Premier League

အန်းဖီးမှာ လီဗာပူးလ်ရှုံးပြီး ကလော့ပ်ပါ ထွက်မယ်ဆိုတဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ဂန္တဝင် နောက်ခံလူ တိုနီ အဒမ်က ယနေ့ညနေ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲမတိုင်ခင် အန်းဖီးမှာ အာဆင်နယ်အသင်း အနိုင်ရရှိမယ်လို့ အရမ်း ယုံကြည်ချက်ရှိနေတာမျီုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပြီး ယာဂန် ကလော့ပ်အနေနဲ့ ရာသီကုန်မှာ လီဗာပူးလ်ကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညနေမှာ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ဖလားပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးကို ၈ မှတ်ဖြတ်ပြီး ထပ်မံ ဦးဆောင်သွားနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ယခုရာသီမှာ စိတ်လှုပ်ရှားဖွယ် ပုံစံကောင်း ရရှိနေခဲ့တာဖြစ်ပေမယ့်လည်း စနေနေ့မှာ ဆောက်သမ်တန်အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးကို တုံ့ပြန်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး လိဂ်ဖလားကို ကိုင်မြှောက်သွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လီဗာပူးလ်က လက်ရှိမှာ အဆင့် ၈ နေရာမှာ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်ကို အသက်ဆက်နိုင်ဖို့ မဖြစ်မနေ အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဒမ်က လီဗာပူးလ်အနေနဲ့ အာဆင်နယ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်အောင် လုပ်နိုင်မယ်လို့ မမြင်ဘဲ ဂန်းနားတွေဟာ တကယ့်အသင်းတစ်သင်းလိုမျိုး ကစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“အာဆင်နယ် နောက်ဆုံး အန်းဖီးမှာ အနိုင်ရခဲ့တာက ၁၀ နှစ်ကျော်နေပါပြီ။ ဒီနေ့ပွဲလောက် အဝေးကွင်းပွဲစဉ်မှာ အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ဘယ်တုန်းကမှ မရဖူးခဲ့ပါဘူး။ ကျွန်တော် လီဗာပူးလ်ရဲ့ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲကို ကြည့်ခဲ့ပြီး သူတို့တွေကို လုံးဝကို ပေါက်ကရဖြစ်နေတာပါ။ ဘယ်လိုဖြစ်ပြီး ချဲလ်ဆီးက သူတို့ကို ၁၀ ဂိုးလောက်နဲ့ အနိုင်မယူနိုင်ခဲ့တာလဲ ကျွန်တော် မသိပါဘူး။ သူတို့တွေက ဖရိုဖရဲဖြစ်နေခဲ့ပြီး သူတို့ ဘာလုပ်နေလဲဆိုတာတောင် မသိခဲ့တဲ့ပုံပေါ်ပါတယ်”

