Match Report Premier League

ေက်နပ္စရာမေကာင္းေသးေပမယ့္ ႏုိင္ပြဲနဲ႔အတူ အဆင့္ ၄ ေရာက္လာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေဒးဗစ္ လူးဝစ္ဇ္ကို သုံးေယာက္တန္းညာျခမ္းမွာ သုံးလာခဲ့တဲ့ ကစားကြက္ကေတာ့ အားနည္းခ်က္ ရွိသလို ျဖစ္ေနခဲ့ၿပီး ႐ုန္းကန္ေနခဲ့ရသလို တုိက္စစ္မွာေတာ့ ဝက္စ္ဟမ္းနဲ႔ပြဲက အလုပ္မျဖစ္တဲ့ ဘယ္ေတာင္ပံကို သင္ခန္းစာ မရေသးဘဲ သုံးစြဲခဲ့ၿပီး ကာရာေဘာင္းဖလားမွာ ပင္နယ္တီပဲ ဝင္ကန္သြားတဲ့ လာကာဇက္ကိုလည္း မသုံးခဲ့တာကိုေတာ့ အံ့ၾသစရာ ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ လာကာဇက္အေနနဲ႔ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ဂိုးသြင္းတဲ့ စံခ်ိန္တစ္ခုအတြက္ စိန္မေခၚႏုိင္ေတာ့သလို ပိတ္ကစားတဲ့ အသင္းေတြနဲ႔ ေတြ႕ရင္ ဘာမွ မလုပ္တတ္တဲ့ နကီးတီးယားနဲ႔ အာဆင္နယ္တုိက္စစ္က အလုပ္မျဖစ္ေတာ့ဘဲ ဘယ္ျခမ္းကလည္း မဖန္တီးႏုိင္ခ်ိန္မွာ ညာျခမ္းက ဝီလီယန္ပါ ေပ်ာက္သြားခဲ့တာကေတာ့ ပထမပိုင္းဂိုး ဂိုးမရွိသေရက်ေစခဲ့တာပါ။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔အေနနဲ႔ အေျပာင္းအလဲတခ်ဳိ႕ ျပဳလုပ္ခဲ့ၿပီး နကီးတီးယားအစား ေပေပကို ထည့္သြင္းလုိက္ခ်ိန္မွာ ဝီလီယန္က ကြင္းလယ္နဲ႔ ဘယ္ျခမ္းကို မွ်ကစားၿပီး ေဘာလုံးျဖန္႔ေပးခဲ့ရာမွာ တုိက္စစ္လမ္းေၾကာင္းေတြ ပုိပြင့္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္ေနာက္တန္းကို ညာေနာက္ခံလူ ဘယ္လာရင္က ျဖတ္ေက်ာ္ၿပီး အနီးကပ္တင္ေပးတာမွာ အေဝးတုိင္မွာ ေစာင့္ေနတဲ့ ဆာကာက ေခါင္းတုိက္သြင္းယူခဲ့လို႔ ဂိုးသမား ရမ္းစ္ေဒးလ္ အငိုက္မိၿပီး အာဆင္နယ္တုိ႔ ဦးေဆာင္ဂိုး စရခဲ့ပါတယ္။

၆၄ မိနစ္မွာေတာ့ ညာျခမ္းတန္ျပန္တိုက္စစ္ကေန ေပေပရဲ႕ ေျပးလမ္းေၾကာင္းထဲကုိ ဘယ္လာရင္က ခ်ေပးတာမွာ အိုင္ဗရီကို႔စ္ ေတာင္ပံတုိက္စစ္မွဴးက အူဘာကို ေပးမလုိလိုနဲ႔ ကန္သြင္းသြားခဲ့တဲ့ ကန္ခ်က္က အေဝးတုိင္ေျခကို လွလွပပေရာက္သြားခဲ့လို႔ အာဆင္နယ္တုိ႔ ထပ္မံဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ေပေပကို လူစားမလဲခင္က ကစားကြက္ကို ျပန္ေျပာင္းခဲ့တဲ့ နည္းျပ အာတီတာရဲ႕ လုပ္ရပ္ကိုေတာ့ နားမလည္ႏိုင္ေအာင္ျဖစ္ခဲ့ရၿပီး အာဆင္နယ္တုိ႔ ကစားအားပါ က်သြားခဲ့သလို ရွက္ဖီးလ္ဒ္တုိ႔ ေတာက္ေလွ်ာက္ တုိက္စစ္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ကြင္းလယ္က ျဖတ္ေပးလာတဲ့ ကိုယ့္ေနရာမဟုတ္တဲ့ ဘယ္ျခမ္းကို ေမ်ာပါသြားခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္က အသင္းရဲ႕ ခံစစ္အစုအဖြဲ႕ကို မ်က္စိလည္ေစခဲ့ၿပီး သတိဝင္လာခ်ိန္မွာေတာ့ မက္ဂိုးလ္ဒရစ္ခ္ရဲ႕ ဘယ္ေျခကန္ခ်က္ကို ကာကြယ္ဖို႔ ေနာက္က်ေနၾကတဲ့အတြက္ ဂိုးသမား လီႏိုရဲ႕ ကာကြယ္မွဳလည္း အခ်ိန္မမီႏုိင္ေတာ့ဘဲ ဂိုးျပန္ေပးခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ခံစစ္သက္သက္ျဖစ္သြားခဲ့သလို ေဘာလုံးမထြက္တဲ့ ကြင္းလယ္ကလည္း တန္ျပန္တုိက္စစ္ေတြကို မလုပ္ႏုိင္ခဲ့တာေၾကာင့္ ပြဲၿပီးတဲ့အထိ အိမ္ကြင္းမွာ ဂိုးထပ္မေပးရဖို႔ ေတာင့္ခံသြားခဲ့ရၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့ရပါတယ္။

