Match Report Premier League

ခံစစ္ညံ့ဖ်င္းမွဳေၾကာင့္ အုိးလ္ထရက္ဖို႔ဒ္မွာ မ်က္ႏွာပ်က္ခဲ့ရတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ သူတုိ႔ရဲ႕ အျဖစ္ႏုိင္ဆုံး အေကာင္းဆုံးလူစာရင္းကို ဒီေန႔မွာ ခင္က်င္းခဲ့ေပမယ့္ ပုံစံေကာင္းမရဘဲ က်ဆင္းေနတဲ့ ကစားသမားအမ်ားစုရဲ႕ ဆုိးရြားတဲ့ ပုံစံေတြနဲ႔အတူ ပြဲမတုိင္ခင္ကတည္းက ေလက်ယ္ထားခဲ့တဲ့ နည္းျပေဟာင္း ေမာ္ရင္ညဳိအေပၚ ႏုိင္ပြဲရယူခဲ့သင့္ေပမယ့္ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ျပတ္သားတဲ့ ရလဒ္နဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ မ်က္ႏွာပ်က္ခဲ့ရပါတယ္။

ခံစစ္မွာ မက္ဂြဳိင္းယားကို ဘုိင္လီနဲ႔တြဲေပးၿပီး ဝန္ဘစ္ဆာကာေရာ လုခ္ေရွာပါ အစြန္လူေနရာေတြမွာ ကစားခဲ့သလို ကြင္းလယ္နဲ႔ တုိက္စစ္မွာေတာ့ ၿပီးခဲ့တဲ့ Premier League Restart မွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားေတြအတုိင္း ေပါ့ဘာ၊ မာတစ္ခ်္၊ ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္၊ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္တို႔အတြဲလုိက္ႀကီးကို ျပန္လည္သုံးစြဲခဲ့ေပမယ့္ ခံစစ္က သူတုိ႔အားလုံးကို သစၥာေဖာက္ခဲ့တာပါ။

ပြဲခ်ိန္ ၂၉ စကၠန္႔မွာပဲ မာစီယယ္လ္ကို ေနာက္ကေန ဖ်က္ထုတ္ရာမွာ ေျခေထာက္ကိုပဲ ပုိင္းမိခဲ့တဲ့ ေဒဗင္ဆန္ ဆန္ခ်က္ဇ္ေၾကာင့္ အိမ္ရွင္ေတြ ပင္နယ္တီရခဲ့ၿပီး ဒါကို ပြဲခ်ိန္ ၂ မိနစ္ထဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္က သူကန္သြင္းေနက် ပုံစံအတိုင္းပဲ ေသြးေအးေအးနဲ႔ အဆုံးသတ္ႏုိင္ခဲ့လုိ႔ ယူႏုိက္တက္တို႔ အဖြင့္လွခဲ့ေပမယ့္ ထင္သလိုေတာ့ မျဖစ္ခဲ့ပါဘူး။

