Premier League

ဂန်းနားနောက်ခံလူက အသင်းစိတ်ပျက်စေခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ကာရေဂါ

အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုဟာ အန်းဖီးက လီဗာပူးလ်ရဲ့ ချေပဂိုးမှာ အသင်းကို စိတ်ပျက်စေခဲ့တယ်လို့ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးမှ နောက်ကနေ လိုက်ကစားပြီး ၂-၂ နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပွဲကစားချိန်အစောပိုင်းမှာ အသာစီးရယူထားနိုင်ခဲ့ပြီး ၂-၀ နဲ့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်က ပထမပိုင်းပြီးဆုံးခါနီး ၃ မိနစ်အလိုနဲ့ ဒုတိယပိုင်း ပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ ဆာလား၊ ဖာမီနိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အဖိုးတန် သရေ ၁ မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုဟာ လီဗာပူးလ်ရဲ့ ချေပဂိုးကို ကာကွယ်ဖို့အတွက် ပိုမို လုပ်ဆောင်ခဲ့ရမှာလို့ ယုံကြည်ခဲ့ပြီး ယူကရိန်း နောက်ခံလူဟာ ဖာမီနို ခေါင်းတိုက်သွင်းယူနိုင်စေမယ့် ဖြတ်တင်ဘောကို ပြုလုပ်ခဲ့တဲ့ အာနိုးကို တားဆီးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီရာသီမှာ ဇင်ချန်ကိုနဲ့ပတ်သက်ပြီး အရမ်း စိတ်လှုပ်ရှားခဲ့ကြတယ်။ သူက လီဗာပူးလ် ချေပဂိုးမတိုင်ခင်အထိ ဒီနေ့မှာ အရမ်းကောင်းမွန်ခဲ့ပါတယ်။ သူက ဘောလုံးနဲ့ အရမ်းကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ အာဆင်နယ်ကို ခံစစ်ပိုင်းကစားပုံနဲ့ စိတ်ပျက်စေခဲ့ပါတယ်။ အာဆင်နယ်သာ ထိပ်ဆုံး ၄ နေရာဝင်ဖို့ တိုက်ပွဲဝင်နေရတဲ့အသင်းပြန်ဖြစ်သွားမယ်ဆိုရင် အဲဒါက ပိုပြီး ထင်ရှားလာပါလိမ့်မယ်”

“အဲဒါက ရာသီပထမဆုံးပွဲဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲတုန်းက ဖြစ်ခဲ့ပြီး အာတီတာက ဇင်ချန်ကိုနေရာမှာ တီယာနီကို လူစားလဲခဲ့တယ်။ အဲဒါက ဒီနေ့မှာထပ်ဖြစ်ပြန်ပြီ။ ဘာလို့လဲဆိုတော့ သူက ခံစစ်ပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း မယုံကြည်ရလို့ပါ။ ကျွန်တော့်ခေါင်းထဲကနေ ဇင်ချန်ကို ကို ထုတ်လို့မရဘူး။ ခင်ဗျား ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ကစားဖို့လိုတယ်။ လိဂ်ဖလားက လက်တကမ်းမှာ ရောက်နေပြီ။ ဒါမျိုး ဖြစ်လို့မရဘူး။ သူက လေ့ကျင့်ရေးမှာ ရှိနေသလိုမျိုးပုံစံနီးပါးပါပဲ။ သူ့ဆီကနေ ပိုပြီးတော့ ပြင်းပြင်းထန်ထန် ကစားတာမျိုး ရှိခဲ့ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ေနာက္ခံလူ ဇင္ခ်န္ကိုဟာ အန္းဖီးက လီဗာပူးလ္ရဲ႕ ေခ်ပဂိုးမွာ အသင္းကို စိတ္ပ်က္ေစခဲ့တယ္လို႔ လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔က ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီးမွ ေနာက္ကေန လိုက္ကစားၿပီး ၂-၂ နဲ႔ သေရရလဒ္ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ပြဲကစားခ်ိန္အေစာပိုင္းမွာ အသာစီးရယူထားႏိုင္ခဲ့ၿပီး ၂-၀ နဲ႔ ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္က ပထမပိုင္းၿပီးဆုံးခါနီး ၃ မိနစ္အလိုနဲ႔ ဒုတိယပိုင္း ၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ ဆာလား၊ ဖာမီႏိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အဖိုးတန္ သေရ ၁ မွတ္ကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက အာဆင္နယ္ေနာက္ခံလူ ဇင္ခ်န္ကိုဟာ လီဗာပူးလ္ရဲ႕ ေခ်ပဂိုးကို ကာကြယ္ဖို႔အတြက္ ပိုမို လုပ္ေဆာင္ခဲ့ရမွာလို႔ ယုံၾကည္ခဲ့ၿပီး ယူကရိန္း ေနာက္ခံလူဟာ ဖာမီႏို ေခါင္းတိုက္သြင္းယူႏိုင္ေစမယ့္ ျဖတ္တင္ေဘာကို ျပဳလုပ္ခဲ့တဲ့ အာႏိုးကို တားဆီးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီရာသီမွာ ဇင္ခ်န္ကိုနဲ႔ပတ္သက္ၿပီး အရမ္း စိတ္လႈပ္ရွားခဲ့ၾကတယ္။ သူက လီဗာပူးလ္ ေခ်ပဂိုးမတိုင္ခင္အထိ ဒီေန႔မွာ အရမ္းေကာင္းမြန္ခဲ့ပါတယ္။ သူက ေဘာလုံးနဲ႔ အရမ္းေကာင္းမြန္ခဲ့ေပမယ့္ ေနာက္ဆုံးမိနစ္မွာ အာဆင္နယ္ကို ခံစစ္ပိုင္းကစားပုံနဲ႔ စိတ္ပ်က္ေစခဲ့ပါတယ္။ အာဆင္နယ္သာ ထိပ္ဆုံး ၄ ေနရာဝင္ဖို႔ တိုက္ပြဲဝင္ေနရတဲ့အသင္းျပန္ျဖစ္သြားမယ္ဆိုရင္ အဲဒါက ပိုၿပီး ထင္ရွားလာပါလိမ့္မယ္”

“အဲဒါက ရာသီပထမဆုံးပြဲျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲတုန္းက ျဖစ္ခဲ့ၿပီး အာတီတာက ဇင္ခ်န္ကိုေနရာမွာ တီယာနီကို လူစားလဲခဲ့တယ္။ အဲဒါက ဒီေန႔မွာထပ္ျဖစ္ျပန္ၿပီ။ ဘာလို႔လဲဆိုေတာ့ သူက ခံစစ္ပိုင္းမွာ ၁၀၀ ရာခိုင္ႏႈန္း မယုံၾကည္ရလို႔ပါ။ ကြၽန္ေတာ့္ေခါင္းထဲကေန ဇင္ခ်န္ကို ကို ထုတ္လို႔မရဘူး။ ခင္ဗ်ား ပိုၿပီးေတာ့ ၾကမ္းၾကမ္းတမ္းတမ္း ကစားဖို႔လိုတယ္။ လိဂ္ဖလားက လက္တကမ္းမွာ ေရာက္ေနၿပီ။ ဒါမ်ိဳး ျဖစ္လို႔မရဘူး။ သူက ေလ့က်င့္ေရးမွာ ရွိေနသလိုမ်ိဳးပုံစံနီးပါးပါပဲ။ သူ႔ဆီကေန ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ ကစားတာမ်ိဳး ရွိခဲ့ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.