Match Report Premier League

တနဂၤေႏြေန႔ည ပရီးမီးယားလိဂ္ပြဲမ်ားအား သုံးသပ္ျခင္း (The Rise of Villains)

တနဂၤေႏြေန႔ရဲ႕ ညေနပုိင္းကေန ညနက္ပုိင္းအထိ ဆက္တုိက္ ယွဥ္ၿပဳိင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို တစ္စုတစ္စည္းတည္း သုံးသပ္ရမယ္ဆုိရင္ေတာ့ ဒီေန႔မွာ အထူးျခားဆုံး အက်ဳိးျဖစ္ထြန္းခဲ့သူကေတာ့ ရာႏွဳန္းျပည့္ႏုိင္ပြဲရွင္တစ္သင္းျဖစ္တဲ့ အက္စ္တန္ဗီလာျဖစ္ၿပီး အသင္းရဲ႕ နာမည္၊ အစဥ္အလာနဲ႔ မလုိက္ဖက္ေအာင္ကို ေျခစြမ္းျပေနႏုိင္ခဲ့တာျဖစ္ပါတယ္။

နည္းျပ ဒင္းန္ စမစ္ရဲ႕ ၿပီးခဲ့တဲ့ ရာသီက အဆင့္ ၁၇ မွာ ရပ္တည္ခဲ့တဲ့ ဗီလာအသင္းကို ဒီရာသီမွာေတာ့ စစခ်င္းမွာပဲ အေကာင္းမြန္ဆုံးရလဒ္ေတြ ထြက္ေပၚေအာင္ ဘရန္႔ဖို႔ဒ္တုိက္စစ္မွဴး အုိလီ ဝပ္ကင္းစ္၊ အာဆင္နယ္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္၊ ေဖာရက္စ္ေနာက္ခံလူ မက္တီ ကတ္ရွ္တုိ႔ကို ပထမအသင္းမွာ တုိက္႐ိုက္သုံးစြဲ အားျဖည့္ထားခဲ့သလို ခ်ဲလ္ဆီးေဟာင္း ဘာထရန္ ထရာအုိေရးကိုပါ စုစုေပါင္း ေပါင္ ၇၆ သန္းေက်ာ္ သုံးစြဲထားခဲ့တာပါ။

ညေနပုိင္းကေန စၿပီး သုံးသပ္ရမယ္ဆုိရင္ အေစာဆုံးပြဲႏွစ္ပြဲထဲက တစ္ပြဲျဖစ္တဲ့ လက္စတာနဲ႔ ဝက္စ္ဟမ္းတုိ႔ပဲြမွာ ဘာဘာညာညာ ဝါသနာရွင္ေတြနဲ႔ ဖန္တက္ဆီကစားသူေတြ လက္စတာဘက္က ရပ္တည္ေရြးခ်ယ္ခဲ့ၾကေပမယ့္ မထင္မွတ္တာေတြ ျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာ တစ္ဂိုးေတာင္ မရခဲ့ဘဲ သုံးဂိုး-ဂိုးမရွိနဲ႔ အရွဳံးေပးခဲ့ရၿပီး ရာႏွဳန္းျပည့္အႏုိင္စံခ်ိန္ ရပ္တန္႔သြားသလို အမွတ္ေပးဇယားရဲ႕ အဆင့္ ၃ ကို ဆင္းေပးခဲ့ရပါတယ္။

စိန္႔ေမရီကြင္းမွာ ကစားခဲ့တဲ့ ေဆာက္သမ္တန္ကေတာ့ ဒီေန႔ပြဲမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လိုခ်င္တဲ့ ရလဒ္ကို ဝက္စ္ဘရြန္းအသင္းဆီက ရယူႏုိင္ခဲ့ၿပီး အဆင့္ ၁၁ မွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။ ဒါဟာ သူတုိ႔အတြက္ ႏွစ္ပြဲဆက္အႏုိင္လည္းျဖစ္ၿပီး ခံစစ္မွာေတာ့ ေကာင္းမြန္တဲ့ ရလဒ္ကို ပုိင္ဆုိင္ခဲ့ၿပီး ဂိုးေတြ သြင္းေနက် ဒန္နီအင္းစ္ ဂိုးမရတာကလြဲရင္ ေက်နပ္စရာလည္းျဖစ္ခဲ့ပါတယ္။

