La Liga Premier League

ဂန်းနားတွေနဲ့ ပူးပေါင်းဖို့ အလေးအနက် စဉ်းစားနေတဲ့ ဘာစီလိုနာကြယ်ပွင့်

ဘာစီလိုနာကြယ်ပွင့် ရာဖင်ညာဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာဖို့ အလေးအနက် စဉ်းစားနေတယ်လို့ ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းကို အန်းဖီးမှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့ပြီးနောက် သရေကျခဲ့တာကြောင့် ဆုဖလားပြိုင်ပွဲဟာ စိတ်ဝင်စားစရာ ပိုကောင်းလာခဲဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အန်းဖီးကွင်းမှာ အနိုင်ရရှိနိုင်မယ့် အခွင့်အရေးနဲ့ မန်ချက်စတာစီးတီးအသင်းကို ၈ မှတ် ပြန်ဖြတ်ပြီး ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ မန်ချက်စတာစီးတီးထက် ၁ ပွဲပို ၆ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေဆဲဖြစ်တာကြောင့် လက်ကျန် ၇ ပွဲစလုံးကို အနိုင်ကစားနိုင်မယ်ဆိုရင် ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ကွင်းအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ တိုက်ပွဲဝင်နေချိန်မှာ အသင်းရဲ့ ကစားသမားသစ် စုဆောင်းရေးအဖွဲ့ကလည်း နောက်ကွယ်မှာ အလုပ်လုပ်နေပုံပေါ်ပြီး မြောက်လန်ဒန်ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ကာလ အများအပြားမှာ သတင်းထွက်နေခဲ့တဲ့သူကတော့ ရာဖင်ညာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာဖင်ညာ လိဒ်စ်ယူနိုက်တက်ကနေ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ဖို့ မဆုံးဖြတ်ခင် ဘရာဇီးလ်တောင်ပံကစားသမားကို စိတ်ဝင်စားခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ ယခုလာမယ့်နွေရာသီမှာ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

ဘောလုံး ဂျာနယ်လစ် ပိ အိုရော့ခ်က ရာဖင်ညာဟာ ယခုနွေရာသီမှာ ကတ်တလန်အသင်းကြီးကို စွန့်ခွာနိုင်ပြီး အာဆင်နယ်အသင်းက ဘရာဇီးလ်ကြယ်ပွင့် အလေးအနက်ထား စဉ်းစားသွားမယ့် အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရာဖင်ညာက ဘာစီလိုနာကို စွန့်ခွာခဲ့ရင် အာဆင်နယ်က သူ အလေးအနက်ထား စဉ်းစားမယ့်အသင်းတွေထဲက တစ်သင်းဖြစ်နိုင်ပြီး အခုလက်ရှိ အမ်းမရိတ်စ်မှာ သွားနေတဲ့ စီမံကိန်းကို ထည့်သွင်းစဉ်းစားသွားမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်ကစားခွင့်ကလည်း ရနိုင်တော့မယ်ဆိုတာ သိသာပြီး သူတို့တွေ ပရီးမီးယားလိဂ်ချန်ပီယံလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘယ်လိုကစားသမားမျိုးအတွက်မဆို စိတ်လှုပ်ရှားစရာ စီမံကိန်းဖြစ်ပြီး အာဆင်နယ်က စိတ်ဝင်စားနေတဲ့ ထိပ်တန်းပစ်မှတ်တွေကို ခေါ်ယူရာမှာ အဲဒါက အားတက်စရာဖြစ်ပါလိမ့်မယ်။ တကယ်လို့ အာဆင်နယ်အသင်းသာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရရင် သူတို့တွေ လူစာရင်းကို အင်အားတိုးမြှင့်မှာဖြစ်ပြီး ရာဖင်ညာက အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာၾကယ္ပြင့္ ရာဖင္ညာဟာ ယခုေႏြရာသီမွာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာဖို႔ အေလးအနက္ စဥ္းစားေနတယ္လို႔ ဂ်ာနယ္လစ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းက အာဆင္နယ္အသင္းကို အန္းဖီးမွာ ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ေခ်ပဂိုးေတြ ျပန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ သေရက်ခဲ့တာေၾကာင့္ ဆုဖလားၿပိဳင္ပြဲဟာ စိတ္ဝင္စားစရာ ပိုေကာင္းလာခဲဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း အန္းဖီးကြင္းမွာ အႏိုင္ရရွိႏိုင္မယ့္ အခြင့္အေရးနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ၈ မွတ္ ျပန္ျဖတ္ၿပီး ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ မန္ခ်က္စတာစီးတီးထက္ ၁ ပြဲပို ၆ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနဆဲျဖစ္တာေၾကာင့္ လက္က်န္ ၇ ပြဲစလုံးကို အႏိုင္ကစားႏိုင္မယ္ဆိုရင္ ရာသီကုန္မွာ ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ႏိုင္မွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းက ကြင္းအတြင္းမွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ တိုက္ပြဲဝင္ေနခ်ိန္မွာ အသင္းရဲ႕ ကစားသမားသစ္ စုေဆာင္းေရးအဖြဲ႕ကလည္း ေနာက္ကြယ္မွာ အလုပ္လုပ္ေနပုံေပၚၿပီး ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕ကာလ အမ်ားအျပားမွာ သတင္းထြက္ေနခဲ့တဲ့သူကေတာ့ ရာဖင္ညာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရာဖင္ညာ လိဒ္စ္ယူႏိုက္တက္ကေန ဘာစီလိုနာအသင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ဖို႔ မဆုံးျဖတ္ခင္ ဘရာဇီးလ္ေတာင္ပံကစားသမားကို စိတ္ဝင္စားခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ယခုလာမယ့္ေႏြရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးပမ္းခြင့္ ရရွိႏိုင္တယ္လို႔ သိရပါတယ္။

