Serie A

ပြောတတ်ဆိုတတ်တဲ့ မော်ရင်ညိုမှ လာဖောင်းလို့ ခံလိုက်ရတဲ့ ကာဆာနို

ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ဘောလုံးအပေါ် ၎င်းရဲ့ စိတ်ဆန္ဒပြင်းပြမှုအပေါ်မှာ မကြာသေးမီက ကာဆာနိုရဲ့ မှတ်ချက်ကို ပြင်းထန်တဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ ၎င်းရဲ့ ကစားသမားတွေကို ခပ်တင်းတင်း စီမံခန့်ခွဲပုံနဲ့ ကွင်းအတွင်းမှာ ထူးချွန်မှုကြောင့် လူသိများကျော်ကြားပြီး ရိုးမားအသင်းကို ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးထားပြီး မော်ရင်ညိုက နောက်ထပ်တစ်ကြိမ် ၎င်းရဲ့ နည်းဗျူဟာထက်မြက်မှုကို ပြသထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မော်ရင်ညိုရဲ့ အရည်အချင်းကို သံသယရှိနေသူတွေကတော့ ရှိနေဆဲဖြစ်ပြီး ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးခဲ့တဲ့ ကာဆာနိုက ပေါ်တူဂီလူမျိုးနည်းပြက ဘောလုံးနဲ့ပတ်သက်ပြီး ဂရုမစိုက်သူလို့ ဝေဖန်စွပ်စွဲခဲ့တာဖြစ်ပါတယ်။

“အန်ချယ်လော့တီ ဆက်ပြီး နည်းမပြဘူးဆိုရင် သူ ရီးရဲလ်မက်ဒရစ်ကို ပြန်လာနိုင်တယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က နည်းပြလိုချင်တယ်ဆိုရင် သူတို့ရဲ့ စီမံကိန်းသစ်အတွက် မော်ရင်ညိုကို ခေါ်မှာမဟုတ်ပါဘူး။ မော်က ဘောလုံးနဲ့ပတ်သက်ပြီး သောက်ဂရုစိုက်တာမဟုတ်ဘူး။ သူက အလုပ်မလုပ်ချင်ဘူး။ သူ ဘယ်လိုမျိုး ဆက်သွယ်ရလဲ၊ စကားပြောရလဲဆိုတာကို မသိဘူး။ သူ့ရဲ့ ဇာတ်လမ်းတွေကြောင့် အရူးလုပ်မခံရပါစေနဲ့။ သူ ဒီလိုရလဒ်တွေကို ဘယ်လိုလုပ်ပြီး ရခဲ့လဲ ကျွန်တော် မသိဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ရုပ်ရှင်ရုံလိုပဲမို့လို့ပါ။ သူက အရမ်းကောင်းတဲ့နည်းပြဖြစ်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ သူက ရီးရဲလ်မက်ဒရစ်ကို လေ့ကျင့်နိုင်သလို ဆမ် မာတင်းစ်ကိုလည်း လေ့ကျင့်ပေးနိုင်တယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီတလီတိုက်စစ်မှူးဟာ မော်ရင်ညိုလက်အောက်မှာ ဘယ်တုန်းကမှ မကစားခဲ့ဖူးပေမယ့် ပေါ်တူဂီလူမျိုးနည်းပြရဲ့ ခေါင်းဆောင်မှု ပုံစံကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး အားလုံးထင်ထားတဲ့အတိုင်းပဲ ဆတ်ဆတ်ထိမခံတတ်တဲ့ ရိုးမားနည်းပြက ကာဆာနို လဲသေချင်စိတ်ပေါက်အောင် ပြန်ပြီး တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။

“လူတိုင်းမှာ သူတို့ရဲ့ နှစ်သက်ရာတွေရှိခွင့်၊ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အန်တိုနီယိုလိုမျိုး အခြားလူတွေအကြောင်းကို ပြောတဲ့အချိန်မှာ အဲဒါက ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ထဲက အချို့က ဘောလုံးလောကမှာ အလုပ်လုပ်ကြတယ်။ သူက သူ့ဘာသာသူ ပျော်ရွှင်ချင်ရုံပါ။ ကာဆာနိုက ရိုးမား၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်တို့အတွက် ကစားပေးခဲ့တယ်။ မက်ဒရစ်မှာဆိုရင် သူ့ရဲ့ ဂျာကင်ကြောင့်ပဲ သူ့ကို အမှတ်ရနေကြတာပါ။ ရိုးမားနဲ့ သူက ပွဲမကစားဘဲ စူပါကိုပါဖလားရခဲ့တယ်။ အင်တာမှာဆိုရင် ချစ်ကြည်ရေးခြေစမ်းပွဲဖြစ်တဲ့ လွန်ဘာဒီဖလားပွဲမှာတောင် ဝင်မကစားခဲ့ရဘူး”