ပြဲခ်ိန္ ၄ မိနစ္မွာပဲ စပါးစ္တုိ႔ ေခ်ပဂိုး ျပန္လည္ရယူႏုိင္ခဲ့ၿပီး လက္ပစ္ေဘာကေန ထိုးေဖာက္လာခဲ့ရာမွာ ေနာက္ခံလူေတြျဖစ္တဲ့ ဘုိင္လီနဲ႔ မက္ဂြဳိင္းယားတုိ႔ ေခါင္းတုိက္ပုံ မပီျပင္ဘဲ ေလးလံေနခဲ့ရာကေန လာမီလာနဲ႔ လုခ္ေရွာ ေဘာလုံးယွဥ္လုရင္း ျပန္ထြက္လာတာကို အန္ဒြမ္ဘီလီက ေျပးဝင္ကန္သြင္းခဲ့ရာမွာ အနီးကပ္ျဖစ္ေနလုိ႔ ဒေဟးယား မကာကြယ္ႏုိင္ဘဲ ဂိုးျပန္ေပးခဲ့ရပါတယ္။ ဒီဂိုးမွာ ဖ်က္ထုတ္ဖို႔ ႀကဳိးစားေနတဲ့ လုခ္ေရွာကို သူကိုယ္တုိင္ ဆြဲလွဲခဲ့ၿပီး ျပစ္ဒဏ္ေဘာေတာင္းခဲ့တဲ့ အသင္းေခါင္းေဆာင္ မက္ဂြဳိင္းယားရဲ႕ အျပဳအမူကေတာ့ ရယ္စရာလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ စပါးစ္တုိ႔ ဦးေဆာင္ဂိုးယူႏုိင္ခဲ့ၿပီး မက္ဂြဳိင္းယားနဲ႔ ဟာရီကိန္းတုိ႔ ေတြ႕ဆုံရာက ရရွိတဲ့ ျပစ္ဒဏ္ေဘာကို သူတုိ႔ေတြ လုပ္ေနက်ပုံစံအတုိင္း ကိန္းက လဲရာကထၿပီး အျမန္ကန္ေပးတာကို ဆြန္ေဟာင္မင္က ဘုိင္လီနဲ႔ လုခ္ေရွာတုိ႔ၾကားက ေျပးထြက္ၿပီး ဒေဟးယားနဲ႔ အေတြ႕မွာ ေဘးက ကန္သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးေပးအၿပီးမွာ ယူႏိုက္တက္တို႔ ဂိုးျပန္ရဖို႔ ဖိကစားခဲ့ေပမယ့္ ခံစစ္ကေတာ့ လုံးဝကို ေပါက္ထြက္ေနခဲ့တာေၾကာင့္ စပါးစ္တုိ႔ အႀကိမ္ႀကိမ္ ထိုးေဖာက္ခဲ့ေပမယ့္ အဆုံးသတ္ေတြ လြဲေခ်ာ္ေနခဲ့ပါတယ္။ ပြဲခ်ိန္ ၂၉ မိနစ္မွာ ရန္စခံရတာကို မပါးနပ္ဘဲ မထိတထိ တုံ႔ျပန္တဲ့ မာစီယယ္လ္ အထုတ္ခံရၿပီး ခ်က္ခ်င္းဆုိသလိုပဲ လူေပးမွားမွဳကေန ေဘာလုံးရသြားတဲ့ ဆြန္က ခ်ဳိးေပးခဲ့တာကို ကိန္းက အျပင္းကန္သြင္းၿပီး တတိယဦးေဆာင္ဂိုး ရယူခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ေနရာယူပုံမွားယြင္းေနခဲ့ၿပီး လုခ္ေရွာနဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ႏွစ္ဦးထဲက တစ္ဦးရွိသင့္တဲ့ ဘယ္ျခမ္းမွာ တစ္ဦးတည္း လြတ္ေနခဲ့တဲ့ စပါးစ္ညာေနာက္ခံလူ ေအာ္ရီေယးက ေဘာလုံးယူလာၿပီး မက္ဂြဳိင္းယားရဲ႕ ေပါင္ၾကားထဲက ခ်ဳိးေပးတာကို ဆြန္ကပဲ ဒေဟးယားရဲ႕ ေပါင္ၾကားထဲက ထပ္မံသြင္းယူသြားခဲ့လုိ႔ ပထမပုိင္းမွာ ယူႏုိက္တက္တုိ႔ ေလးဂိုး-တစ္ဂိုးနဲ႔ ရွဳံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပုိင္း ျပန္အစမွာေတာ့ ခံစစ္ဗဟိုကို ျပင္စရာလူမရွိတဲ့ ဆုိးလ္ရွားအေနနဲ႔ ကြင္းလယ္ခံစစ္ေတြျဖစ္ၾကတဲ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတုိ႔ကို ဖာနန္ဒက္စ္နဲ႔ ေလးလံတဲ့ မာတစ္တုိ႔ေနရာ လူစားသြင္းခဲ့ေပမယ့္ ပြဲခ်ိန္ ၅၁ မိနစ္မွာ အတြင္းထဲကို ဘာဝင္ဝင္လုပ္ေနမွန္းမသိတဲ့ လုခ္ေရွာရဲ႕ ဘယ္ျခမ္းအေပါက္ႀကီးကေနပဲ ေဘာလုံးရသြားတဲ့ ေအာ္ရီေယးက အနိမ့္ေဘာ ေထာင့္ျဖတ္ကန္ၿပီး ပဥၥမဂိုး ရယူသြားခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာ ဂရင္းဝုဒ္ကို ဗန္ဒဘိခ္နဲ႔ လဲကစားၿပီး ကြင္းလယ္က ေဘာလုံးျပန္စႏုိင္ဖို႔ လုပ္ခဲ့ေပမယ့္ ပင္နယ္တီေပးၾကမ္းတဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာေၾကာင့္ ခြင့္လႊတ္လုိ႔ ရႏိုင္တဲ့ ေပါ့ဘာရဲ႕ ေဒးဗီးစ္ကို ဖ်က္ထုတ္မွဳက တစ္ဆင့္ ဟာရီကိန္းက ပြဲခ်ိန္ ၇၈ မိနစ္မွာ ကန္သြင္းၿပီး ေျခာက္ဂိုး-တစ္ဂိုး ျဖစ္ေစခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ယူႏုိက္တက္ခံစစ္ရဲ႕ စုဖြဲ႕မွဳက ဆုိးဆုိးရြားရြားျဖစ္ေနခဲ့သလို ဂရိျပန္ မက္ဂြဳိင္းယားရဲ႕ အရင္လို အာ႐ုံစူးစိုက္မွဳ မရွိေတာ့ဘဲ ခံစစ္ကို ဦးမေဆာင္ႏုိင္မွဳ၊ ဘုိင္လီရဲ႕ အမွားမ်ား၊ လူေပးမွားမွဳနဲ႔ လုခ္ေရွာရဲ႕ ဗဟိုခံစစ္ကို အျမဲတမ္းေနရာယူၿပီး ေတာင္ပံကို လႊတ္ထားမွဳေတြေၾကာင့္ ဆုိးဆိုးရြားရြား ရွဳံးနိမ့္ခဲ့ရတာျဖစ္ၿပီး မာစီယယ္လ္အထုတ္ခံရတာနဲ႔ ၆ ဂိုးကေတာ့ ဘာမွ မဆုိင္တာမို႔ ဆုိးလ္ရွားရဲ႕ ခံစစ္ကစားပုံနဲ႔ ကစားသမားေတြရဲ႕ အရည္အခ်င္းကို ေတြ႕ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