အာဆင္နယ္ကေတာ့ အိမ္ကြင္း အမ္းမရိတ္မွာ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကို ဧည့္ခံခဲ့ရၿပီး ဒုတိယပုိင္းသြင္းဂိုးႏွစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့ပါတယ္။ အသင္းႀကီးတစ္သင္း အတြက္ေတာ့ လိုအပ္ခ်က္ေတြ မ်ားေနဆဲျဖစ္တဲ့ ကြင္းလယ္နဲ႔ ယုံလုိ႔မရတဲ့ လူအုိႀကီး ေဒးဗစ္ လူးဝစ္ဇ္ေၾကာင့္ ဂိုးျပန္ေပးခဲ့ရတာ ႏွစ္ခုကို ေထာက္ခ်င့္ရင္ေတာ့ ႏွစ္ဂိုး-တစ္ဂိုးဆုိတာ သူ႕အတြက္ မ႐ိုင္းတဲ့ ရလဒ္ျဖစ္ၿပီး အဆင့္ ၄ ကိုလည္း ေရာက္ရွိႏိုင္ခဲ့ပါတယ္။

ဝုလ္ဗ္စ္နဲ႔ ဖူလ္ဟမ္တုိ႔ရဲ႕ ပြဲစဥ္မွာေတာ့ အေျပာင္းအလဲေတြ အမ်ားႀကီး လုပ္ေဆာင္ထားၿပီး တည္ၿငိမ္မွဳ မရွိတဲ့ အသင္းအေနနဲ႔ တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ရဲ႕ ႏွစ္ပြဲဆက္တုိက္ ဂိုးေပါက္ေပ်ာက္ဆုံးမွဳမွာ ေတာင္ပံတုိက္စစ္မွဴး ပက္ဒ႐ို နီတိုကပဲ သူ႕ရဲ႕သြင္းဂိုးနဲ႔ သုံးမွတ္ရွာေပးခဲ့ရပါတယ္။ ဖူလ္ဟမ္နဲ႔ ရွက္ဖီးလ္ဒ္တုိ႔ကေတာ့ ပြဲစဥ္ ၄ ၿပီးတဲ့အထိ အမွတ္မရေသးတဲ့ ၃ သင္းအျဖစ္ ဘန္ေလနဲ႔အတူ ေအာက္ဆုံးမွာ ရပ္တည္ခဲ့ၾကပါတယ္။

ညေတြ နက္လာတာနဲ႔အမွ် သြင္းဂိုးေတြကေတာ့ ေၾကာက္ခမန္းလိလိပါပဲ။ မန္ခ်က္စတာယူႏုိက္တက္တုိ႔ အိမ္ကြင္းမွာ ေစာေစာစီးစီး ပင္နယ္တီ ရခဲ့လို႔ အိမ္ရွင္တုိ႔ေတာ့ ေလႀကီးတဲ့ ေမာ္ရင္ညဳိကို အႏုိင္ယူဦးမယ္လို႔ ထင္ေပမယ့္ ဒီတစ္ဂိုးအၿပီးမွာ ေပၚတူဂီနည္းျပရဲ႕ စပါးစ္က ၆ ဂိုး ျပန္သြင္းသြားခဲ့တာကေတာ့ သရဲနီပရိသတ္ေတြကို တိတ္ဆိတ္ေစခဲ့ၿပီး တုိက္စစ္မွဴးတစ္ဦး အထုတ္ခံရ႐ုံနဲ႔ ၆ ဂိုးအထိ ေပးခဲ့ရတဲ့ စုဖြဲ႕မွဳမွာ အဓိက တာဝန္ရွိသူအေနနဲ႔ ဆုိးလ္ရွားပဲ အျပစ္တင္ခံရေတာ့မွာပါ။

