Premier League

ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေနောက်ဆုံးသတင်းကို ပြောပြခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေကို ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ သတင်းပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဟာ အဲဗာတန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဝေးဘောပေးပို့မှုကို ထိန်းသိမ်းခဲ့ပြီးနောက် ၎င်းရဲ့ ပေါင်ခြံနေရာကို လျင်လျင်မြန်မြန်ပဲ အမူအရာနဲ့ ပြသခဲ့တာဖြစ်ပါတယ်။

ဆေးအဖွဲ့ရဲ့ ကုသမှုကို ခံယူခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ဟာ ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ နဲ့ ထွက်သွားခဲ့ပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဗက်ဟော့စ်က ပွဲကစားချိန်နောက်ဆုံး ၁၀ မိနစ်အတွက် ရက်ရှ်ဖို့ဒ်ရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးဟာ အဲဗာတန်နဲ့ပွဲစဉ်အတွင်း တန်ဟက်ရဲ့အသင်းအတွက် နောက်ထပ်တစ်ကြိမ် အရေးပါခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အန်သိုနီ မာစီယယ်လ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲကစားချိန် မိနစ် ၉၀ ထဲက အများစုကို လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရမှုက ပရီးမီးယားလိဂ်ရာသီဇာတ်သိမ်းပိုင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တို့အပါအဝင် အလုပ်များတဲ့ အချိန်စာရင်းကြောင့် အိုးထရက်ဖို့ဒ်က ပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နိုင်ပွဲအပြီးမှာ တန်ဟက်က ရက်ရှ်ဖို့ဒ် ရရှိသွားခဲ့တဲ့ ဒဏ်ရာအခြေအနေအပေါ်မှာ နောက်ဆုံးသတင်း ပေးနိုင်မလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ကျွန်တော်တို့ စောင့်ရပါမယ်။ ကောင်းမယ့်ပုံတော့မပေါ်ပါဘူး။ အဲဒါက ပွဲချိန်ဇယားကြောင့်ပါ။ ခင်ဗျား ၆ ရက်မှာ ၃ ပွဲကစားလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေကို ကာကွယ်ရမှာပါ။ အားလုံးက သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို ကွင်းထဲမှာ ရှိစေချင်ကြတယ်။ အားလုံးက ဒီနေ့လိုမျိုး ဖျော်ဖြေမှုပေးနိုင်တဲ့ ဘောလုံးကစားပုံကို မြင်ချင်ကြတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အကောင်းဆုံးကစားသမား ရှိနေမှ ရပါမယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က အဲဗာတန္နဲ႔ပြဲမွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ အေျခအေနကို ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ သတင္းေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ဟာ အဲဗာတန္အသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အေဝးေဘာေပးပို႔မႈကို ထိန္းသိမ္းခဲ့ၿပီးေနာက္ ၎ရဲ႕ ေပါင္ၿခံေနရာကို လ်င္လ်င္ျမန္ျမန္ပဲ အမူအရာနဲ႔ ျပသခဲ့တာျဖစ္ပါတယ္။

ေဆးအဖြဲ႕ရဲ႕ ကုသမႈကို ခံယူခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္ဟာ ကြင္းထဲကေန ေထာ့နဲ႔ေထာ့နဲ႔ နဲ႔ ထြက္သြားခဲ့ၿပီး ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းသြားခဲ့တာျဖစ္ပါတယ္။ ဗက္ေဟာ့စ္က ပြဲကစားခ်ိန္ေနာက္ဆုံး ၁၀ မိနစ္အတြက္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေနရာမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္တိုက္စစ္မႉးဟာ အဲဗာတန္နဲ႔ပြဲစဥ္အတြင္း တန္ဟက္ရဲ႕အသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ အေရးပါခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ အန္သိုနီ မာစီယယ္လ္ရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ေအာင္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပြဲကစားခ်ိန္ မိနစ္ ၉၀ ထဲက အမ်ားစုကို လႊမ္းမိုးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရက္ရွ္ဖို႔ဒ္ရဲ႕ လူစားလဲလွယ္ျခင္း ခံခဲ့ရမႈက ပရီးမီးယားလိဂ္ရာသီဇာတ္သိမ္းပိုင္းနဲ႔ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္တို႔အပါအဝင္ အလုပ္မ်ားတဲ့ အခ်ိန္စာရင္းေၾကာင့္ အိုးထရက္ဖို႔ဒ္က ပရိသတ္ေတြအတြက္ စိုးရိမ္စရာ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ႏိုင္ပြဲအၿပီးမွာ တန္ဟက္က ရက္ရွ္ဖို႔ဒ္ ရရွိသြားခဲ့တဲ့ ဒဏ္ရာအေျခအေနအေပၚမွာ ေနာက္ဆုံးသတင္း ေပးႏိုင္မလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ကြၽန္ေတာ္တို႔ ေစာင့္ရပါမယ္။ ေကာင္းမယ့္ပုံေတာ့မေပၚပါဘူး။ အဲဒါက ပြဲခ်ိန္ဇယားေၾကာင့္ပါ။ ခင္ဗ်ား ၆ ရက္မွာ ၃ ပြဲကစားလို႔ မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ ကစားသမားေတြကို ကာကြယ္ရမွာပါ။ အားလုံးက သူတို႔ရဲ႕အေကာင္းဆုံးကစားသမားေတြကို ကြင္းထဲမွာ ရွိေစခ်င္ၾကတယ္။ အားလုံးက ဒီေန႔လိုမ်ိဳး ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ ေဘာလုံးကစားပုံကို ျမင္ခ်င္ၾကတယ္။ ဒါေပမယ့္ ခင္ဗ်ားရဲ႕ အေကာင္းဆုံးကစားသမား ရွိေနမွ ရပါမယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.