Premier League

ဘုန်းမောက်အသင်းပိုင်ရှင်ဖြစ်လာတဲ့ ဘလက်ပန်သာမင်းသား

The Wire, Black Panther and Creed ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့မှုကြောင့် ကျော်ကြားလာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် မိုက်ကယ် ဘီ ဂျော်ဒန်ဟာ ဘုန်းမောက်အသင်းရဲ့ လူနည်းစု ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဘီလ် ဖိုလေဟာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဘုန်းမောက်အသင်းကို လက်လွှဲ ဝယ်ယူမှုကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး Black Knight Football and Entertainment (BKFE) က ရှယ်ယာရာခိုင်နှုန်း ၅၀.၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဖိုလေက ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဂျော်ဒန်ကလည်း ရင်းနှီးမြှုပ်နှံသူ ဖြစ်ပြီး လီဗာပူးလ်မှာ အန်ဘီအေကြယ်ပွင့် လီဘရွန် ဂျိမ်းစ် ရှယ်ယာပိုင်ဆိုင်ထားသလိုမျိုး လူနည်းစု ရှယ်ယာရှင်ဖြစ်လာခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူး ဂျိုရွှာ ကင်းက ဗီတာလတီ ကွင်းမှာ မရှိတော့တာ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

ဂျော်ဒန်က Black Panther ဇာတ်ကားထဲက နာမည်ကျော်တဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ တီချာလာနဲ့ ဘလက်ပန်သာအစွမ်းအတွက် တိုက်ခိုက်တဲ့အခန်းထဲက “ဒါက မင်းတို့ရဲ့ ဘုရင်လား”လို့ နော်ဝေတိုက်စစ်မှူးကို လက်ညှိုးထိုးပြီး မေးတာကို မြင်ရရင် အရမ်းပျော်စရာကောင်းမှာ ဖြစ်ပါတယ်။

“ဒီကလပ်အသင်းအတွက် ဘုန်းမောက် အသိုင်းအဝိုင်းက ပြသတဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ အားပေးထောက်ခံမှုအတွက် ကြီးမားတဲ့ လေးစားမှု ရှိပြီး ဒီလို အသိုင်းအဝိုင်းနဲ့ အသင်း ချိတ်ဆက်မှုက အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ချဉ်းကပ်မှုဖြစ်တဲ့ အမြဲတမ်း ရှေ့ဆက်မယ်။ ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတဲ့အတိုင်း ရှေ့ဆက်သွားမှာပါ။ ကျွန်တော် ဘုန်းမောက်အသင်းကို အောင်မြင်မှုရဖို့ ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားမှာ ထားနိုင်ဖို့ ကစားသမားတွေ တိုးတက်မှု၊ အဆောက်အဦတွေနဲ့ ပရိသတ်တွေ တွေ့ကြုံခံစားရမှုတွေကို မြှင့်တင်ဖို့ ဘောလုံးနဲ့ စီးပွားရေး စိတ်သဘောထားတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ကတိပြုပါတယ်”လို့ ဖိုလေက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟောလီးဝုဒ် နာမည်ကျော် ထိပ်တန်းမင်းသားဟာ ဝရက်စ်ဟမ်းအသင်းကို ပိုင်ဆိုင်တဲ့ ရိုင်ယန် ရေးနိုးစ်၊ ရော့ဘ် မက်ကယ်ဟန်နီတို့လို ဗြိတိန်ကလပ်အသင်းကို ပိုင်ဆိုင်သူဖြစ်လာပြီး အခြား နာမည်ကျော် ရုပ်ရှင်ကြယ်ပွင့်အများအပြားလည်း မေဂျာလိဂ်မှာ ကလပ်အသင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ရိစ် ဝစ်သာစပွန်းက နက်ရှ်ဗီးလ်မှာ ရှယ်ယာပိုင်ဆိုင်ထားပြီး ဝီလ် ဖားရဲလ်က လော့စ်အိန်ဂျလိစ် အက်ဖ်စီ၊ မက်သရူး မက်ကော်နေဟေးက အော်စတင်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: The Wire, Black Panther and Creed ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့မႈေၾကာင့္ ေက်ာ္ၾကားလာခဲ့တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မိုက္ကယ္ ဘီ ေဂ်ာ္ဒန္ဟာ ဘုန္းေမာက္အသင္းရဲ႕ လူနည္းစု ရွယ္ယာရွင္ ျဖစ္လာခဲ့ပါတယ္။

အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံသူ ဘီလ္ ဖိုေလဟာ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ ဘုန္းေမာက္အသင္းကို လက္လႊဲ ဝယ္ယူမႈကို အၿပီးသတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး Black Knight Football and Entertainment (BKFE) က ရွယ္ယာရာခိုင္ႏႈန္း ၅၀.၁ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားၿပီး ဖိုေလက ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားတာ ျဖစ္ပါတယ္။

