Premier League

စီးတီးကြယ်ပွင့်ရဲ့ အခန်းကဏ္ဍမရှိတော့ဘူးလို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ကိုင်လီ ဝေါ်ကာရဲ့ မန်ချက်စတာစီးတီးမှာ ကစားရတဲ့နေ့ရက်တွေဟာ ကုန်ဆုံးသွားပြီဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူဟာ မန်ချက်စတာစီးတီးအတွက် ၂၃၈ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား တစ်ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဝေါ်ကာဟာ ၂၀၁၇ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို တော့တင်ဟမ်ဟော့စပါးကနေ ပေါင် ၄၆.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဂွါဒီယိုလာရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝေါ်ကာရဲ့ မန်ချက်စတာစီးတီးက နေ့ရက်တွေဟာ လက်ရှိမှာတော့ ကုန်ဆုံးတော့မှာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာက ၎င်းရဲ့ ဗဟိုခံစစ် ၃ ဦးကစားကွက်သစ်အကြောင်း ပြောကြားရာမှာ အင်္ဂလန်နောက်ခံလူနဲ့ပတ်သက်ပြီး ဝန်ခံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက ၎င်းရဲ့ ကစားကွက်အသစ်ဟာ ဝေါ်ကာမှာရှိတဲ့ အရည်အချင်းနဲ့ဆိုရင် အောင်မြင်အောင် လုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူးလို့ ယုံကြည်ထားတာဖြစ်ပါတယ်။

“သူ့မှာ အမြဲတမ်း မြန်နှုန်းက ရှိနေမှာပါ။ သူက အသက် ၆၀ မှာတောင် ဒီအခန်းထဲမှာရှိနေတဲ့လူတွေအားလုံးထဲမှာ အမြန်ဆုံးဖြစ်နေပါလိမ့်မယ်။ အတွင်းဘက်မှာ ကစားဖို့အတွက် ခင်ဗျား ရွေ့လျားမှုအချို့ ပြုလုပ်ရမှာပါ။ သူ့မှာ တခြား အရည်အချင်းတွေ ရှိပါတယ်။ သူက ခံစစ် ၄ ဦးမှာ အတွင်းဘက်ထဲကို ဝင်ကစားတဲ့ နောက်ခံတောင်ပံကစားသမားအဖြစ် ကစားခဲ့တယ်။ ကန်ဆယ်လို၊ ဇင်ချန်ကိုတို့နဲ့အတူ သူက တကယ်ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”

“ဒါပေမယ့် ခံစစ်မှာ ၃ ဦးထားကစားပြီး အလယ်မှာ ၂ ဦးကစားတဲ့ ဒီကစားကွက်နဲ့ဆိုရင် သူ အဲဒါကို မလုပ်နိုင်ပါဘူး။ အဲဒါက အရည်အချင်းမေးခွန်းပါ။ အရည်အသွေးက တစ်ခါတလေမှာ ခင်ဗျား အထူးပြုတဲ့အရာအချို့ လိုတယ်။ သူ့ရဲ့အရည်အချင်းရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ခင်ဗျား မာရက်ဇ်ကို နောက်ခံတောင်ပံအဖြစ် ကစားပေးဖို့ တောင်းဆိုလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူက နောက်ခံတောင်ပံအဖြစ် မကစားနိုင်လို့ပါ။ ဘာကြောင့်လဲဆိုရင် နည်းဗျူဟာအရပါ။ ကျွန်တော်တို့ ကိုင်လီအပေါ်မှာ ယုံကြည်မှု ပျောက်ဆုံးသွားလို့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ကိုင္လီ ေဝၚကာရဲ႕ မန္ခ်က္စတာစီးတီးမွာ ကစားရတဲ့ေန႔ရက္ေတြဟာ ကုန္ဆုံးသြားၿပီျဖစ္တယ္လို႔ အရိပ္အႁမြက္ ေျပာၾကားသြားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္ေနာက္ခံလူဟာ မန္ခ်က္စတာစီးတီးအတြက္ ၂၃၈ ပြဲ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၄ ႀကိမ္နဲ႔ အက္ဖ္ေအဖလား တစ္ႀကိမ္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ေဝၚကာဟာ ၂၀၁၇ ခုႏွစ္မွာ မန္ခ်က္စတာစီးတီးအသင္းကို ေတာ့တင္ဟမ္ေဟာ့စပါးကေန ေပါင္ ၄၆.၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြမွာ ပါဝင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဝၚကာရဲ႕ မန္ခ်က္စတာစီးတီးက ေန႔ရက္ေတြဟာ လက္ရွိမွာေတာ့ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာက ၎ရဲ႕ ဗဟိုခံစစ္ ၃ ဦးကစားကြက္သစ္အေၾကာင္း ေျပာၾကားရာမွာ အဂၤလန္ေနာက္ခံလူနဲ႔ပတ္သက္ၿပီး ဝန္ခံ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက ၎ရဲ႕ ကစားကြက္အသစ္ဟာ ေဝၚကာမွာရွိတဲ့ အရည္အခ်င္းနဲ႔ဆိုရင္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္စြမ္းရွိမွာမဟုတ္ဘူးလို႔ ယုံၾကည္ထားတာျဖစ္ပါတယ္။

“သူ႔မွာ အၿမဲတမ္း ျမန္ႏႈန္းက ရွိေနမွာပါ။ သူက အသက္ ၆၀ မွာေတာင္ ဒီအခန္းထဲမွာရွိေနတဲ့လူေတြအားလုံးထဲမွာ အျမန္ဆုံးျဖစ္ေနပါလိမ့္မယ္။ အတြင္းဘက္မွာ ကစားဖို႔အတြက္ ခင္ဗ်ား ေ႐ြ႕လ်ားမႈအခ်ိဳ႕ ျပဳလုပ္ရမွာပါ။ သူ႔မွာ တျခား အရည္အခ်င္းေတြ ရွိပါတယ္။ သူက ခံစစ္ ၄ ဦးမွာ အတြင္းဘက္ထဲကို ဝင္ကစားတဲ့ ေနာက္ခံေတာင္ပံကစားသမားအျဖစ္ ကစားခဲ့တယ္။ ကန္ဆယ္လို၊ ဇင္ခ်န္ကိုတို႔နဲ႔အတူ သူက တကယ္ေကာင္းေကာင္း ကစားႏိုင္ခဲ့ပါတယ္”

“ဒါေပမယ့္ ခံစစ္မွာ ၃ ဦးထားကစားၿပီး အလယ္မွာ ၂ ဦးကစားတဲ့ ဒီကစားကြက္နဲ႔ဆိုရင္ သူ အဲဒါကို မလုပ္ႏိုင္ပါဘူး။ အဲဒါက အရည္အခ်င္းေမးခြန္းပါ။ အရည္အေသြးက တစ္ခါတေလမွာ ခင္ဗ်ား အထူးျပဳတဲ့အရာအခ်ိဳ႕ လိုတယ္။ သူ႔ရဲ႕အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ရွိပါတယ္။ ခင္ဗ်ား မာရက္ဇ္ကို ေနာက္ခံေတာင္ပံအျဖစ္ ကစားေပးဖို႔ ေတာင္းဆိုလို႔မရပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက ေနာက္ခံေတာင္ပံအျဖစ္ မကစားႏိုင္လို႔ပါ။ ဘာေၾကာင့္လဲဆိုရင္ နည္းဗ်ဴဟာအရပါ။ ကြၽန္ေတာ္တို႔ ကိုင္လီအေပၚမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးသြားလို႔ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.