စာရြက္ေပၚမွာသာ နာမည္ရွိၿပီး ကြင္းထဲမွာ ဘာမွမဟုတ္ေတာ့တဲ့ လူအင္အားအတြက္ ေနာ္ေဝသားမွာ စေတးခံရဖို႔ နီးစပ္လာၿပီျဖစ္ၿပီး ကစားသမားေတြ ေခၚယူမေပးတာအျပင္ ဒီခံစစ္သမားေတြနဲ႔ ဘယ္လိုမွ ဆက္သြားလို႔ မရတဲ့ မန္ခ်က္စတာယူႏုိက္တက္အတြက္ေတာ့ ေတာ္ေတာ္ႀကီးကို ႀကီးႀကီးမားမား ေျပာင္းလဲရမယ့္ အေနအထားတစ္ရပ္မွာ တာဝန္ရွိသူေတြနဲ႔အတူ ေနာက္ကြယ္က ရွိေနဆဲျဖစ္တဲ့ ဆာအဲလက္စ္ ဖာဂူဆန္ပါ ေခါင္းကိုက္ရဖို႔လည္း ရွိလာခဲ့ၿပီျဖစ္ေၾကာင္း အခ်ိန္ယူသုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဖြစ်နိုင်ဆုံး အကောင်းဆုံးလူစာရင်းကို ဒီနေ့မှာ ခင်ကျင်းခဲ့ပေမယ့် ပုံစံကောင်းမရဘဲ ကျဆင်းနေတဲ့ ကစားသမားအများစုရဲ့ ဆိုးရွားတဲ့ ပုံစံတွေနဲ့အတူ ပွဲမတိုင်ခင်ကတည်းက လေကျယ်ထားခဲ့တဲ့ နည်းပြဟောင်း မော်ရင်ညိုအပေါ် နိုင်ပွဲရယူခဲ့သင့်ပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘဲ ပြတ်သားတဲ့ ရလဒ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မျက်နှာပျက်ခဲ့ရပါတယ်။