တနဂၤေႏြေန႔ရဲ႕ ေနာက္ဆုံးပြဲအျဖစ္ ကစားခဲ့တဲ့ အက္စတန္ဗီလာနဲ႔ လီဗာပူးလ္တုိ႔ပြဲစဥ္မွာေတာ့ ဒီရာသီအတြက္ စံခ်ိန္တင္သြင္းဂိုးေတြကို ျမင္ခဲ့ရၿပီး ခုနစ္ဂိုး-ႏွစ္ဂိုးနဲ႔ ဗီလိန္ေတြ အႏုိင္ယူသြားခဲ့ပါတယ္။ အိမ္ရွင္တုိ႔အတြက္ တုိက္စစ္မွဴးသစ္ ဝပ္ကင္းစ္က ဟက္ထရစ္၊ ဂရီးလစ္ရွ္က ႏွစ္ဂိုးသြင္း၊ သုံးဂိုး ဖန္တီးေပးခဲ့ခ်ိန္မွာ လီဗာပူးလ္ဘက္ ဆာလားကေတာ့ သူသြားေနတဲ့ ေရႊဖိနပ္လမ္းေၾကာင္းမွာ ႏွစ္ဂိုးထပ္တုိးခဲ့တာျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာ အက္စ္တန္ဗီလာတုိ႔အေနနဲ႔ တစ္ပြဲေလွ်ာ့ကစားၿပီး ရာႏွဳန္းျပည့္ ၃ ပြဲစလုံးအႏုိင္၊ ရဂိုး ၁၁ ဂိုး၊ ေပးဂိုး ၂ ဂိုးနဲ႔ ၄ ပြဲစလုံး ႏုိင္ထားခဲ့တဲ့ အဲဗာတန္ရဲ႕ေအာက္ အဆင့္ ၂ အထိ တက္လွမ္းႏုိင္ခဲ့ၿပီး လီဗာပူးလ္ကေတာ့ အာဆင္နယ္ေအာက္ အဆင့္ ၅ ကို က်သြားခဲ့သလို ဒီရာသီအတြက္ ၿပဳိင္ဆုိင္မွဳကို ပိုမိုစိတ္ဝင္စားစရာေကာင္းလာေစၿပီး ႏုိင္ငံပြဲေတြအတြက္ ႏွစ္ပတ္နီးပါး အနားရခ်ိန္မွာ ဘယ္လိုေတြ ထပ္ၿပီး ျပင္ဆင္လာၾကမလဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သုံးသပ္ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တနင်္ဂနွေနေ့ရဲ့ ညနေပိုင်းကနေ ညနက်ပိုင်းအထိ ဆက်တိုက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တစ်စုတစ်စည်းတည်း သုံးသပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာ အထူးခြားဆုံး အကျိုးဖြစ်ထွန်းခဲ့သူကတော့ ရာနှုန်းပြည့်နိုင်ပွဲရှင်တစ်သင်းဖြစ်တဲ့ အက်စ်တန်ဗီလာဖြစ်ပြီး အသင်းရဲ့ နာမည်၊ အစဉ်အလာနဲ့ မလိုက်ဖက်အောင်ကို ခြေစွမ်းပြနေနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဒင်းန် စမစ်ရဲ့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၁၇ မှာ ရပ်တည်ခဲ့တဲ့ ဗီလာအသင်းကို ဒီရာသီမှာတော့ စစချင်းမှာပဲ အကောင်းမွန်ဆုံးရလဒ်တွေ ထွက်ပေါ်အောင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်၊ အာဆင်နယ်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်၊ ဖောရက်စ်နောက်ခံလူ မက်တီ ကတ်ရှ်တို့ကို ပထမအသင်းမှာ တိုက်ရိုက်သုံးစွဲ အားဖြည့်ထားခဲ့သလို ချဲလ်ဆီးဟောင်း ဘာထရန် ထရာအိုရေးကိုပါ စုစုပေါင်း ပေါင် ၇၆ သန်းကျော် သုံးစွဲထားခဲ့တာပါ။

ညနေပိုင်းကနေ စပြီး သုံးသပ်ရမယ်ဆိုရင် အစောဆုံးပွဲနှစ်ပွဲထဲက တစ်ပွဲဖြစ်တဲ့ လက်စတာနဲ့ ဝက်စ်ဟမ်းတို့ပွဲမှာ ဘာဘာညာညာ ဝါသနာရှင်တွေနဲ့ ဖန်တက်ဆီကစားသူတွေ လက်စတာဘက်က ရပ်တည်ရွေးချယ်ခဲ့ကြပေမယ့် မထင်မှတ်တာတွေ ဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ တစ်ဂိုးတောင် မရခဲ့ဘဲ သုံးဂိုး-ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး ရာနှုန်းပြည့်အနိုင်စံချိန် ရပ်တန့်သွားသလို အမှတ်ပေးဇယားရဲ့ အဆင့် ၃ ကို ဆင်းပေးခဲ့ရပါတယ်။

စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ ဆောက်သမ်တန်ကတော့ ဒီနေ့ပွဲမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ လိုချင်တဲ့ ရလဒ်ကို ဝက်စ်ဘရွန်းအသင်းဆီက ရယူနိုင်ခဲ့ပြီး အဆင့် ၁၁ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့အတွက် နှစ်ပွဲဆက်အနိုင်လည်းဖြစ်ပြီး ခံစစ်မှာတော့ ကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး ဂိုးတွေ သွင်းနေကျ ဒန်နီအင်းစ် ဂိုးမရတာကလွဲရင် ကျေနပ်စရာလည်းဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ အိမ်ကွင်း အမ်းမရိတ်မှာ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ဧည့်ခံခဲ့ရပြီး ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်း အတွက်တော့ လိုအပ်ချက်တွေ များနေဆဲဖြစ်တဲ့ ကွင်းလယ်နဲ့ ယုံလို့မရတဲ့ လူအိုကြီး ဒေးဗစ် လူးဝစ်ဇ်ကြောင့် ဂိုးပြန်ပေးခဲ့ရတာ နှစ်ခုကို ထောက်ချင့်ရင်တော့ နှစ်ဂိုး-တစ်ဂိုးဆိုတာ သူ့အတွက် မရိုင်းတဲ့ ရလဒ်ဖြစ်ပြီး အဆင့် ၄ ကိုလည်း ရောက်ရှိနိုင်ခဲ့ပါတယ်။

