Premier League

ဘရိုက်တန် ပင်နယ်တီရခဲ့သင့်တယ်လို့ တတိယမ္ပိတောင်းပန်ခဲ့တဲ့ PGMOL

ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့အစည်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်းမှာ ဘရိုက်တန်အသင်းက ပင်နယ်တီ ငြင်းပယ်ခံခဲ့ရတာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

PGMOL ဥက္ကဌ ဟောင်းဝဒ် ဝက်ဘ်က ဘရိုက်တန်အသင်းအနေနဲ့ မိတိုမာကို ဟော့ဗျက်က ဒုတိယပိုင်းမှာ လှဲချခဲ့ချိန်မှာ ပင်နယ်တီ ရရှိခဲ့သင့်တယ်ဆိုတာကို ဝန်ခံခဲ့တာဖြစ်ပြီး ဂျပန်တောင်ပံကစားသမားဟာ ၁-၁ ဖြစ်နေချိန်မှာ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ ထိန်းသိမ်းဖို့ ကြိုးပမ်းနေချိန်အတွင်း စပါးစ်ကွင်းလယ်လူက ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီး စတူးဝပ် အတ်ဝဲလ်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ကို VAR ဒိုင် မိုက်ကယ် စလစ်စ်ဘူရီက စတော့ခ်လီ ပါ့ခ်မှာ ကြည့်ရှုခဲ့ပေမယ့်လည်း ရောဘတ်တို ဒီ ဇာဘီရဲ့အသင်းကို ပင်နယ်တီပေးခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ ဟာရီ ကိန်းဟာ ၇၉ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွန်တီ ထွက်ခွာသွားခဲ့တဲ့ လွန်ခဲ့တဲ့ ၂ ပတ်နောက်ပိုင်း ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းခေါင်းဆောင် လူးဝစ္စ ဒမ့်ခ်ဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ဒေါသထွက်ခဲ့ရပြီး စပါးစ်ကွင်းလယ်လူဟာ မိတိုမာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ရှင်းလင်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“VAR က ဘာအတွက် ဒီမှာရှိနေတာလဲ ကျွန်တော် မသိဘူး။ ခင်ဗျားက အဲဒါကို ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေအတွက် ယူဆောင်လာခဲ့တာဖြစ်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက် မပြုလုပ်နိုင်ဘူး။ အဲဒါဆိုရင် ဘာအတွက် ထားနေတာလဲ။ သူက မိတိုမာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ရှင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

PGMOL ဟာ ဖေဖော်ဝါရီလက ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲ၊ ကမ္ဘာ့ဖလားမတိုင်ခင်က အက်စတန် ဗီလာနဲ့ပွဲစဉ်တွေမှာ မှားယွင်းဆုံးဖြတ်ခဲ့ပြီးနောက် ဘရိုက်တန်ကို ယခုရာသီမှာ တတိယအကြိမ်မြောက် တောင်းပန်ခဲ့ရတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲစဉ်မှာ လက်ထိဘောကြောင့် ဝဲလ်ဘက်ခ်နဲ့ မိတိုမာတို့ရဲ့ သွင်းဂိုးတွေလည်း ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ ဒိုင္လူႀကီးအဖြဲ႕အစည္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္းမွာ ဘ႐ိုက္တန္အသင္းက ပင္နယ္တီ ျငင္းပယ္ခံခဲ့ရတာက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

PGMOL ဥကၠဌ ေဟာင္းဝဒ္ ဝက္ဘ္က ဘ႐ိုက္တန္အသင္းအေနနဲ႔ မိတိုမာကို ေဟာ့ဗ်က္က ဒုတိယပိုင္းမွာ လွဲခ်ခဲ့ခ်ိန္မွာ ပင္နယ္တီ ရရွိခဲ့သင့္တယ္ဆိုတာကို ဝန္ခံခဲ့တာျဖစ္ၿပီး ဂ်ပန္ေတာင္ပံကစားသမားဟာ ၁-၁ ျဖစ္ေနခ်ိန္မွာ ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာ ထိန္းသိမ္းဖို႔ ႀကိဳးပမ္းေနခ်ိန္အတြင္း စပါးစ္ကြင္းလယ္လူက ဖ်က္ထုတ္ပုံ ၾကမ္းတမ္းခဲ့တာျဖစ္ေပမယ့္ ဒိုင္လူႀကီး စတူးဝပ္ အတ္ဝဲလ္က ျပစ္ဒဏ္ေဘာသတ္မွတ္ေပးခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ကို VAR ဒိုင္ မိုက္ကယ္ စလစ္စ္ဘူရီက စေတာ့ခ္လီ ပါ့ခ္မွာ ၾကည့္ရႈခဲ့ေပမယ့္လည္း ေရာဘတ္တို ဒီ ဇာဘီရဲ႕အသင္းကို ပင္နယ္တီေပးခဲ့ျခင္းမရွိတာ ျဖစ္ပါတယ္။ ဟာရီ ကိန္းဟာ ၇၉ မိနစ္မွာ အႏိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ကြန္တီ ထြက္ခြာသြားခဲ့တဲ့ လြန္ခဲ့တဲ့ ၂ ပတ္ေနာက္ပိုင္း ပထမဆုံးႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္အသင္းေခါင္းေဆာင္ လူးဝစၥ ဒမ့္ခ္ဟာ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ စိတ္ပ်က္ေဒါသထြက္ခဲ့ရၿပီး စပါးစ္ကြင္းလယ္လူဟာ မိတိုမာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ ရွင္းလင္းေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“VAR က ဘာအတြက္ ဒီမွာရွိေနတာလဲ ကြၽန္ေတာ္ မသိဘူး။ ခင္ဗ်ားက အဲဒါကို ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ေတြအတြက္ ယူေဆာင္လာခဲ့တာျဖစ္ၿပီး ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ မျပဳလုပ္ႏိုင္ဘူး။ အဲဒါဆိုရင္ ဘာအတြက္ ထားေနတာလဲ။ သူက မိတိုမာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ ရွင္းပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

PGMOL ဟာ ေဖေဖာ္ဝါရီလက ခရစၥတယ္ ပဲေလ့စ္နဲ႔ ပြဲ၊ ကမာၻ႔ဖလားမတိုင္ခင္က အက္စတန္ ဗီလာနဲ႔ပြဲစဥ္ေတြမွာ မွားယြင္းဆုံးျဖတ္ခဲ့ၿပီးေနာက္ ဘ႐ိုက္တန္ကို ယခုရာသီမွာ တတိယအႀကိမ္ေျမာက္ ေတာင္းပန္ခဲ့ရတာျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲစဥ္မွာ လက္ထိေဘာေၾကာင့္ ဝဲလ္ဘက္ခ္နဲ႔ မိတိုမာတို႔ရဲ႕ သြင္းဂိုးေတြလည္း ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.