ခံစစ်မှာ မက်ဂွိုင်းယားကို ဘိုင်လီနဲ့တွဲပေးပြီး ဝန်ဘစ်ဆာကာရော လုခ်ရှောပါ အစွန်လူနေရာတွေမှာ ကစားခဲ့သလို ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ပြီးခဲ့တဲ့ Premier League Restart မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေအတိုင်း ပေါ့ဘာ၊ မာတစ်ချ်၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်တို့အတွဲလိုက်ကြီးကို ပြန်လည်သုံးစွဲခဲ့ပေမယ့် ခံစစ်က သူတို့အားလုံးကို သစ္စာဖောက်ခဲ့တာပါ။

ပွဲချိန် ၂၉ စက္ကန့်မှာပဲ မာစီယယ်လ်ကို နောက်ကနေ ဖျက်ထုတ်ရာမှာ ခြေထောက်ကိုပဲ ပိုင်းမိခဲ့တဲ့ ဒေဗင်ဆန် ဆန်ချက်ဇ်ကြောင့် အိမ်ရှင်တွေ ပင်နယ်တီရခဲ့ပြီး ဒါကို ပွဲချိန် ၂ မိနစ်ထဲမှာ ဘရူနို ဖာနန်ဒက်စ်က သူကန်သွင်းနေကျ ပုံစံအတိုင်းပဲ သွေးအေးအေးနဲ့ အဆုံးသတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ အဖွင့်လှခဲ့ပေမယ့် ထင်သလိုတော့ မဖြစ်ခဲ့ပါဘူး။