“ကျွန်တော် အင်တာ၊ ရီးရဲလ်မက်ဒရစ်၊ ရိုးမားတို့နဲ့ ဘာအောင်မြင်မှုတွေ ရခဲ့လဲ ခင်ဗျား သိပါတယ်။ သူက ကျွန်တော်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတာဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ သူနဲ့ပတ်သက်ပြီး ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော် ကာဆာနိုကို တစ်ခုပဲ ပြောမယ်။ သတိထားပါ အန်တိုနီယို၊ မင်းက အသက် ၄၀၊ ငါက အသက် ၆၀ ပါ။ တစ်ခါတလေ မာကို လီဗာရာပုံစံမျိုးတွေ ဖြစ်လာရင် ခက်လိမ့်မယ်။ ကျွန်တော် ကာဆာနိုပြောတာကို ဂရုမစိုက်ဘူး။ သူက ဘယ်တုန်းကမှ ဖလားမရဖူးတဲ့ ကစားသမားဖြစ်ပြီး အခု ကျွန်တော့်အကြောင်းပြောပြီး အရေးပါလာအောင် ကြိုးစားနေတယ်။ ကျွန်တော့်အလုပ်နဲ့ ဒီအသင်းကို အောင်မြင်မှုတွေဆီ ဦးဆောင်ပေးဖို့ပဲ အာရုံစိုက်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုးမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳဟာ ေဘာလုံးအေပၚ ၎ရဲ႕ စိတ္ဆႏၵျပင္းျပမႈအေပၚမွာ မၾကာေသးမီက ကာဆာႏိုရဲ႕ မွတ္ခ်က္ကို ျပင္းထန္တဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာ ၎ရဲ႕ ကစားသမားေတြကို ခပ္တင္းတင္း စီမံခန႔္ခြဲပုံနဲ႔ ကြင္းအတြင္းမွာ ထူးခြၽန္မႈေၾကာင့္ လူသိမ်ားေက်ာ္ၾကားၿပီး ႐ိုးမားအသင္းကို ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္အဆင့္ကို ပို႔ေဆာင္ေပးထားၿပီး ေမာ္ရင္ညိဳက ေနာက္ထပ္တစ္ႀကိမ္ ၎ရဲ႕ နည္းဗ်ဴဟာထက္ျမက္မႈကို ျပသထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေမာ္ရင္ညိဳရဲ႕ အရည္အခ်င္းကို သံသယရွိေနသူေတြကေတာ့ ရွိေနဆဲျဖစ္ၿပီး ၂၀၀၆ ကေန ၂၀၀၈ ခုႏွစ္အထိ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးခဲ့တဲ့ ကာဆာႏိုက ေပၚတူဂီလူမ်ိဳးနည္းျပက ေဘာလုံးနဲ႔ပတ္သက္ၿပီး ဂ႐ုမစိုက္သူလို႔ ေဝဖန္စြပ္စြဲခဲ့တာျဖစ္ပါတယ္။

