Serie A

၉၅ မိနစ်မှာ ချေပဂိုးသွင်းပြီး အနီကတ်ယူသွားတဲ့ လူကာကူး

လူကာကူးဟာ အင်္ဂါနေ့ညက ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ရဲ့ စိတ်လှုပ်ရှားဖွယ် သရေပွဲစဉ်မှာ ၉၅ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကိုပါအီတာလီယာဖလားပွဲစဉ်ဟာ လူကာကူးရဲ့ နောက်ကျပင်နယ်တီသွင်းဂိုးအပြီးမှာ ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပွားခဲ့ပြီး နောက်ကျ ချေပဂိုးအပြီး ကစားသမား ၃ ဦးအထိ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကွက်ဒရာဒိုက ၈၃ မိနစ်မှာ ပင်နယ်တီ ဧရိယာထဲမှာ တိကျသေသပ်တဲ့ အဆုံးသတ်နဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်းအသင်းက နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီ ကနေတဆင့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာကြယ်ပွင့်ရဲ့ သွင်းဂိုးကို ချေပနိုင်ခဲ့ပြီးနောက် လူကာကူးဟာ တစ်ပွဲလုံး နှောင့်ယှက်စော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံပြီး အမူအရာနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လူကာကူးဟာ အင်တာမီလန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယအဝါကတ်ပြား ပြသခြင်း ခံခဲ့ရပြီး ကွက်ဒရာဒိုနဲ့ အင်တာမီလန်အသင်းခေါင်းဆောင် ဟန်ဒါနိုဗစ်တို့လည်း အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကွက်ဒရာဒိုနဲ့ ဟန်ဒါနိုဗစ်တို့ဟာ ပွဲပြီး ဝီစီမှုတ်ပြီးနောက် ကွင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး တူရင်က အီတလီဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းတွေဖြစ်ပွားစေခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူကာကူးဟာ အဂၤါေန႔ညက ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔ရဲ႕ စိတ္လႈပ္ရွားဖြယ္ သေရပြဲစဥ္မွာ ၉၅ မိနစ္မွာ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

ကိုပါအီတာလီယာဖလားပြဲစဥ္ဟာ လူကာကူးရဲ႕ ေနာက္က်ပင္နယ္တီသြင္းဂိုးအၿပီးမွာ ဝ႐ုန္းသုန္းကား အေျခအေန ျဖစ္ပြားခဲ့ၿပီး ေနာက္က် ေခ်ပဂိုးအၿပီး ကစားသမား ၃ ဦးအထိ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

ကြက္ဒရာဒိုက ၈၃ မိနစ္မွာ ပင္နယ္တီ ဧရိယာထဲမွာ တိက်ေသသပ္တဲ့ အဆုံးသတ္နဲ႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အင္တာမီလန္းအသင္းက နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီ ကေနတဆင့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုလံဘီယာၾကယ္ပြင့္ရဲ႕ သြင္းဂိုးကို ေခ်ပႏိုင္ခဲ့ၿပီးေနာက္ လူကာကူးဟာ တစ္ပြဲလုံး ေႏွာင့္ယွက္ေစာ္ကားမႈေတြ ျပဳလုပ္ခဲ့တဲ့ အိမ္ကြင္းပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံၿပီး အမူအရာနဲ႔ ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

လူကာကူးဟာ အင္တာမီလန္အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဒုတိယအဝါကတ္ျပား ျပသျခင္း ခံခဲ့ရၿပီး ကြက္ဒရာဒိုနဲ႔ အင္တာမီလန္အသင္းေခါင္းေဆာင္ ဟန္ဒါႏိုဗစ္တို႔လည္း အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကြက္ဒရာဒိုနဲ႔ ဟန္ဒါႏိုဗစ္တို႔ဟာ ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္ ကြင္းအတြင္းမွာ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး တူရင္က အီတလီဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ အ႐ုပ္ဆိုးအက်ည္းတန္တဲ့ ျမင္ကြင္းေတြျဖစ္ပြားေစခဲ့တဲ့အတြက္ အနီကတ္ျပခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.