ပွဲချိန် ၄ မိနစ်မှာပဲ စပါးစ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး လက်ပစ်ဘောကနေ ထိုးဖောက်လာခဲ့ရာမှာ နောက်ခံလူတွေဖြစ်တဲ့ ဘိုင်လီနဲ့ မက်ဂွိုင်းယားတို့ ခေါင်းတိုက်ပုံ မပီပြင်ဘဲ လေးလံနေခဲ့ရာကနေ လာမီလာနဲ့ လုခ်ရှော ဘောလုံးယှဉ်လုရင်း ပြန်ထွက်လာတာကို အန်ဒွမ်ဘီလီက ပြေးဝင်ကန်သွင်းခဲ့ရာမှာ အနီးကပ်ဖြစ်နေလို့ ဒဟေးယား မကာကွယ်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီဂိုးမှာ ဖျက်ထုတ်ဖို့ ကြိုးစားနေတဲ့ လုခ်ရှောကို သူကိုယ်တိုင် ဆွဲလှဲခဲ့ပြီး ပြစ်ဒဏ်ဘောတောင်းခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ အပြုအမူကတော့ ရယ်စရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ စပါးစ်တို့ ဦးဆောင်ဂိုးယူနိုင်ခဲ့ပြီး မက်ဂွိုင်းယားနဲ့ ဟာရီကိန်းတို့ တွေ့ဆုံရာက ရရှိတဲ့ ပြစ်ဒဏ်ဘောကို သူတို့တွေ လုပ်နေကျပုံစံအတိုင်း ကိန်းက လဲရာကထပြီး အမြန်ကန်ပေးတာကို ဆွန်ဟောင်မင်က ဘိုင်လီနဲ့ လုခ်ရှောတို့ကြားက ပြေးထွက်ပြီး ဒဟေးယားနဲ့ အတွေ့မှာ ဘေးက ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးပေးအပြီးမှာ ယူနိုက်တက်တို့ ဂိုးပြန်ရဖို့ ဖိကစားခဲ့ပေမယ့် ခံစစ်ကတော့ လုံးဝကို ပေါက်ထွက်နေခဲ့တာကြောင့် စပါးစ်တို့ အကြိမ်ကြိမ် ထိုးဖောက်ခဲ့ပေမယ့် အဆုံးသတ်တွေ လွဲချော်နေခဲ့ပါတယ်။ ပွဲချိန် ၂၉ မိနစ်မှာ ရန်စခံရတာကို မပါးနပ်ဘဲ မထိတထိ တုံ့ပြန်တဲ့ မာစီယယ်လ် အထုတ်ခံရပြီး ချက်ချင်းဆိုသလိုပဲ လူပေးမှားမှုကနေ ဘောလုံးရသွားတဲ့ ဆွန်က ချိုးပေးခဲ့တာကို ကိန်းက အပြင်းကန်သွင်းပြီး တတိယဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ နေရာယူပုံမှားယွင်းနေခဲ့ပြီး လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့နှစ်ဦးထဲက တစ်ဦးရှိသင့်တဲ့ ဘယ်ခြမ်းမှာ တစ်ဦးတည်း လွတ်နေခဲ့တဲ့ စပါးစ်ညာနောက်ခံလူ အော်ရီယေးက ဘောလုံးယူလာပြီး မက်ဂွိုင်းယားရဲ့ ပေါင်ကြားထဲက ချိုးပေးတာကို ဆွန်ကပဲ ဒဟေးယားရဲ့ ပေါင်ကြားထဲက ထပ်မံသွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ လေးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ခံစစ်ဗဟိုကို ပြင်စရာလူမရှိတဲ့ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ခံစစ်တွေဖြစ်ကြတဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို ဖာနန်ဒက်စ်နဲ့ လေးလံတဲ့ မာတစ်တို့နေရာ လူစားသွင်းခဲ့ပေမယ့် ပွဲချိန် ၅၁ မိနစ်မှာ အတွင်းထဲကို ဘာဝင်ဝင်လုပ်နေမှန်းမသိတဲ့ လုခ်ရှောရဲ့ ဘယ်ခြမ်းအပေါက်ကြီးကနေပဲ ဘောလုံးရသွားတဲ့ အော်ရီယေးက အနိမ့်ဘော ထောင့်ဖြတ်ကန်ပြီး ပဉ္စမဂိုး ရယူသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဂရင်းဝုဒ်ကို ဗန်ဒဘိခ်နဲ့ လဲကစားပြီး ကွင်းလယ်က ဘောလုံးပြန်စနိုင်ဖို့ လုပ်ခဲ့ပေမယ့် ပင်နယ်တီပေးကြမ်းတဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာကြောင့် ခွင့်လွှတ်လို့ ရနိုင်တဲ့ ပေါ့ဘာရဲ့ ဒေးဗီးစ်ကို ဖျက်ထုတ်မှုက တစ်ဆင့် ဟာရီကိန်းက ပွဲချိန် ၇၈ မိနစ်မှာ ကန်သွင်းပြီး ခြောက်ဂိုး-တစ်ဂိုး ဖြစ်စေခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ယူနိုက်တက်ခံစစ်ရဲ့ စုဖွဲ့မှုက ဆိုးဆိုးရွားရွားဖြစ်နေခဲ့သလို ဂရိပြန် မက်ဂွိုင်းယားရဲ့ အရင်လို အာရုံစူးစိုက်မှု မရှိတော့ဘဲ ခံစစ်ကို ဦးမဆောင်နိုင်မှု၊ ဘိုင်လီရဲ့ အမှားများ၊ လူပေးမှားမှုနဲ့ လုခ်ရှောရဲ့ ဗဟိုခံစစ်ကို အမြဲတမ်းနေရာယူပြီး တောင်ပံကို လွှတ်ထားမှုတွေကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး မာစီယယ်လ်အထုတ်ခံရတာနဲ့ ၆ ဂိုးကတော့ ဘာမှ မဆိုင်တာမို့ ဆိုးလ်ရှားရဲ့ ခံစစ်ကစားပုံနဲ့ ကစားသမားတွေရဲ့ အရည်အချင်းကို တွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

စာရွက်ပေါ်မှာသာ နာမည်ရှိပြီး ကွင်းထဲမှာ ဘာမှမဟုတ်တော့တဲ့ လူအင်အားအတွက် နော်ဝေသားမှာ စတေးခံရဖို့ နီးစပ်လာပြီဖြစ်ပြီး ကစားသမားတွေ ခေါ်ယူမပေးတာအပြင် ဒီခံစစ်သမားတွေနဲ့ ဘယ်လိုမှ ဆက်သွားလို့ မရတဲ့ မန်ချက်စတာယူနိုက်တက်အတွက်တော့ တော်တော်ကြီးကို ကြီးကြီးမားမား ပြောင်းလဲရမယ့် အနေအထားတစ်ရပ်မှာ တာဝန်ရှိသူတွေနဲ့အတူ နောက်ကွယ်က ရှိနေဆဲဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်ပါ ခေါင်းကိုက်ရဖို့လည်း ရှိလာခဲ့ပြီဖြစ်ကြောင်း အချိန်ယူသုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.