“ယာဂန် ကလော့ပ် ဒီနေ့ ဘယ်လိုလူစာရင်းရွေးချယ်မလဲ ကျွန်တော် မသိဘဲ သူ့မှာလည်း အကြံများများစားစားလည်း ရှိမယ်လို့ မထင်ပါဘူး။ သူ မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးနဲ့ပွဲမှာ အပြောင်းအလဲ ၆ ခုအထိ လုပ်ခဲ့ပေမယ့် သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေက သူ ချန်လှပ်ခဲ့တဲ့သူတွေထက် ပိုမကောင်းခဲ့ပါဘူး။ အဲဒီတော့ သူ ပလန်အေကိုပဲ ပြန်သုံးရနိုင်ပါတယ်။ လီဗာပူးလ်ရဲ့ အခုအချိန် ပြဿနာက သူတို့ထဲက ဘယ်သူကမှ မစွမ်းဆောင်နိုင်တာပါ။ သူတို့တွေက ယုံကြည်မှု နိမ့်ကျနေတယ်။ ဂိုးတွေ ခွင့်ပြုခဲ့ရပြီး အခုဆိုရင် တစ်သင်းလုံးမှာ အက်ကြောင်းတွေက ရှိလာနေပါပြီ။ အဓိကပြဿနာက အသင်းအဖွဲ့အဖြစ် မကစားဘဲ တစ်ဦးချင်းအနေနဲ့ ကစားနေတာပါ။ အဲဒါက ပြဿနာရဲ့ အရင်းအမြစ်ပါ။ အာဆင်နယ်က အသင်းတစ်သင်းလို ကစားနေပြီး လီဗာပူးလ်က သူတို့အတွက် သူတို့ကစားနေတာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေနာက္ခံလူ တိုနီ အဒမ္က ယေန႔ညေန လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲမတိုင္ခင္ အန္းဖီးမွာ အာဆင္နယ္အသင္း အႏိုင္ရရွိမယ္လို႔ အရမ္း ယုံၾကည္ခ်က္ရွိေနတာမ်ီဳး ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးဘူးလို႔ ေျပာၾကားခဲ့ၿပီး ယာဂန္ ကေလာ့ပ္အေနနဲ႔ ရာသီကုန္မွာ လီဗာပူးလ္ကို စြန႔္ခြာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ တနဂၤေႏြေန႔ညေနမွာ အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ဖလားၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးကို ၈ မွတ္ျဖတ္ၿပီး ထပ္မံ ဦးေဆာင္သြားႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ယခုရာသီမွာ စိတ္လႈပ္ရွားဖြယ္ ပုံစံေကာင္း ရရွိေနခဲ့တာျဖစ္ေပမယ့္လည္း စေနေန႔မွာ ေဆာက္သမ္တန္အသင္းကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးကို တုံ႔ျပန္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး လိဂ္ဖလားကို ကိုင္ေျမႇာက္သြားဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး လီဗာပူးလ္က လက္ရွိမွာ အဆင့္ ၈ ေနရာမွာ ထိပ္ဆုံး ၄ ေနရာ ေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ႏိုင္ဖို႔ မျဖစ္မေန အႏိုင္ရဖို႔လိုအပ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဒမ္က လီဗာပူးလ္အေနနဲ႔ အာဆင္နယ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ေမွးမွိန္ေအာင္ လုပ္ႏိုင္မယ္လို႔ မျမင္ဘဲ ဂန္းနားေတြဟာ တကယ့္အသင္းတစ္သင္းလိုမ်ိဳး ကစားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အာဆင္နယ္ ေနာက္ဆုံး အန္းဖီးမွာ အႏိုင္ရခဲ့တာက ၁၀ ႏွစ္ေက်ာ္ေနပါၿပီ။ ဒီေန႔ပြဲေလာက္ အေဝးကြင္းပြဲစဥ္မွာ အႏိုင္ရမယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး ဘယ္တုန္းကမွ မရဖူးခဲ့ပါဘူး။ ကြၽန္ေတာ္ လီဗာပူးလ္ရဲ႕ ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲကို ၾကည့္ခဲ့ၿပီး သူတို႔ေတြကို လုံးဝကို ေပါက္ကရျဖစ္ေနတာပါ။ ဘယ္လိုျဖစ္ၿပီး ခ်ဲလ္ဆီးက သူတို႔ကို ၁၀ ဂိုးေလာက္နဲ႔ အႏိုင္မယူႏိုင္ခဲ့တာလဲ ကြၽန္ေတာ္ မသိပါဘူး။ သူတို႔ေတြက ဖ႐ိုဖရဲျဖစ္ေနခဲ့ၿပီး သူတို႔ ဘာလုပ္ေနလဲဆိုတာေတာင္ မသိခဲ့တဲ့ပုံေပၚပါတယ္”

“ယာဂန္ ကေလာ့ပ္ ဒီေန႔ ဘယ္လိုလူစာရင္းေ႐ြးခ်ယ္မလဲ ကြၽန္ေတာ္ မသိဘဲ သူ႔မွာလည္း အႀကံမ်ားမ်ားစားစားလည္း ရွိမယ္လို႔ မထင္ပါဘူး။ သူ မန္စီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ၿပီးေနာက္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ အေျပာင္းအလဲ ၆ ခုအထိ လုပ္ခဲ့ေပမယ့္ သူ ေခၚယူခဲ့တဲ့ ကစားသမားေတြက သူ ခ်န္လွပ္ခဲ့တဲ့သူေတြထက္ ပိုမေကာင္းခဲ့ပါဘူး။ အဲဒီေတာ့ သူ ပလန္ေအကိုပဲ ျပန္သုံးရႏိုင္ပါတယ္။ လီဗာပူးလ္ရဲ႕ အခုအခ်ိန္ ျပႆနာက သူတို႔ထဲက ဘယ္သူကမွ မစြမ္းေဆာင္ႏိုင္တာပါ။ သူတို႔ေတြက ယုံၾကည္မႈ နိမ့္က်ေနတယ္။ ဂိုးေတြ ခြင့္ျပဳခဲ့ရၿပီး အခုဆိုရင္ တစ္သင္းလုံးမွာ အက္ေၾကာင္းေတြက ရွိလာေနပါၿပီ။ အဓိကျပႆနာက အသင္းအဖြဲ႕အျဖစ္ မကစားဘဲ တစ္ဦးခ်င္းအေနနဲ႔ ကစားေနတာပါ။ အဲဒါက ျပႆနာရဲ႕ အရင္းအျမစ္ပါ။ အာဆင္နယ္က အသင္းတစ္သင္းလို ကစားေနၿပီး လီဗာပူးလ္က သူတို႔အတြက္ သူတို႔ကစားေနတာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.