La Liga

ဘေနာကို ကားပါကင်မှာ စောင့်ပြီး တည်ထိုးခဲ့တဲ့ ဗယ်လ်ဗာဒီ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဟာ စနေနေ့ညက ဗီလာရီးရဲလ်ကို အိမ်ကွင်း ဘာနေဗျူးမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး ဗီလာရီးရဲလ်ကြယ်ပွင့် အဲလက်စ် ဘေနာကို ထိုးကြိတ်ခဲ့ပါတယ်။

ဥရုဂွေးကွင်းလယ်ကစားသမားဟာ ဘေနာက ၎င်းရဲ့ ဇနီးသည်ဗိုက်ထဲက မမွေးဖွားရသေးတဲ့ ရင်သွေးနဲ့ပတ်သက်ပြီး စော်ကားပြောဆိုခဲ့တဲ့အတွက် ဘေနာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဗယ်လ်ဗာဒီဟာ ပွဲအပြီးမှာ ဘေနာနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ကွင်းထဲမှာ ပြောခဲ့တဲ့ စကားကို ထပ်ပြောခိုင်းဖို့အတွက် ကားပါကင်မှာ ဗီလာရီးရဲလ်အသင်းဘတ်စ်ကားကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

ဗယ်လ်ဗာဒီရဲ့ ဇနီး မီနာ ဘိုနီနိုက ပြီးခဲ့တဲ့ဖေဖော်ဝါရီလက လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ စုံတွဲရဲ့ ရင်သွေးလေးကို ဆုံးရှုံးခဲ့ရပြီလို့ ယုံကြည်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး နောက်ထပ် စမ်းသပ်စစ်ဆေးချက်တွေအရ ကိုယ်ဝန်ဟာ အမှန်တကယ်တော့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဗယ်လ်ဗာဒီတို့ရဲ့ ပြောကြားချက်အရ ဘေနာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ်တို့ ဇန်နဝါရီ ၁၉ ရက်နေ့က ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ချိန်မှာ ပထမဆုံး ပြောကြားခဲ့တာဖြစ် ပြီး “ငိုလိုက်။ ဘလို့လဲဆိုတော့ မင်း ကလေးက မွေးလာမှာမဟုတ်လို့ပဲ”လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်နဲ့ ဘေနာတို့က အဲဒီပြောဆိုမှုကို အတည်မပြုခဲ့ပေမယ့်လည်း သတင်းရင်းမြစ်တွေက စနေနေ့က ဗယ်လ်ဗာဒီရဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဖက်ဒီ ဗယ်လ်ဗာဒီက ရိုင်းစိုင်းပြီး သူရဲဘောကြောင်စွာ ပြုမူခဲ့တယ်”ဗီလာရီးရဲလ်အသင်း ပြောရေးဆိုခွင့်ရှိသူ နာဒဲလ်က စနေနေ့က တွစ်တာမှာ ရေးသားခဲ့ပြီး ဗီလာရီးရဲလ်ဟာ တရားဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စပိန်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဲလက်စ် ဘေနာဟာ ဗယ်လ်ဗာဒီရဲ့ ထိုးကြိတ်မှုကြောင့် မေးရိုးပြုတ်သွားခဲ့တယ်လို့ သိရပြီး တရားဥပဒေကြောင်းအရ တရားစွဲဆိုသွားမလားဆိုတာကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ ဖက္ဒရီကို ဗယ္လ္ဗာဟာ စေနေန႔ညက ဗီလာရီးရဲလ္ကို အိမ္ကြင္း ဘာေနဗ်ဴးမွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ လာလီဂါပြဲစဥ္အၿပီး ဗီလာရီးရဲလ္ၾကယ္ပြင့္ အဲလက္စ္ ေဘနာကို ထိုးႀကိတ္ခဲ့ပါတယ္။

ဥ႐ုေဂြးကြင္းလယ္ကစားသမားဟာ ေဘနာက ၎ရဲ႕ ဇနီးသည္ဗိုက္ထဲက မေမြးဖြားရေသးတဲ့ ရင္ေသြးနဲ႔ပတ္သက္ၿပီး ေစာ္ကားေျပာဆိုခဲ့တဲ့အတြက္ ေဘနာကို ေဒါသတႀကီး တုံ႔ျပန္ခဲ့တာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဗယ္လ္ဗာဒီဟာ ပြဲအၿပီးမွာ ေဘနာနဲ႔ ထိပ္တိုက္ရင္ဆိုင္ၿပီး ကြင္းထဲမွာ ေျပာခဲ့တဲ့ စကားကို ထပ္ေျပာခိုင္းဖို႔အတြက္ ကားပါကင္မွာ ဗီလာရီးရဲလ္အသင္းဘတ္စ္ကားကို ေစာင့္ဆိုင္းေနခဲ့တာ ျဖစ္ပါတယ္။

ဗယ္လ္ဗာဒီရဲ႕ ဇနီး မီနာ ဘိုနီႏိုက ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက လူမႈကြန္ရက္ေပၚမွာ ၎တို႔ စုံတြဲရဲ႕ ရင္ေသြးေလးကို ဆုံးရႈံးခဲ့ရၿပီလို႔ ယုံၾကည္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ စမ္းသပ္စစ္ေဆးခ်က္ေတြအရ ကိုယ္ဝန္ဟာ အမွန္တကယ္ေတာ့ က်န္းက်န္းမာမာ ရွိေနတယ္လို႔ ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဗယ္လ္ဗာဒီတို႔ရဲ႕ ေျပာၾကားခ်က္အရ ေဘနာဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဗီလာရီးရဲလ္တို႔ ဇန္နဝါရီ ၁၉ ရက္ေန႔က ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲမွာ ေတြ႕ဆုံခဲ့ခ်ိန္မွာ ပထမဆုံး ေျပာၾကားခဲ့တာျဖစ္ ၿပီး “ငိုလိုက္။ ဘလို႔လဲဆိုေတာ့ မင္း ကေလးက ေမြးလာမွာမဟုတ္လို႔ပဲ”လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ဗီလာရီးရဲလ္နဲ႔ ေဘနာတို႔က အဲဒီေျပာဆိုမႈကို အတည္မျပဳခဲ့ေပမယ့္လည္း သတင္းရင္းျမစ္ေတြက စေနေန႔က ဗယ္လ္ဗာဒီရဲ႕ လုပ္ရပ္ဟာ လက္မခံႏိုင္စရာျဖစ္တယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ဖက္ဒီ ဗယ္လ္ဗာဒီက ႐ိုင္းစိုင္းၿပီး သူရဲေဘာေၾကာင္စြာ ျပဳမူခဲ့တယ္”ဗီလာရီးရဲလ္အသင္း ေျပာေရးဆိုခြင့္ရွိသူ နာဒဲလ္က စေနေန႔က တြစ္တာမွာ ေရးသားခဲ့ၿပီး ဗီလာရီးရဲလ္ဟာ တရားဥပေဒေၾကာင္းအရ အေရးယူႏိုင္ဖို႔ စပိန္ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

အဲလက္စ္ ေဘနာဟာ ဗယ္လ္ဗာဒီရဲ႕ ထိုးႀကိတ္မႈေၾကာင့္ ေမး႐ိုးျပဳတ္သြားခဲ့တယ္လို႔ သိရၿပီး တရားဥပေဒေၾကာင္းအရ တရားစြဲဆိုသြားမလားဆိုတာကို ဆုံးျဖတ္သြားမယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.