Premier League

မိုက်မဲတဲ့ဆုံးဖြတ်ချက်နဲ့ လီဗာပူးလ်ကို အသာရစေခဲ့လို့ ပြစ်တင်ခံခဲ့ရတဲ့ ချာကာ

ဂျေမီ ကာရေဂါက တနင်္ဂနွေနေ့ညနေက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂရာနစ် ချာကာရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းကို မာတီနယ်လီရဲ့ သေသပ်တဲ့ အဆုံးသတ်ကြောင့် ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် မိနစ် ၂၀ အကြာမှာ ဂျေးဇုက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားချိန်မှာ သက်တောင့်သက်သာနဲ့ အနိုင် ၃ မှတ် ရရှိတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းဟာ ချာကာက လီဗာပူးလ်ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးကို နောက်ကျဖျက်ထုတ်မှုပြုလုပ်ခဲ့ပုံပေါ်ခဲ့ပြီးနောက် ၂ ဖက်အသင်းကစားသမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေလည်း သွေးဆူလာခဲ့ကြတာဖြစ်ပါတယ်။

ချာကာနဲ့ အာနိုးတို့ ပြဿနာတက်ပြီးနောက် သိပ်မကြာခင်မှာပဲ မိုဟာမက် ဆာလားက အနီးကပ် ကန်သွင်းယူပြီး ပထမပိုင်း မပြီးဆုံးခင်မှာ ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ပြန်လည်သက်ဝင်လာခဲ့ပုံပေါ်ပြီး အန်းဖီးက ပရိသတ်တွေရဲ့ ကြောက်မက်ဖွယ် အားပေးထောက်ခံမှုနဲ့အတူ လူစားဝင်ကစားသမား ဖာမီနိုက ၈၇ မိနစ်မှာ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် သရေ ၁ မှတ် ပြန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ချာကာရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး မလိုလားအပ်တဲ့ ဖျက်ထုတ်မှုက လီဗာပူးလ်အသင်းကို ပြန်လာနိုင်အောင် အထောက်အကူပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က အာဆင်နယ်ပရိသတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ချာကာကို ဒေါသထွက်မိတယ်။ သူ ဘာတွေ လုပ်ခဲ့တာလဲ။ ပွဲက ခင်ဗျားလက်ထဲမှာရှိနေပြီး ခင်ဗျားက ပါဝင်ပတ်သက်ခဲ့တယ်။ ဘာကြောင့် အဲဒါကို လုပ်တာလဲ။ ဒီကွင်းမှာ ဒါကို အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်အနေနဲ့ လုပ်တာက ရူးမိုက်တဲ့ လုပ်ရပ်ပါ။ လီဗာပူးလ် ပွဲထဲ ပြန်လာနိုင်ဖို့ တစ်နည်းပဲရှိပြီး လီဗာပူးလ်က အာဆင်နယ်နဲ့ အသင်းတစ်သင်းအနေနဲ့ မယှဉ်ပြိုင်နိုင်ပေမယ့် ကွင်းထဲက အင်အားတွေနဲ့ဆိုရင် သူတို့တွေ ယှဉ်ပြိုင်နိုင်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါက တနဂၤေႏြေန႔ညေနက လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ဂရာနစ္ ခ်ာကာရဲ႕ မိုက္မဲတဲ့ လုပ္ရပ္ကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ပထမပိုင္း ၁၀ မိနစ္အတြင္းမွာ အိမ္ရွင္ လီဗာပူးလ္အသင္းကို မာတီနယ္လီရဲ႕ ေသသပ္တဲ့ အဆုံးသတ္ေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ မိနစ္ ၂၀ အၾကာမွာ ေဂ်းဇုက ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခ်ိန္မွာ သက္ေတာင့္သက္သာနဲ႔ အႏိုင္ ၃ မွတ္ ရရွိေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းဟာ ခ်ာကာက လီဗာပူးလ္ညာေနာက္ခံလူ အလက္ဇန္းဒါး အာႏိုးကို ေနာက္က်ဖ်က္ထုတ္မႈျပဳလုပ္ခဲ့ပုံေပၚခဲ့ၿပီးေနာက္ ၂ ဖက္အသင္းကစားသမားေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၿပီး အိမ္ကြင္းပရိသတ္ေတြလည္း ေသြးဆူလာခဲ့ၾကတာျဖစ္ပါတယ္။

ခ်ာကာနဲ႔ အာႏိုးတို႔ ျပႆနာတက္ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ မိုဟာမက္ ဆာလားက အနီးကပ္ ကန္သြင္းယူၿပီး ပထမပိုင္း မၿပီးဆုံးခင္မွာ ေခ်ပဂိုး တစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဒုတိယပိုင္းမွာ ျပန္လည္သက္ဝင္လာခဲ့ပုံေပၚၿပီး အန္းဖီးက ပရိသတ္ေတြရဲ႕ ေၾကာက္မက္ဖြယ္ အားေပးေထာက္ခံမႈနဲ႔အတူ လူစားဝင္ကစားသမား ဖာမီႏိုက ၈၇ မိနစ္မွာ ေခါင္းတိုက္သြင္းဂိုးနဲ႔ ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ သေရ ၁ မွတ္ ျပန္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ခ်ာကာရဲ႕ လုပ္ရပ္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး မလိုလားအပ္တဲ့ ဖ်က္ထုတ္မႈက လီဗာပူးလ္အသင္းကို ျပန္လာႏိုင္ေအာင္ အေထာက္အကူေပးလိုက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္က အာဆင္နယ္ပရိသတ္မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ခ်ာကာကို ေဒါသထြက္မိတယ္။ သူ ဘာေတြ လုပ္ခဲ့တာလဲ။ ပြဲက ခင္ဗ်ားလက္ထဲမွာရွိေနၿပီး ခင္ဗ်ားက ပါဝင္ပတ္သက္ခဲ့တယ္။ ဘာေၾကာင့္ အဲဒါကို လုပ္တာလဲ။ ဒီကြင္းမွာ ဒါကို အေတြ႕အႀကဳံရွိတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ လုပ္တာက ႐ူးမိုက္တဲ့ လုပ္ရပ္ပါ။ လီဗာပူးလ္ ပြဲထဲ ျပန္လာႏိုင္ဖို႔ တစ္နည္းပဲရွိၿပီး လီဗာပူးလ္က အာဆင္နယ္နဲ႔ အသင္းတစ္သင္းအေနနဲ႔ မယွဥ္ၿပိဳင္ႏိုင္ေပမယ့္ ကြင္းထဲက အင္အားေတြနဲ႔ဆိုရင္ သူတို႔ေတြ ယွဥ္ၿပိဳင္ႏိုင္တယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.