Premier League

မူပေးနဲ့ အချင်းများခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ တုံ့ပြန်မှုကို နှစ်သက်ခဲ့ကြတဲ့ ပရိသတ်များ

လီဆန်ဒရို မာတီနက်ဇ်ဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း နီရယ် မူပေးနဲ့ အချင်းများခဲ့ချိန်အတွင်း ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဆီကနေ နောက်ထပ်တစ်ကြိမ် ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

စနေနေ့ညနေမှာ ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်အသင်းဟာ အိုးထရက်ဖို့ဒ်ကို တန်းဆင်းဇုန်ကနေ ဝေးဝေးနေနိုင်ဖို့အတွက် ကြိုးပမ်းဖို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ဘရန့်တ်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ထိပ်ဆုံး ၄ နေရာထဲမှာ အခိုင်အမာ ရပ်တည်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ စကော့ မက်တော်မီနေး၊ အန်သိုနီ မာစီယယ်လ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အဲဗာတန်ကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပေမယ့်လည်း နီရယ် မူပေးနဲ့ မာတီနက်ဇ်တို့ကြားက အချင်းများမှုက ပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ကွင်းလယ်ဒိုင်နဲ့ စကားပြောနေခဲ့တာဖြစ်ပြီး မူပေးက အာဂျင်တီးနားနောက်ခံလူကို ဆွဲထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်က အဲဗာတန်တိုက်စစ်မှူးကို တွန်းထုတ်ခဲ့ပြီး ဒေါမာန်အပြည့်နဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက မာတီနက်ဇ်နဲ့ မူပေးတို့ရဲ့ ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “ငါတို့ လီချာကို လာရှုပ်လို့မရဘူး”လို့ ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “မာတီနက်ဇ်က မူပေးထက် အရပ်ရှည်တယ်ကွ။ ဟားဟား”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီးကတည်းက အသင်းပရိသတ်တွေကြားမှာ သွေးအေးအေးနဲ့ ခပ်ကြမ်းကြမ်းကစားတတ်တဲ့ ပုံစံကြောင့် လျင်လျင်မြန်မြန်ပဲ အနှစ်သက်ဆုံး ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဆန္ဒ႐ို မာတီနက္ဇ္ဟာ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း နီရယ္ မူေပးနဲ႔ အခ်င္းမ်ားခဲ့ခ်ိန္အတြင္း ကိုင္တြယ္ေျဖရွင္းခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဆီကေန ေနာက္ထပ္တစ္ႀကိမ္ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ပါတယ္။

စေနေန႔ညေနမွာ ေရွာင္ဒိုက္ခ်္ရဲ႕ အဲဗာတန္အသင္းဟာ အိုးထရက္ဖို႔ဒ္ကို တန္းဆင္းဇုန္ကေန ေဝးေဝးေနႏိုင္ဖို႔အတြက္ ႀကိဳးပမ္းဖို႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကလည္း ဘရန႔္တ္ဖို႔ဒ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ထိပ္ဆုံး ၄ ေနရာထဲမွာ အခိုင္အမာ ရပ္တည္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ စေကာ့ မက္ေတာ္မီေနး၊ အန္သိုနီ မာစီယယ္လ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အဲဗာတန္ကို ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ေပမယ့္လည္း နီရယ္ မူေပးနဲ႔ မာတီနက္ဇ္တို႔ၾကားက အခ်င္းမ်ားမႈက ပရိသတ္ေတြၾကားမွာ ေျပာစရာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ကြင္းလယ္ဒိုင္နဲ႔ စကားေျပာေနခဲ့တာျဖစ္ၿပီး မူေပးက အာဂ်င္တီးနားေနာက္ခံလူကို ဆြဲထုတ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္က အဲဗာတန္တိုက္စစ္မႉးကို တြန္းထုတ္ခဲ့ၿပီး ေဒါမာန္အျပည့္နဲ႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက မာတီနက္ဇ္နဲ႔ မူေပးတို႔ရဲ႕ ျဖစ္စဥ္ကို လူမႈကြန္ရက္ေပၚမွာ လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ငါတို႔ လီခ်ာကို လာရႈပ္လို႔မရဘူး”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “မာတီနက္ဇ္က မူေပးထက္ အရပ္ရွည္တယ္ကြ။ ဟားဟား”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အသင္းပရိသတ္ေတြၾကားမွာ ေသြးေအးေအးနဲ႔ ခပ္ၾကမ္းၾကမ္းကစားတတ္တဲ့ ပုံစံေၾကာင့္ လ်င္လ်င္ျမန္ျမန္ပဲ အႏွစ္သက္ဆုံး ကစားသမားျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.