Premier League

ချဲလ်ဆီးကို အရှက်လိုက်ခွဲနေတဲ့ ပရီးမီးယားလိဂ်

ချဲလ်ဆီးပရိသတ်တွေဟာ ပရီးမီးယားလိဂ်က အန်ဇို ဖာနန်ဒက်ဇ်နဲ့ ချဲလ်ဆီးအသင်းရဲ့ အဝေးကွင်းခြေစွမ်းအပေါ် ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် အရှက်ရခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ မကြာသေးမီကမှ နည်းပြဟောင်း ဂရေဟမ် ပေါ့တားနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ဘရိုက်တန်နည်းပြဟောင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ နည်းပြအဖြစ် ၇ လသာ တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတန် ဗီလာအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားအဆင့် ၁၁ နေရာကို ကျဆင်းသွားခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီက နည်းပြပေါ့တားကို ထုတ်ပြီး လမ်းပတ်ကို ယာယီနည်းပြခန့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ တစ်ရာသီလုံး ချဲလ်ဆီးအသင်း ရုန်းကန်ခဲ့ရမှုဟာ အားလုံးသိပြီးသားဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပရီးမီးယားလိဂ် တရားဝင်တွစ်တာအကောင့်က အနောက်လန်ဒန်ကလပ်အသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကို အလေးထားဖော်ပြခဲ့တာကြောင့် အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

“ဘယ်ချဲလ်ဆီးကစားသမားကမှ အန်ဇို ဖာနန်ဒက်ဇ်(၂ ကြိမ်)ထက် ဒီရာသီမှာ အဝေးကွင်းသွင်းဂိုး တိုက်ရိုက်ပါဝင်ပတ်သက်မှု ပိုမိုပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အာဂျင်တီးနားကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ပထမဆုံးအဝေးကွင်းပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ကစားသမားကတောင် တစ်ရာသီလုံး ကစားလာတဲ့ ချဲလ်ဆီးတစ်သင်းလုံးထက် အဝေးကွင်းသွင်းဂိုး တိုက်ရိုက်ပါဝင်ပတ်သက်မှု ပိုမိုပြုလုပ်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး နည်းပြပေါ့တားလက်အောက်မှာ ဘယ်လောက်တောင် ရုန်းကန်နေခဲ့ရလဲဆိုတာကို မြင်သာစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးပရိသတ္ေတြဟာ ပရီးမီးယားလိဂ္က အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အေဝးကြင္းေျခစြမ္းအေပၚ ကိန္းဂဏန္းအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ အရွက္ရခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ မၾကာေသးမီကမွ နည္းျပေဟာင္း ဂေရဟမ္ ေပါ့တားနဲ႔ လမ္းခြဲခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္နည္းျပေဟာင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ နည္းျပအျဖစ္ ၇ လသာ တာဝန္ယူကိုင္တြယ္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အက္စတန္ ဗီလာအသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အမွတ္ေပးဇယားအဆင့္ ၁၁ ေနရာကို က်ဆင္းသြားခဲ့တာျဖစ္ၿပီး အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက နည္းျပေပါ့တားကို ထုတ္ၿပီး လမ္းပတ္ကို ယာယီနည္းျပခန႔္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ တစ္ရာသီလုံး ခ်ဲလ္ဆီးအသင္း ႐ုန္းကန္ခဲ့ရမႈဟာ အားလုံးသိၿပီးသားျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ တရားဝင္တြစ္တာအေကာင့္က အေနာက္လန္ဒန္ကလပ္အသင္းရဲ႕ အေဝးကြင္းစြမ္းေဆာင္ရည္ကို အေလးထားေဖာ္ျပခဲ့တာေၾကာင့္ အရွက္ရစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

“ဘယ္ခ်ဲလ္ဆီးကစားသမားကမွ အန္ဇို ဖာနန္ဒက္ဇ္(၂ ႀကိမ္)ထက္ ဒီရာသီမွာ အေဝးကြင္းသြင္းဂိုး တိုက္႐ိုက္ပါဝင္ပတ္သက္မႈ ပိုမိုျပဳလုပ္ႏိုင္ျခင္းမရွိခဲ့ပါဘူး။ အာဂ်င္တီးနားကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကမွ ပထမဆုံးအေဝးကြင္းပြဲစဥ္ကို ပါဝင္ကစားေပးခဲ့တာပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ မေန႔တစ္ေန႔ကမွ ေရာက္လာတဲ့ ကစားသမားကေတာင္ တစ္ရာသီလုံး ကစားလာတဲ့ ခ်ဲလ္ဆီးတစ္သင္းလုံးထက္ အေဝးကြင္းသြင္းဂိုး တိုက္႐ိုက္ပါဝင္ပတ္သက္မႈ ပိုမိုျပဳလုပ္ထားႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ၿပီး နည္းျပေပါ့တားလက္ေအာက္မွာ ဘယ္ေလာက္ေတာင္ ႐ုန္းကန္ေနခဲ့ရလဲဆိုတာကို ျမင္သာေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.