ေဘာလုံး ဂ်ာနယ္လစ္ ပိ အိုေရာ့ခ္က ရာဖင္ညာဟာ ယခုေႏြရာသီမွာ ကတ္တလန္အသင္းႀကီးကို စြန႔္ခြာႏိုင္ၿပီး အာဆင္နယ္အသင္းက ဘရာဇီးလ္ၾကယ္ပြင့္ အေလးအနက္ထား စဥ္းစားသြားမယ့္ အသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ရာဖင္ညာက ဘာစီလိုနာကို စြန႔္ခြာခဲ့ရင္ အာဆင္နယ္က သူ အေလးအနက္ထား စဥ္းစားမယ့္အသင္းေတြထဲက တစ္သင္းျဖစ္ႏိုင္ၿပီး အခုလက္ရွိ အမ္းမရိတ္စ္မွာ သြားေနတဲ့ စီမံကိန္းကို ထည့္သြင္းစဥ္းစားသြားမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ အာဆင္နယ္အသင္းမွာ ခ်န္ပီယံလိဂ္ကစားခြင့္ကလည္း ရႏိုင္ေတာ့မယ္ဆိုတာ သိသာၿပီး သူတို႔ေတြ ပရီးမီးယားလိဂ္ခ်န္ပီယံလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒီေတာ့ ဘယ္လိုကစားသမားမ်ိဳးအတြက္မဆို စိတ္လႈပ္ရွားစရာ စီမံကိန္းျဖစ္ၿပီး အာဆင္နယ္က စိတ္ဝင္စားေနတဲ့ ထိပ္တန္းပစ္မွတ္ေတြကို ေခၚယူရာမွာ အဲဒါက အားတက္စရာျဖစ္ပါလိမ့္မယ္။ တကယ္လို႔ အာဆင္နယ္အသင္းသာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားရရင္ သူတို႔ေတြ လူစာရင္းကို အင္အားတိုးျမႇင့္မွာျဖစ္ၿပီး ရာဖင္ညာက အလြန္ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.