Premier League

လမ်းပတ်ကို အမြဲတမ်းနည်းပြရာထူး ပြန်ရအောင် ကူညီပေးမယ့်သူကို ပြောပြခဲ့တဲ့ ပေါလ် စခိုး

ပေါလ် စခိုးက ချဲလ်ဆီး အသင်းကို လမ်းပတ် ပြန်လာတာကို အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း အန်ဂိုလို ကွန်တေက အင်္ဂလန်ကွင်းလယ်လူဟောင်းကို အမြဲတမ်းနည်းပြအလုပ်ကို ရအောင် ကူညီပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးအသင်းက နည်းပြ ဂရေဟမ် ပေါ့တားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ရာသီကုန်အထိ အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နာဂယ်စ်မန်း၊ ပိုချက်တီနို၊ လူးဝစ္စ အန်နရီကေးတို့အားလုံးက ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ အလျင်စလို မဆုံးဖြတ်ချင်ဘဲ ယခုလာမယ့် နွေရာသီအထိ နည်းပြသစ်ကို ခန့်အပ်ဖို့ စောင့်ဆိုင်းသွားချင်နေတာ ဖြစ်ပြီး လမ်းပတ်ဟာ အမြဲတမ်း နည်းပြဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ အသင်းရဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတိုးတက်အောင်နဲ့ ချန်ပီယံလိဂ်မှာ အထင်ကြီးအောင် လုပ်ဆောင်နိုင်ရင်တော့ လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။

ပေါလ် စခိုးက လမ်းပတ်ကို စတမ်းဖို့ဒ် ဘရစ်ချ်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ တောင်းဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှား လုပ်ခဲ့သလိုမျိုး အမြဲတမ်းနည်းပြ ရာထူးရအောင် လုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ ပြန်လာတာ နည်းနည်း အံ့အားသင့်မိခဲ့တယ်။ အထူးသဖြင့် ချဲလ်ဆီးမှာ သူ အဆုံးသတ်ခဲ့တဲ့ ပုံစံကြောင့်ပေါ့။ သူ့ရဲ့ အဲဗာတန်က အချိန်တွေကလည်း အရမ်းမကောင်းခဲ့ဘူး။ ဒါပေမယ့်လည်း ခင်ဗျား ဖရန့်ခ်ကို အပြစ်တင်လို့မရပါဘူး။ သူက ဒီအခွင့်အရေးကို ရယူရမှာပါ။ အိုလေ ဂန်နာနဲ့ တော်တော်လေး ဆင်တူတဲ့အခြေအနေမျိုး ရှိပါတယ်။ အိုလေက သူ့ကိုယ်သူ သက်သေပြဖို့ အချိန်အများကြီး ပိုရခဲ့တယ်”