ဝုလ်ဗ်စ်နဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲစဉ်မှာတော့ အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်ထားပြီး တည်ငြိမ်မှု မရှိတဲ့ အသင်းအနေနဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ရဲ့ နှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးမှုမှာ တောင်ပံတိုက်စစ်မှူး ပက်ဒရို နီတိုကပဲ သူ့ရဲ့သွင်းဂိုးနဲ့ သုံးမှတ်ရှာပေးခဲ့ရပါတယ်။ ဖူလ်ဟမ်နဲ့ ရှက်ဖီးလ်ဒ်တို့ကတော့ ပွဲစဉ် ၄ ပြီးတဲ့အထိ အမှတ်မရသေးတဲ့ ၃ သင်းအဖြစ် ဘန်လေနဲ့အတူ အောက်ဆုံးမှာ ရပ်တည်ခဲ့ကြပါတယ်။

ညတွေ နက်လာတာနဲ့အမျှ သွင်းဂိုးတွေကတော့ ကြောက်ခမန်းလိလိပါပဲ။ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ စောစောစီးစီး ပင်နယ်တီ ရခဲ့လို့ အိမ်ရှင်တို့တော့ လေကြီးတဲ့ မော်ရင်ညိုကို အနိုင်ယူဦးမယ်လို့ ထင်ပေမယ့် ဒီတစ်ဂိုးအပြီးမှာ ပေါ်တူဂီနည်းပြရဲ့ စပါးစ်က ၆ ဂိုး ပြန်သွင်းသွားခဲ့တာကတော့ သရဲနီပရိသတ်တွေကို တိတ်ဆိတ်စေခဲ့ပြီး တိုက်စစ်မှူးတစ်ဦး အထုတ်ခံရရုံနဲ့ ၆ ဂိုးအထိ ပေးခဲ့ရတဲ့ စုဖွဲ့မှုမှာ အဓိက တာဝန်ရှိသူအနေနဲ့ ဆိုးလ်ရှားပဲ အပြစ်တင်ခံရတော့မှာပါ။

တနင်္ဂနွေနေ့ရဲ့ နောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ အက်စတန်ဗီလာနဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာတော့ ဒီရာသီအတွက် စံချိန်တင်သွင်းဂိုးတွေကို မြင်ခဲ့ရပြီး ခုနစ်ဂိုး-နှစ်ဂိုးနဲ့ ဗီလိန်တွေ အနိုင်ယူသွားခဲ့ပါတယ်။ အိမ်ရှင်တို့အတွက် တိုက်စစ်မှူးသစ် ဝပ်ကင်းစ်က ဟက်ထရစ်၊ ဂရီးလစ်ရှ်က နှစ်ဂိုးသွင်း၊ သုံးဂိုး ဖန်တီးပေးခဲ့ချိန်မှာ လီဗာပူးလ်ဘက် ဆာလားကတော့ သူသွားနေတဲ့ ရွှေဖိနပ်လမ်းကြောင်းမှာ နှစ်ဂိုးထပ်တိုးခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ အက်စ်တန်ဗီလာတို့အနေနဲ့ တစ်ပွဲလျှော့ကစားပြီး ရာနှုန်းပြည့် ၃ ပွဲစလုံးအနိုင်၊ ရဂိုး ၁၁ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ ၄ ပွဲစလုံး နိုင်ထားခဲ့တဲ့ အဲဗာတန်ရဲ့အောက် အဆင့် ၂ အထိ တက်လှမ်းနိုင်ခဲ့ပြီး လီဗာပူးလ်ကတော့ အာဆင်နယ်အောက် အဆင့် ၅ ကို ကျသွားခဲ့သလို ဒီရာသီအတွက် ပြိုင်ဆိုင်မှုကို ပိုမိုစိတ်ဝင်စားစရာကောင်းလာစေပြီး နိုင်ငံပွဲတွေအတွက် နှစ်ပတ်နီးပါး အနားရချိန်မှာ ဘယ်လိုတွေ ထပ်ပြီး ပြင်ဆင်လာကြမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.