La Liga

မက်ဆီကို ပြန်ခေါ်မလားဆိုတာ သဲလွန်စပေးလိုက်တဲ့ ဘာစီလိုနာရဲ့နောက်ဆုံးခြေလှမ်း

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင် အလွန်ပြင်းထန်တဲ့ အစီအမံတွေ ပြုလုပ်သွားဖို့ စဉ်းစားနေပြီး ကစားသမားတွေကို ကြီးမားတဲ့လစာဖြတ်တောက်မှု ပြုလုပ်ဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်ဟာ ဘာစီလိုနာအသင်းအတွက် လစာနဲ့ ပြောင်းရွှေ့ကြေးအပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့ အချိန်အပိုင်းအခြားဖြစ်ခဲ့ပြီး ကစားသမားတွေကိုတောင် စာရင်းသွင်းနိုင်ဖို့ အခက်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေဟာ ဇန်နဝါရီလမှာ ကစားသမားသစ်တွေခေါ်ယူဖို့အတွက် အခက်တွေ့ခဲ့ရပြီး မက်ဆီကို ပြန်လည်ခေါ်ယူချင်နေတဲ့ ဇာဗီရဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွက် အစီအစဉ်အပေါ်ကို အကျိုးသက်ရောက်မှု ရှိလာဖွယ်ရှိပါတယ်။

မက်ဆီသာ ဘာစီလိုနာအသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့မယ်ဆိုရင် ကတ်တလန်ထိပ်သီးအသင်းကြီးက ၎င်းရဲ့ လစာကို မတတ်နိုင်တာကြောင့် လက်မှတ်ရောင်းချရငွေအချို့ကို အာဂျင်တီးနားကြယ်ပွင့်ကို ခွဲပေးရကောင်း ခွဲပေးရနိုင်တာဖြစ်ပါတယ်။

အမှန်တကယ်တော့ ဘာစီလိုနာအသင်းဟာ လက်ရှိ လူစာရင်းရဲ့ လစာကိုတောင် ပေးချေဖို့ မတတ်နိုင်ဘဲ ယခုရာသီကုန်မှာ တစ်စုံတရာ လုပ်ဆောင်သွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး Relevo ရဲ့ ဖော်ပြချက်အရ ကတ်တလန်အသင်းကြီးဟာ လာမယ့်ရာသီအတွက် သတ်မှတ်ထားတဲ့ လစာကန့်သတ်ချက်နဲ့ အံဝင်အောင်လုပ်ဖို့ ရုန်းကန်နေရတာကြောင့် ကစားသမားတိုင်းက လစာ ၁၅ ရာခိုင်နှုန်းအထိ လျှော့ယူဖို့အတွက် တောင်းဆိုသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီလစာဖြတ်တောက်မှုကနေ ပေါင် ၆၁ သန်းဝန်းကျင်အထိ ချွေတာနိုင်မယ်လို့ မျှော်လင့်နေပြီး အသင်းမှာရှိတဲ့ ကစားသမားတိုင်းက လစာလျှော့ယူဖို့ သဘောတူတယ်ဆိုရင်တော်ငမှ လာမယ့်နွေရာသီမှာ လီယွန်နယ် မက်ဆီလိုမျိုး ထိပ်တန်းလစာပေးချေရမယ့် ကစားသမားမျိုး ခေါ်ယူဖို့က မဖြစ်နိုင်သလောက်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ ၎တို႔ရဲ႕ ကုန္က်စရိတ္ေတြကို ေလွ်ာ့ခ်ႏိုင္ေအာင္ အလြန္ျပင္းထန္တဲ့ အစီအမံေတြ ျပဳလုပ္သြားဖို႔ စဥ္းစားေနၿပီး ကစားသမားေတြကို ႀကီးမားတဲ့လစာျဖတ္ေတာက္မႈ ျပဳလုပ္ဖို႔ ေတာင္းဆိုသြားဖြယ္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ဟာ ဘာစီလိုနာအသင္းအတြက္ လစာနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအပိုင္းမွာ ႐ုန္းကန္ခဲ့ရတဲ့ အခ်ိန္အပိုင္းအျခားျဖစ္ခဲ့ၿပီး ကစားသမားေတြကိုေတာင္ စာရင္းသြင္းႏိုင္ဖို႔ အခက္ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရးအေျခအေနဟာ ဇန္နဝါရီလမွာ ကစားသမားသစ္ေတြေခၚယူဖို႔အတြက္ အခက္ေတြ႕ခဲ့ရၿပီး မက္ဆီကို ျပန္လည္ေခၚယူခ်င္ေနတဲ့ ဇာဗီရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ အစီအစဥ္အေပၚကို အက်ိဳးသက္ေရာက္မႈ ရွိလာဖြယ္ရွိပါတယ္။

မက္ဆီသာ ဘာစီလိုနာအသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့မယ္ဆိုရင္ ကတ္တလန္ထိပ္သီးအသင္းႀကီးက ၎ရဲ႕ လစာကို မတတ္ႏိုင္တာေၾကာင့္ လက္မွတ္ေရာင္းခ်ရေငြအခ်ိဳ႕ကို အာဂ်င္တီးနားၾကယ္ပြင့္ကို ခြဲေပးရေကာင္း ခြဲေပးရႏိုင္တာျဖစ္ပါတယ္။

အမွန္တကယ္ေတာ့ ဘာစီလိုနာအသင္းဟာ လက္ရွိ လူစာရင္းရဲ႕ လစာကိုေတာင္ ေပးေခ်ဖို႔ မတတ္ႏိုင္ဘဲ ယခုရာသီကုန္မွာ တစ္စုံတရာ လုပ္ေဆာင္သြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး Relevo ရဲ႕ ေဖာ္ျပခ်က္အရ ကတ္တလန္အသင္းႀကီးဟာ လာမယ့္ရာသီအတြက္ သတ္မွတ္ထားတဲ့ လစာကန႔္သတ္ခ်က္နဲ႔ အံဝင္ေအာင္လုပ္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ကစားသမားတိုင္းက လစာ ၁၅ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ယူဖို႔အတြက္ ေတာင္းဆိုသြားဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီလစာျဖတ္ေတာက္မႈကေန ေပါင္ ၆၁ သန္းဝန္းက်င္အထိ ေခြၽတာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး အသင္းမွာရွိတဲ့ ကစားသမားတိုင္းက လစာေလွ်ာ့ယူဖို႔ သေဘာတူတယ္ဆိုရင္ေတာ္ငမွ လာမယ့္ေႏြရာသီမွာ လီယြန္နယ္ မက္ဆီလိုမ်ိဳး ထိပ္တန္းလစာေပးေခ်ရမယ့္ ကစားသမားမ်ိဳး ေခၚယူဖို႔က မျဖစ္ႏိုင္သေလာက္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.