Premier League

၂၀.၂.၂၀၂၀ တစ္ေန႔တာ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးခဲ့တဲ့ပြဲက ရခဲ့တ့ဲ ဒဏ္ရာေၾကာင့္ ခ်ဲလ္ဆီးကြင္းလယ္လူ အန္ဂိုလို ကန္ေတဟာ အနည္းဆံုး မတ္လလယ္ေလာက္အထိ နားရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ စပါးစ္၊ ဘိုင္ယန္ျမဴးနစ္၊ လီဗာပူးတို႔နဲ႔ ပြဲေတြကို လြဲေခ်ာ္ရေတာ့မွာပါ။

– ခ်ဲလ္ဆီးတိုက္စစ္မွဴး အိုလီဗီးေယး ဂ်ရူးက ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနေပမယ့္ အသင္းအတြက္ ရာႏႈန္းျပည့္အာရံုစိုက္ၿပီး ကစားေပးသြားမယ္လို႔ ေျပာလိုက္ပါတယ္။ လတ္တေလာ ခ်ဲလ္ဆီးမွာ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဒဏ္ရာရေနလို႔ ဘတ္ရွဴအာယီနဲ႔ ဂ်ရူးတို႔ပဲ က်န္ပါေတာ့တယ္။

– အီတလီဘယ္ေနာက္ခံလူ အီမာဆင္ ပယ္လ္မီယာရီဟာ ခ်ဲလ္ဆီးမွာ ပံုမွန္ကစားခြင့္မရတာေၾကာင့္ လာမယ့္ေႏြရာသီမွာ အသင္းေျပာင္းဖို႔ စတင္ျပင္ဆင္ေနပါတယ္။ သူ႔ကို ဂ်ဴဗင္တပ္စ္နဲ႔ အင္တာမီလန္အသင္းတို႔က ေခၚမယ္လို႔ သတင္းထြက္ေနပါတယ္။

– စီးရီးေအကလပ္ အူဒီးနီးစ္မွာ လက္စြမ္းျပေနတဲ့ ဂိုးသမား ဟြမ္ မူဆိုကို လာမယ့္ေႏြရာသီ ယူရိုသန္း(၃၀)ေလာက္နဲ႔ ခ်ဲလ္ဆီးက ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ဒီကစားသမားဟာ ကြင္းလယ္လူ ကိုဗာခ်စ္နဲ႔ တစ္ေန႔တည္း ေမြးတာလို႔လည္း သိရပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးခဲ့တဲ့ပြဲတုန္းမွာ ဦးစားေပးဂိုးသမား ကီပါ အာရီဇာဘာလာဂါကို မသံုးဘဲ အရန္ဂိုးသမား ၀ီလီ ကာဘာလီယိုကို သံုးခဲ့တာနဲ႔ ပတ္သက္လို႔ ဘုတ္အဖြဲ႔ရဲ႕ ဖိအားေပးမႈကို နည္းျပ လမ္းပတ္တစ္ေယာက္ ရင္ဆိုင္ေနရပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲက ရခဲ့တဲ့ ဒဏ်ရာကြောင့် ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တေဟာ အနည်းဆုံး မတ်လလယ်လောက်အထိ နားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် စပါးစ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးတို့နဲ့ ပွဲတွေကို လွဲချော်ရတော့မှာပါ။

– ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗီးယေး ဂျရူးက ပွဲထွက်ခွင့်ပျောက်ဆုံးနေပေမယ့် အသင်းအတွက် ရာနှုန်းပြည့်အာရုံစိုက်ပြီး ကစားပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ လတ်တလော ချဲလ်ဆီးမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဒဏ်ရာရနေလို့ ဘတ်ရှူအာယီနဲ့ ဂျရူးတို့ပဲ ကျန်ပါတော့တယ်။

– အီတလီဘယ်နောက်ခံလူ အီမာဆင် ပယ်လ်မီယာရီဟာ ချဲလ်ဆီးမှာ ပုံမှန်ကစားခွင့်မရတာကြောင့် လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ စတင်ပြင်ဆင်နေပါတယ်။ သူ့ကို ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့က ခေါ်မယ်လို့ သတင်းထွက်နေပါတယ်။

– စီးရီးအေကလပ် အူဒီးနီးစ်မှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ဟွမ် မူဆိုကို လာမယ့်နွေရာသီ ယူရိုသန်း(၃၀)လောက်နဲ့ ချဲလ်ဆီးက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီကစားသမားဟာ ကွင်းလယ်လူ ကိုဗာချစ်နဲ့ တစ်နေ့တည်း မွေးတာလို့လည်း သိရပါတယ်။

– မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲတုန်းမှာ ဦးစားပေးဂိုးသမား ကီပါ အာရီဇာဘာလာဂါကို မသုံးဘဲ အရန်ဂိုးသမား ဝီလီ ကာဘာလီယိုကို သုံးခဲ့တာနဲ့ ပတ်သက်လို့ ဘုတ်အဖွဲ့ရဲ့ ဖိအားပေးမှုကို နည်းပြ လမ်းပတ်တစ်ယောက် ရင်ဆိုင်နေရပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.