“အန္ခ်ယ္ေလာ့တီ ဆက္ၿပီး နည္းမျပဘူးဆိုရင္ သူ ရီးရဲလ္မက္ဒရစ္ကို ျပန္လာႏိုင္တယ္။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္က နည္းျပလိုခ်င္တယ္ဆိုရင္ သူတို႔ရဲ႕ စီမံကိန္းသစ္အတြက္ ေမာ္ရင္ညိဳကို ေခၚမွာမဟုတ္ပါဘူး။ ေမာ္က ေဘာလုံးနဲ႔ပတ္သက္ၿပီး ေသာက္ဂ႐ုစိုက္တာမဟုတ္ဘူး။ သူက အလုပ္မလုပ္ခ်င္ဘူး။ သူ ဘယ္လိုမ်ိဳး ဆက္သြယ္ရလဲ၊ စကားေျပာရလဲဆိုတာကို မသိဘူး။ သူ႔ရဲ႕ ဇာတ္လမ္းေတြေၾကာင့္ အ႐ူးလုပ္မခံရပါေစနဲ႔။ သူ ဒီလိုရလဒ္ေတြကို ဘယ္လိုလုပ္ၿပီး ရခဲ့လဲ ကြၽန္ေတာ္ မသိဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ႐ုပ္ရွင္႐ုံလိုပဲမို႔လို႔ပါ။ သူက အရမ္းေကာင္းတဲ့နည္းျပျဖစ္ခဲ့တယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ သူက ရီးရဲလ္မက္ဒရစ္ကို ေလ့က်င့္ႏိုင္သလို ဆမ္ မာတင္းစ္ကိုလည္း ေလ့က်င့္ေပးႏိုင္တယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီတလီတိုက္စစ္မႉးဟာ ေမာ္ရင္ညိဳလက္ေအာက္မွာ ဘယ္တုန္းကမွ မကစားခဲ့ဖူးေပမယ့္ ေပၚတူဂီလူမ်ိဳးနည္းျပရဲ႕ ေခါင္းေဆာင္မႈ ပုံစံကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး အားလုံးထင္ထားတဲ့အတိုင္းပဲ ဆတ္ဆတ္ထိမခံတတ္တဲ့ ႐ိုးမားနည္းျပက ကာဆာႏို လဲေသခ်င္စိတ္ေပါက္ေအာင္ ျပန္ၿပီး တုံ႔ျပန္လိုက္ၿပီျဖစ္ပါတယ္။

“လူတိုင္းမွာ သူတို႔ရဲ႕ ႏွစ္သက္ရာေတြရွိခြင့္၊ ေဝဖန္ခြင့္ရွိပါတယ္။ ဒါေပမယ့္လည္း အန္တိုနီယိုလိုမ်ိဳး အျခားလူေတြအေၾကာင္းကို ေျပာတဲ့အခ်ိန္မွာ အဲဒါက ကြဲျပားျခားနားပါတယ္။ ကြၽန္ေတာ္တို႔ထဲက အခ်ိဳ႕က ေဘာလုံးေလာကမွာ အလုပ္လုပ္ၾကတယ္။ သူက သူ႔ဘာသာသူ ေပ်ာ္႐ႊင္ခ်င္႐ုံပါ။ ကာဆာႏိုက ႐ိုးမား၊ အင္တာမီလန္၊ ရီးရဲလ္မက္ဒရစ္တို႔အတြက္ ကစားေပးခဲ့တယ္။ မက္ဒရစ္မွာဆိုရင္ သူ႔ရဲ႕ ဂ်ာကင္ေၾကာင့္ပဲ သူ႔ကို အမွတ္ရေနၾကတာပါ။ ႐ိုးမားနဲ႔ သူက ပြဲမကစားဘဲ စူပါကိုပါဖလားရခဲ့တယ္။ အင္တာမွာဆိုရင္ ခ်စ္ၾကည္ေရးေျခစမ္းပြဲျဖစ္တဲ့ လြန္ဘာဒီဖလားပြဲမွာေတာင္ ဝင္မကစားခဲ့ရဘူး”

“ကြၽန္ေတာ္ အင္တာ၊ ရီးရဲလ္မက္ဒရစ္၊ ႐ိုးမားတို႔နဲ႔ ဘာေအာင္ျမင္မႈေတြ ရခဲ့လဲ ခင္ဗ်ား သိပါတယ္။ သူက ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတာျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ သူနဲ႔ပတ္သက္ၿပီး ဘာမွ ျပႆနာမရွိပါဘူး။ ကြၽန္ေတာ္ ကာဆာႏိုကို တစ္ခုပဲ ေျပာမယ္။ သတိထားပါ အန္တိုနီယို၊ မင္းက အသက္ ၄၀၊ ငါက အသက္ ၆၀ ပါ။ တစ္ခါတေလ မာကို လီဗာရာပုံစံမ်ိဳးေတြ ျဖစ္လာရင္ ခက္လိမ့္မယ္။ ကြၽန္ေတာ္ ကာဆာႏိုေျပာတာကို ဂ႐ုမစိုက္ဘူး။ သူက ဘယ္တုန္းကမွ ဖလားမရဖူးတဲ့ ကစားသမားျဖစ္ၿပီး အခု ကြၽန္ေတာ့္အေၾကာင္းေျပာၿပီး အေရးပါလာေအာင္ ႀကိဳးစားေနတယ္။ ကြၽန္ေတာ့္အလုပ္နဲ႔ ဒီအသင္းကို ေအာင္ျမင္မႈေတြဆီ ဦးေဆာင္ေပးဖို႔ပဲ အာ႐ုံစိုက္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.