Premier League

နွေရာသီထိပ်တန်းပစ်မှတ်ကို ပေါင် ၈၅ သန်းနဲ့အထက်ပေးခေါ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီကြယ်ပွင့် ဗစ်တာ အိုဆီမန်ကို နွေရာသီအပြောင်းအရွှေ့ကာလအတွက် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သတင်းသစ်တွေက ဖော်ပြခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်က လာမယ့်နှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနွေရာသီမှာ ဟာရီ ကိန်းအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ တောင်းဆိုသွားလိမ့်မယ်လို့ Daily Mirror သတင်းထောက် ဆိုင်မွန် မားလက်ခ်က ပြောကြားခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့ နောက်ထပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကတော့ အဲဒီလောက်စျေးပေးရမယ်ဆိုရင် မခေါ်ချင်ဘူးလို့ သိရပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် အခြေအနေကောင်းမှာ ရှိနေပေမယ့်လည်း အဲရစ် တန်ဟက်က ကိန်းသာ အိုးထရက်ဖို့ဒ်ကို မရောက်ရှိလာဘူးဆိုရင် ခေါ်ယူနိုင်မယ့် အခြားရွေးချယ်စရာအများအပြားကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့ အခြားရွေးချယ်စရာတွေထဲက တစ်ဦးဟာ အိုဆီမန်ဖြစ်တယ်လို့ သိရပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ဒီရာသီမှာ နာပိုလီအတွက် ထိပ်တန်းခြေစွမ်းကို ပြသနေတဲ့ ကစားသမား ဖြစ်ပါတယ်။

အိုဆီမန်ဟာ ယခုရာသီ စီးရီးအေသွင်းဂိုး ၂၁ ဂိုးနဲ့ အီတလီလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး နာပိုလီကြယ်ပွင့်ရဲ့ တန်ကြေးဟာ ယူရိုသန်း ၁၀၀(ပေါင် ၈၈.၅ သန်း)ရှိတယ်လို့ သိရပါတယ်။

Football Insider ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ရာသီကုန်မှာ ဗက်ဟော့စ်ကို အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီးနောက် အိုဆီမန်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

အိုဆီမန်ဟာ ဒတ်ချ်တိုက်စစ်မှူး အငှားစာချုပ်သက်တမ်းကုန်လို့ ထွက်ခွာသွားရင် လစ်လပ်သွားတဲ့နေရာကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး တန်ဟက်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့နေရာမှာ ကာလရှည်အစားထိုးနိုင်မယ့်ကစားသမားမျိုးကိုသာ လိုချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နာပိုလီၾကယ္ပြင့္ ဗစ္တာ အိုဆီမန္ကို ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ သတင္းသစ္ေတြက ေဖာ္ျပခဲ့ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းကို ေခၚယူဖို႔အတြက္ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္က လာမယ့္ႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ယခုေႏြရာသီမွာ ဟာရီ ကိန္းအတြက္ အနည္းဆုံး ေပါင္သန္း ၁၀၀ ေတာင္းဆိုသြားလိမ့္မယ္လို႔ Daily Mirror သတင္းေထာက္ ဆိုင္မြန္ မားလက္ခ္က ေျပာၾကားခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးကို ေခၚယူခ်င္ေနတဲ့ ေနာက္ထပ္အသင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကေတာ့ အဲဒီေလာက္ေစ်းေပးရမယ္ဆိုရင္ မေခၚခ်င္ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဟာရီ ကိန္းကို ေခၚယူဖို႔အတြက္ အေျခအေနေကာင္းမွာ ရွိေနေပမယ့္လည္း အဲရစ္ တန္ဟက္က ကိန္းသာ အိုးထရက္ဖို႔ဒ္ကို မေရာက္ရွိလာဘူးဆိုရင္ ေခၚယူႏိုင္မယ့္ အျခားေ႐ြးခ်ယ္စရာအမ်ားအျပားကို သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕ အျခားေ႐ြးခ်ယ္စရာေတြထဲက တစ္ဦးဟာ အိုဆီမန္ျဖစ္တယ္လို႔ သိရၿပီး ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ ဒီရာသီမွာ နာပိုလီအတြက္ ထိပ္တန္းေျခစြမ္းကို ျပသေနတဲ့ ကစားသမား ျဖစ္ပါတယ္။

အိုဆီမန္ဟာ ယခုရာသီ စီးရီးေအသြင္းဂိုး ၂၁ ဂိုးနဲ႔ အီတလီလိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနၿပီး နာပိုလီၾကယ္ပြင့္ရဲ႕ တန္ေၾကးဟာ ယူ႐ိုသန္း ၁၀၀(ေပါင္ ၈၈.၅ သန္း)ရွိတယ္လို႔ သိရပါတယ္။

Football Insider ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္ရွိမွာေတာ့ ရာသီကုန္မွာ ဗက္ေဟာ့စ္ကို အၿပီးသတ္ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့ၿပီးေနာက္ အိုဆီမန္ကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္လိုက္ၿပီလို႔ သိရပါတယ္။

အိုဆီမန္ဟာ ဒတ္ခ်္တိုက္စစ္မႉး အငွားစာခ်ဳပ္သက္တမ္းကုန္လို႔ ထြက္ခြာသြားရင္ လစ္လပ္သြားတဲ့ေနရာကို ျဖည့္ဆည္းေပးႏိုင္မွာျဖစ္ၿပီး တန္ဟက္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ေနရာမွာ ကာလရွည္အစားထိုးႏိုင္မယ့္ကစားသမားမ်ိဳးကိုသာ လိုခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.