ်။ ကျွန်တော် ဒီနေ့ ကျွန်တော့်အသင်းကို ချစ်မြတ်နိုးမိတယ်။ သူတို့တွေ စွမ်းဆောင်ခဲ့တဲ့ ပုံစံကိုပေါ့။ ထူးထူးဆန်းဆန်းပြောရရင် အဲဒါက အများကြီး ပျော်ဖို့ကောင်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေသာမတ္စ္ တူဟယ္က ဘိုင္ယန္ျမဴးနစ္က မန္ခ်က္စတာစီးတီးနဲ႔ပြဲစဥ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ၎ရဲ႕အသင္းကို ခ်စ္ျမတ္ႏိုးမိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ာမန္ခ်န္ပီယံေတြဟာ ၂၇ မိနစ္မွာ ႐ိုဒရီရဲ႕ ပင္နယ္တီဧရိယာအျပင္ဘက္က ဘယ္ေျခနဲ႔ ဝိုက္ကန္သြင္းခ်က္ေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္က ဒုတိယပိုင္းအစမွာ ပိုမိုေကာင္းမြန္တဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့ၿပီး အီဒါဆန္ကို ဂိုးကာကြယ္မႈအမ်ားအျပား ျပဳလုပ္ေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အူပါမီကာႏိုက ဘာနာဒို ေဆးလ္ဗားရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို အမွားကေန လက္ေဆာင္ေပးခဲ့မိၿပီး မန္စီးတီးဟာ ပြဲစဥ္အတြင္း ဂိုးေပါက္ကန္သြင္းမႈ ၉ ႀကိမ္အထိ ျပဳလုပ္ခဲ့တာေၾကာင့္ ရန္း ဆြန္းမားဟာ အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ အမ်ားအျပားျပဳလုပ္ခဲ့ရတာ ျဖစ္ပါတယ္။

အာလင္း ဟာလန္းက မန္ခ်က္စတာစီးတီးအသင္းအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ခ်ိန္မွာေတာ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္အတြက္ ပြဲၿပီးသြားခဲ့ပုံေပၚခဲ့တာျဖစ္ေပမယ့္လည္း တူဟယ္က ၎ရဲ႕အသင္းဆီကေန ျမင္ေတြ႕ခဲ့ရတာေတြကို ေက်နပ္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အမွန္တကယ္ေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၅၆ ရာခိုင္ႏႈန္းအထိ ရွိခဲ့တာျဖစ္ၿပီး အဲဒီပမာဏဟာ အစ္တီဟတ္မွာ ဂြါဒီယိုလာ တာဝန္ယူကိုင္တြယ္ခဲ့တဲ့အခ်ိန္ကတည္းက ၿပိဳင္ဘက္အသင္း ေဘာလုံးပိုင္ဆိုင္မႈ အမ်ားဆုံးရခဲ့တဲ့ပမာဏ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နည္းျပ ေသာမတ္စ္ တူဟယ္က အစ္တီဟတ္မွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္က ပြဲမၿပီးေသးဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရလဒ္နဲ႔ပတ္သက္ၿပီး လုံးဝကို သေဘာမတူပါဘူး။ ကြၽန္ေတာ္တို႔က ပိုေကာင္းမြန္တဲ့အသင္းျဖစ္ေနတဲ့အခ်ိန္မွာ အျပစ္ေပးခံခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ဒီေန႔ ရက္ရက္စက္စက္ အျပစ္ေပးခံခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္က ၂-၀ အထိ အရမ္းေကာင္းမြန္ေနခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္မိခဲ့ပါတယ္။ ကြၽန္ေတာ္ ရလဒ္အေၾကာင္းပဲ မေျပာခ်င္ပါဘူး။ ကြၽန္ေတာ္တို႔ မိနစ္ ၇၀ အထိ အရမ္းေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ အနည္းဆုံး ၁ ဂိုးေလာက္ေတာ့ ရဖို႔ ထိုက္တန္ခဲ့ၿပီး ေဘာလုံးေပးခဲ့ရတာေတြ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ အရမ္းမ်ားခဲ့တယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြက ယုံၾကည္မႈနဲ႔ ေျခစြမ္းနည္းနည္း         ကင္းမဲ့ေနခဲ့တယ္လို႔ ထင္တယ္။ ရလဒ္က ကြၽန္ေတာ္တို႔အတြက္ ခါးသီးတယ္ဆိုတာကို သိသာပါတယ္။ ကြၽန္ေတာ္ ဒီေန႔ ကြၽန္ေတာ့္အသင္းကို ခ်စ္ျမတ္ႏိုးမိတယ္။ သူတို႔ေတြ စြမ္းေဆာင္ခဲ့တဲ့ ပုံစံကိုေပါ့။ ထူးထူးဆန္းဆန္းေျပာရရင္ အဲဒါက အမ်ားႀကီး ေပ်ာ္ဖို႔ေကာင္းခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.