ဒီပြဲအၿပီးမွာေတာ့ အာဆင္နယ္တုိ႔ အႏုိင္သုံးမွတ္နဲ႔အတူ အမွတ္ေပးဇယားရဲ႕ အဆင့္ေလးေနရာကို ျပန္လည္တက္ေရာက္လာႏုိင္ခဲ့ၿပီး တုိက္စစ္မွဴး အူဘာမီယန္းကေတာ့ ရွက္ဖီးလ္ဒ္နဲ႔ဆုိရင္ ဂိုးမသြင္းႏုိင္တဲ့ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းသြားႏုိင္ခဲ့ပါေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒေးဗစ် လူးဝစ်ဇ်ကို သုံးယောက်တန်းညာခြမ်းမှာ သုံးလာခဲ့တဲ့ ကစားကွက်ကတော့ အားနည်းချက် ရှိသလို ဖြစ်နေခဲ့ပြီး ရုန်းကန်နေခဲ့ရသလို တိုက်စစ်မှာတော့ ဝက်စ်ဟမ်းနဲ့ပွဲက အလုပ်မဖြစ်တဲ့ ဘယ်တောင်ပံကို သင်ခန်းစာ မရသေးဘဲ သုံးစွဲခဲ့ပြီး ကာရာဘောင်းဖလားမှာ ပင်နယ်တီပဲ ဝင်ကန်သွားတဲ့ လာကာဇက်ကိုလည်း မသုံးခဲ့တာကိုတော့ အံ့သြစရာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် လာကာဇက်အနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်ဂိုးသွင်းတဲ့ စံချိန်တစ်ခုအတွက် စိန်မခေါ်နိုင်တော့သလို ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် ဘာမှ မလုပ်တတ်တဲ့ နကီးတီးယားနဲ့ အာဆင်နယ်တိုက်စစ်က အလုပ်မဖြစ်တော့ဘဲ ဘယ်ခြမ်းကလည်း မဖန်တီးနိုင်ချိန်မှာ ညာခြမ်းက ဝီလီယန်ပါ ပျောက်သွားခဲ့တာကတော့ ပထမပိုင်းဂိုး ဂိုးမရှိသရေကျစေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့အနေနဲ့ အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး နကီးတီးယားအစား ပေပေကို ထည့်သွင်းလိုက်ချိန်မှာ ဝီလီယန်က ကွင်းလယ်နဲ့ ဘယ်ခြမ်းကို မျှကစားပြီး ဘောလုံးဖြန့်ပေးခဲ့ရာမှာ တိုက်စစ်လမ်းကြောင်းတွေ ပိုပွင့်လာခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်နောက်တန်းကို ညာနောက်ခံလူ ဘယ်လာရင်က ဖြတ်ကျော်ပြီး အနီးကပ်တင်ပေးတာမှာ အဝေးတိုင်မှာ စောင့်နေတဲ့ ဆာကာက ခေါင်းတိုက်သွင်းယူခဲ့လို့ ဂိုးသမား ရမ်းစ်ဒေးလ် အငိုက်မိပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုး စရခဲ့ပါတယ်။

၆၄ မိနစ်မှာတော့ ညာခြမ်းတန်ပြန်တိုက်စစ်ကနေ ပေပေရဲ့ ပြေးလမ်းကြောင်းထဲကို ဘယ်လာရင်က ချပေးတာမှာ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်မှူးက အူဘာကို ပေးမလိုလိုနဲ့ ကန်သွင်းသွားခဲ့တဲ့ ကန်ချက်က အဝေးတိုင်ခြေကို လှလှပပရောက်သွားခဲ့လို့ အာဆင်နယ်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပေပေကို လူစားမလဲခင်က ကစားကွက်ကို ပြန်ပြောင်းခဲ့တဲ့ နည်းပြ အာတီတာရဲ့ လုပ်ရပ်ကိုတော့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပြီး အာဆင်နယ်တို့ ကစားအားပါ ကျသွားခဲ့သလို ရှက်ဖီးလ်ဒ်တို့ တောက်လျှောက် တိုက်စစ်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ကွင်းလယ်က ဖြတ်ပေးလာတဲ့ ကိုယ့်နေရာမဟုတ်တဲ့ ဘယ်ခြမ်းကို မျောပါသွားခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်က အသင်းရဲ့ ခံစစ်အစုအဖွဲ့ကို မျက်စိလည်စေခဲ့ပြီး သတိဝင်လာချိန်မှာတော့ မက်ဂိုးလ်ဒရစ်ခ်ရဲ့ ဘယ်ခြေကန်ချက်ကို ကာကွယ်ဖို့ နောက်ကျနေကြတဲ့အတွက် ဂိုးသမား လီနိုရဲ့ ကာကွယ်မှုလည်း အချိန်မမီနိုင်တော့ဘဲ ဂိုးပြန်ပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ခံစစ်သက်သက်ဖြစ်သွားခဲ့သလို ဘောလုံးမထွက်တဲ့ ကွင်းလယ်ကလည်း တန်ပြန်တိုက်စစ်တွေကို မလုပ်နိုင်ခဲ့တာကြောင့် ပွဲပြီးတဲ့အထိ အိမ်ကွင်းမှာ ဂိုးထပ်မပေးရဖို့ တောင့်ခံသွားခဲ့ရပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့ရပါတယ်။

ဒီပွဲအပြီးမှာတော့ အာဆင်နယ်တို့ အနိုင်သုံးမှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ပြီး တိုက်စစ်မှူး အူဘာမီယန်းကတော့ ရှက်ဖီးလ်ဒ်နဲ့ဆိုရင် ဂိုးမသွင်းနိုင်တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.