Premier League

ဘစ်ဆာကာ အပိုင်လုံးဖြုန်းပြီးနောက် မန်ယူနိုက်တက်ရဲ့ကျိန်စာကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အဲဗာတန်နဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်မယ့် ရွှေရောင်အခွင့်အရေးကို ဝမ်-ဘစ်ဆာကာ လွဲချော်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်က ညာနောက်ခံ ကျိန်စာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ရှောင် ဒိုက်ချ်ရဲ့အသင်းကို ၂-၀ နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ပွဲစဉ်တလျှောက်လုံး ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းနဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်က စနေနေ့ညနေမှာ စုစုပေါင်း ဂိုးကာကွယ်မှု ၉ ကြိမ်အထိ ပြုလုပ်ခဲ့ရပြီး ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ မာဆယ် ဆဘစ်ဇာတို့ရဲ့ ဂိုးကန်သွင်းချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဂိုးသမားကောင်းတာလည်း ပါသလို မန်ချက်စတာယူနိုက်တက်အသင်းကိုယ်တိုင်ကလည်း အိမ်ကွင်းမှာ အပိုင်ဂိုးသွင်းခွင့် ၁၀ ကြိမ်လောက် ဘေးချော်ကန်ခဲ့တဲ့အတွက် အပြစ်ရှိခဲ့ပြီး အသိသာဆုံး အခွင့်အရေးတွေထဲက တစ်ကြိမ်ဟာ အာရွန် ဝမ်-ဘစ်ဆာကာရဲ့ ဂိုးကန်သွင်းချက်ပဲ ဖြစ်ပါတယ်။

အန်တိုနီရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ဟာ ဂိုးတိုင်ထိပြန်ထွက်လာပြီးနောက် ပဲလေ့စ် နောက်ခံလူဟောင်းရှေ့ကို ကျလာခဲ့ပေမယ့်လည်း အိမ်ကွင်းပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ ဝမ်-ဘစ်ဆာကာက ဂိုးပေါက်အကျယ်ကြီးထဲကို ဝင်အောင် မကန်နိုင်ခဲ့တာဖြစ်ပါတယ်။

အာရွန် ဝမ်-ဘစ်ဆာကာရဲ့ ဂိုးပေါက် လွဲချော်မှုက အိုးထရက်ဖို့ဒ်မှာ ၁၁ ရာသီကစားခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက “အိုးထရက်ဖို့ဒ်က ညာနောက်ခံလူ ဂိုးကျိန်စာက ဆက်ရှိနေတယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အဲဗာတန္နဲ႔ပြဲစဥ္မွာ ဂိုးသြင္းႏိုင္မယ့္ ေ႐ႊေရာင္အခြင့္အေရးကို ဝမ္-ဘစ္ဆာကာ လြဲေခ်ာ္ခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္က ညာေနာက္ခံ က်ိန္စာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ေရွာင္ ဒိုက္ခ်္ရဲ႕အသင္းကို ၂-၀ နဲ႔ ႏိုင္ပြဲ ရယူႏိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ပြဲစဥ္တေလွ်ာက္လုံး ကစားသမားေတြရဲ႕ အဆုံးသတ္ပိုင္းနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္က စေနေန႔ညေနမွာ စုစုေပါင္း ဂိုးကာကြယ္မႈ ၉ ႀကိမ္အထိ ျပဳလုပ္ခဲ့ရၿပီး ရက္ရွ္ဖို႔ဒ္၊ အန္တိုနီ၊ မာဆယ္ ဆဘစ္ဇာတို႔ရဲ႕ ဂိုးကန္သြင္းခ်က္ေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဂိုးသမားေကာင္းတာလည္း ပါသလို မန္ခ်က္စတာယူႏိုက္တက္အသင္းကိုယ္တိုင္ကလည္း အိမ္ကြင္းမွာ အပိုင္ဂိုးသြင္းခြင့္ ၁၀ ႀကိမ္ေလာက္ ေဘးေခ်ာ္ကန္ခဲ့တဲ့အတြက္ အျပစ္ရွိခဲ့ၿပီး အသိသာဆုံး အခြင့္အေရးေတြထဲက တစ္ႀကိမ္ဟာ အာ႐ြန္ ဝမ္-ဘစ္ဆာကာရဲ႕ ဂိုးကန္သြင္းခ်က္ပဲ ျဖစ္ပါတယ္။

အန္တိုနီရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ဟာ ဂိုးတိုင္ထိျပန္ထြက္လာၿပီးေနာက္ ပဲေလ့စ္ ေနာက္ခံလူေဟာင္းေရွ႕ကို က်လာခဲ့ေပမယ့္လည္း အိမ္ကြင္းပရိသတ္ေတြအတြက္ ဝမ္းနည္းစရာေကာင္းစြာနဲ႔ပဲ ဝမ္-ဘစ္ဆာကာက ဂိုးေပါက္အက်ယ္ႀကီးထဲကို ဝင္ေအာင္ မကန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာ႐ြန္ ဝမ္-ဘစ္ဆာကာရဲ႕ ဂိုးေပါက္ လြဲေခ်ာ္မႈက အိုးထရက္ဖို႔ဒ္မွာ ၁၁ ရာသီကစားခဲ့ရာမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက “အိုးထရက္ဖို႔ဒ္က ညာေနာက္ခံလူ ဂိုးက်ိန္စာက ဆက္ရွိေနတယ္”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.