Premier League

ထိပ်ဆုံး ၄ နေရာအတွက် သတိပေးပြောဆိုလိုက်တဲ့ အာနိုး

လီဗာပူးလ်နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားဖို့ အခွင့်အရေးကို လက်မလျှော့သေးပေမယ့် အာဆင်နယ်နဲ့ တနင်္ဂနွေနေ့မှာ သရေကျခဲ့လို့ စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အန်းဖီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်အသင်းကို လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဂန်နားတွေကို အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မိုဟာမက် ဆာလားကလည်း အိမ်ရှင် လီဗာပူးလ်အတွက် ပင်နယ်တီ ကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး ကိုနာတီကလည်း ပွဲကစားချိန်နောက်ဆုံးမိနစ်တွေမှာ ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးကို ဖြုန်းတီးခဲ့တာကြောင့် အနိုင် ၃ မှတ်ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ သရေပွဲအပြီးမှာ ထိပ်ဆုံး ၄ နေရာနဲ့ ၁၂ မှတ်အကွာ အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ရပေမယ့်လည်း အာနိုးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်မလျှော့သေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အီဘူ(ကိုနာတီ)က ကြီးမားတဲ့အခွင့်အရေးရခဲ့ပြီး ပင်နယ်တီလည်း ရခဲ့ပါတယ်။ အဲဒါက ကံမကောင်းတဲ့ နေ့တွေထဲက တစ်နေ့ပါ။ ကျွန်တော်တို့ လုပ်နိုင်တာ အားလုံးလုပ်ခဲ့တယ်။ ကျွန်တော်တို့ သရေ ၁ မှတ်ရခဲ့ပြီး လာမယ့်အပတ်မှာ အဲဒါကို တိုးတက်အောင် ကြိုးစားသွားမယ်။ ကျွန်တော်တို့ လေ့ကျင့်ဖို့ တစ်ပတ် အပြည့်ရှိပြီး အဲဒါက ကျွန်တော်တို့ လုပ်ဖို့ လိုအပ်တဲ့အရာပါ”

“ကျွန်တော်တို့မှာ ပစ်မှတ်တွေရှိပြီး အခု ကျွန်တော်ထင်တာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ခက်ခဲတော့မှာပါ။ ဒါပေမယ့် သင်္ချာနည်းအရဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီတော့ ဖြစ်နိုင်ရှိနေသေးသရွေ့ ကျွန်တော်တို့ အဲဒီအတွက် လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့ အခုရှိနေတာက ကျွန်တော်တို့ ရှိချင်တဲ့နေရာမဟုတ်ပါဘူး။ ဒါပေမယ့် ၉ ပွဲ ကစားဖို့ကျန်ပါသေးတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားတာပါ။ ကျန်တဲ့ ၉ ပွဲစလုံး အနိုင်ရဖို့ ကြိုးစားသွားကြရအောင်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ကစားဖို႔ အခြင့္အေရးကို လက္မေလွ်ာ့ေသးေပမယ့္ အာဆင္နယ္နဲ႔ တနဂၤေႏြေန႔မွာ သေရက်ခဲ့လို႔ စိတ္ပ်က္မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ အန္းဖီးမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဦးေဆာင္သူ အာဆင္နယ္အသင္းကို လက္ခံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ဂန္နားေတြကို အသာစီး ရယူႏိုင္ခဲ့ေပမယ့္လည္း သေရ ၁ မွတ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားကလည္း အိမ္ရွင္ လီဗာပူးလ္အတြက္ ပင္နယ္တီ ကန္သြင္းရာမွာ လြဲေခ်ာ္ခဲ့ၿပီး ကိုနာတီကလည္း ပြဲကစားခ်ိန္ေနာက္ဆုံးမိနစ္ေတြမွာ ရရွိခဲ့တဲ့ အပိုင္အခြင့္အေရးကို ျဖဳန္းတီးခဲ့တာေၾကာင့္ အႏိုင္ ၃ မွတ္ကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ သေရပြဲအၿပီးမွာ ထိပ္ဆုံး ၄ ေနရာနဲ႔ ၁၂ မွတ္အကြာ အဆင့္ ၈ ေနရာမွာ ဆက္လက္ရပ္တည္ေနခဲ့ရေပမယ့္လည္း အာႏိုးက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ လက္မေလွ်ာ့ေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အီဘူ(ကိုနာတီ)က ႀကီးမားတဲ့အခြင့္အေရးရခဲ့ၿပီး ပင္နယ္တီလည္း ရခဲ့ပါတယ္။ အဲဒါက ကံမေကာင္းတဲ့ ေန႔ေတြထဲက တစ္ေန႔ပါ။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာ အားလုံးလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ သေရ ၁ မွတ္ရခဲ့ၿပီး လာမယ့္အပတ္မွာ အဲဒါကို တိုးတက္ေအာင္ ႀကိဳးစားသြားမယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ဖို႔ တစ္ပတ္ အျပည့္ရွိၿပီး အဲဒါက ကြၽန္ေတာ္တို႔ လုပ္ဖို႔ လိုအပ္တဲ့အရာပါ”

“ကြၽန္ေတာ္တို႔မွာ ပစ္မွတ္ေတြရွိၿပီး အခု ကြၽန္ေတာ္ထင္တာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔က ခက္ခဲေတာ့မွာပါ။ ဒါေပမယ့္ သခ်ၤာနည္းအရဆိုရင္ ျဖစ္ႏိုင္ေျခရွိပါတယ္။ အဲဒီေတာ့ ျဖစ္ႏိုင္ရွိေနေသးသေ႐ြ႕ ကြၽန္ေတာ္တို႔ အဲဒီအတြက္ လုပ္ေဆာင္သြားရမွာပါ။ ကြၽန္ေတာ္တို႔ အခုရွိေနတာက ကြၽန္ေတာ္တို႔ ရွိခ်င္တဲ့ေနရာမဟုတ္ပါဘူး။ ဒါေပမယ့္ ၉ ပြဲ ကစားဖို႔က်န္ပါေသးတယ္။ အဲဒါကိုပဲ ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားတာပါ။ က်န္တဲ့ ၉ ပြဲစလုံး အႏိုင္ရဖို႔ ႀကိဳးစားသြားၾကရေအာင္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.