ေဂ်ာ္ဒန္ကလည္း ရင္းႏွီးျမႇဳပ္ႏွံသူ ျဖစ္ၿပီး လီဗာပူးလ္မွာ အန္ဘီေအၾကယ္ပြင့္ လီဘ႐ြန္ ဂ်ိမ္းစ္ ရွယ္ယာပိုင္ဆိုင္ထားသလိုမ်ိဳး လူနည္းစု ရွယ္ယာရွင္ျဖစ္လာခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉး ဂ်ိဳ႐ႊာ ကင္းက ဗီတာလတီ ကြင္းမွာ မရွိေတာ့တာ စိတ္ပ်က္စရာ ျဖစ္ခဲ့ပါတယ္။

ေဂ်ာ္ဒန္က Black Panther ဇာတ္ကားထဲက နာမည္ေက်ာ္တဲ့ ဇာတ္ဝင္ခန္းျဖစ္တဲ့ တီခ်ာလာနဲ႔ ဘလက္ပန္သာအစြမ္းအတြက္ တိုက္ခိုက္တဲ့အခန္းထဲက “ဒါက မင္းတို႔ရဲ႕ ဘုရင္လား”လို႔ ေနာ္ေဝတိုက္စစ္မႉးကို လက္ညႇိဳးထိုးၿပီး ေမးတာကို ျမင္ရရင္ အရမ္းေပ်ာ္စရာေကာင္းမွာ ျဖစ္ပါတယ္။

“ဒီကလပ္အသင္းအတြက္ ဘုန္းေမာက္ အသိုင္းအဝိုင္းက ျပသတဲ့ စိတ္ဆႏၵျပင္းျပမႈနဲ႔ အားေပးေထာက္ခံမႈအတြက္ ႀကီးမားတဲ့ ေလးစားမႈ ရွိၿပီး ဒီလို အသိုင္းအဝိုင္းနဲ႔ အသင္း ခ်ိတ္ဆက္မႈက ေအာင္ျမင္မႈအတြက္ အေျခခံအုတ္ျမစ္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္ရဲ႕ ႀကိဳးစားအားထုတ္မႈအားလုံးကို အဓိပၸာယ္ဖြင့္ဆိုထားတဲ့ ခ်ဥ္းကပ္မႈျဖစ္တဲ့ အၿမဲတမ္း ေရွ႕ဆက္မယ္။ ဘယ္ေတာ့မွ ေနာက္မဆုတ္ဘူးဆိုတဲ့အတိုင္း ေရွ႕ဆက္သြားမွာပါ။ ကြၽန္ေတာ္ ဘုန္းေမာက္အသင္းကို ေအာင္ျမင္မႈရဖို႔ ျဖစ္ႏိုင္သမွ် အေကာင္းဆုံး အေနအထားမွာ ထားႏိုင္ဖို႔ ကစားသမားေတြ တိုးတက္မႈ၊ အေဆာက္အဦေတြနဲ႔ ပရိသတ္ေတြ ေတြ႕ႀကဳံခံစားရမႈေတြကို ျမႇင့္တင္ဖို႔ ေဘာလုံးနဲ႔ စီးပြားေရး စိတ္သေဘာထားေတြနဲ႔ လက္တြဲလုပ္ေဆာင္သြားဖို႔ ကတိျပဳပါတယ္”လို႔ ဖိုေလက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဟာလီးဝုဒ္ နာမည္ေက်ာ္ ထိပ္တန္းမင္းသားဟာ ဝရက္စ္ဟမ္းအသင္းကို ပိုင္ဆိုင္တဲ့ ႐ိုင္ယန္ ေရးႏိုးစ္၊ ေရာ့ဘ္ မက္ကယ္ဟန္နီတို႔လို ၿဗိတိန္ကလပ္အသင္းကို ပိုင္ဆိုင္သူျဖစ္လာၿပီး အျခား နာမည္ေက်ာ္ ႐ုပ္ရွင္ၾကယ္ပြင့္အမ်ားအျပားလည္း ေမဂ်ာလိဂ္မွာ ကလပ္အသင္းေတြကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ရိစ္ ဝစ္သာစပြန္းက နက္ရွ္ဗီးလ္မွာ ရွယ္ယာပိုင္ဆိုင္ထားၿပီး ဝီလ္ ဖားရဲလ္က ေလာ့စ္အိန္ဂ်လိစ္ အက္ဖ္စီ၊ မက္သ႐ူး မက္ေကာ္ေနေဟးက ေအာ္စတင္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.