“ရာသီအဆုံးမှာ သူတို့တွေ သူ့ကို အမြဲတမ်းနည်းပြရာထူး ပေးခဲ့တယ်။ အခုဆိုရင် လိဂ်ပွဲက ၁၀ ပွဲပဲ ကျန်တော့ပြီး ချန်ပီယံလိဂ်ကစားဖို့ ရှိသေးတယ်။ ဒါပေမယ့် ဖရန့်ခ်က အဲဒါကို လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဖရန့်ခ်အတွက် တစ်ခုကောင်းတာက သူတို့မှာ ကွန်တေ ပြန်ကစားပေးနိုင်နေပြီ။ သူက ၂ ပွဲပဲ ကစားရသေးပေမယ့် အသင်းကို ကြီးမားတဲ့ကွဲပြားခြားနားမှု ဖြစ်စေခဲ့တယ်။ သူတို့တွေ ဂိုးတွေသာ ရနိုင်မယ်ဆိုရင် ချဲလ်ဆီးက အခွင့်အရေး ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ စခိုးက ခ်ဲလ္ဆီး အသင္းကို လမ္းပတ္ ျပန္လာတာကို အံ့အားသင့္မိခဲ့တယ္လို႔ ဝန္ခံခဲ့ေပမယ့္လည္း အန္ဂိုလို ကြန္ေတက အဂၤလန္ကြင္းလယ္လူေဟာင္းကို အၿမဲတမ္းနည္းျပအလုပ္ကို ရေအာင္ ကူညီေပးႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းက နည္းျပ ဂေရဟမ္ ေပါ့တားကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ရာသီကုန္အထိ အသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္ဖို႔ ခန႔္အပ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး နာဂယ္စ္မန္း၊ ပိုခ်က္တီႏို၊ လူးဝစၥ အန္နရီေကးတို႔အားလုံးက ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာဖို႔ သတင္းထြက္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြဟာ အလ်င္စလို မဆုံးျဖတ္ခ်င္ဘဲ ယခုလာမယ့္ ေႏြရာသီအထိ နည္းျပသစ္ကို ခန႔္အပ္ဖို႔ ေစာင့္ဆိုင္းသြားခ်င္ေနတာ ျဖစ္ၿပီး လမ္းပတ္ဟာ အၿမဲတမ္း နည္းျပျဖစ္လာႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္း တာဝန္ရွိသူေတြဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရပ္တည္မႈတိုးတက္ေအာင္နဲ႔ ခ်န္ပီယံလိဂ္မွာ အထင္ႀကီးေအာင္ လုပ္ေဆာင္ႏိုင္ရင္ေတာ့ လမ္းပတ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ဆုံးျဖတ္ႏိုင္ပါတယ္။

ေပါလ္ စခိုးက လမ္းပတ္ကို စတမ္းဖို႔ဒ္ ဘရစ္ခ်္က အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ဖို႔ ေတာင္းဆိုခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း အိုေလ ဂန္နာ ဆိုးလ္ရွား လုပ္ခဲ့သလိုမ်ိဳး အၿမဲတမ္းနည္းျပ ရာထူးရေအာင္ လုပ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ သူ ျပန္လာတာ နည္းနည္း အံ့အားသင့္မိခဲ့တယ္။ အထူးသျဖင့္ ခ်ဲလ္ဆီးမွာ သူ အဆုံးသတ္ခဲ့တဲ့ ပုံစံေၾကာင့္ေပါ့။ သူ႔ရဲ႕ အဲဗာတန္က အခ်ိန္ေတြကလည္း အရမ္းမေကာင္းခဲ့ဘူး။ ဒါေပမယ့္လည္း ခင္ဗ်ား ဖရန႔္ခ္ကို အျပစ္တင္လို႔မရပါဘူး။ သူက ဒီအခြင့္အေရးကို ရယူရမွာပါ။ အိုေလ ဂန္နာနဲ႔ ေတာ္ေတာ္ေလး ဆင္တူတဲ့အေျခအေနမ်ိဳး ရွိပါတယ္။ အိုေလက သူ႔ကိုယ္သူ သက္ေသျပဖို႔ အခ်ိန္အမ်ားႀကီး ပိုရခဲ့တယ္”

“ရာသီအဆုံးမွာ သူတို႔ေတြ သူ႔ကို အၿမဲတမ္းနည္းျပရာထူး ေပးခဲ့တယ္။ အခုဆိုရင္ လိဂ္ပြဲက ၁၀ ပြဲပဲ က်န္ေတာ့ၿပီး ခ်န္ပီယံလိဂ္ကစားဖို႔ ရွိေသးတယ္။ ဒါေပမယ့္ ဖရန႔္ခ္က အဲဒါကို လုပ္ႏိုင္စြမ္းရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဖရန႔္ခ္အတြက္ တစ္ခုေကာင္းတာက သူတို႔မွာ ကြန္ေတ ျပန္ကစားေပးႏိုင္ေနၿပီ။ သူက ၂ ပြဲပဲ ကစားရေသးေပမယ့္ အသင္းကို ႀကီးမားတဲ့ကြဲျပားျခားနားမႈ ျဖစ္ေစခဲ့တယ္။ သူတို႔ေတြ ဂိုးေတြသာ ရႏိုင္မယ္ဆိုရင္ ခ်ဲလ္ဆီးက အခြင့္အေရး ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.