Premier League

မာဒရစ်ခ်ကို ချဲလ်ဆီးမခေါ်ခင်မှာ သတိပေးခဲ့တဲ့စကားကို ပြောပြခဲ့တဲ့ ရှက်တာဒိုးနတ် စီအီးအို

ရှက်တာဒိုးနတ် စီအီးအို ပယ်လ်ကင်ဟာ မိုင်ခေလို မာဒရစ်က ချဲလ်ဆီးကို ဇန်နဝါရီလမှာ အပြောင်းအရွှေ့ပြုလုပ်ခဲ့တာကို နောင်တရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ယူကရိန်းကြယ်ပွင့်အနေနဲ့ ပရီးမီးယားလိဂ်ကစားသမားဘဝကို စိတ်ပျက်ဖွယ်စတင်ခဲ့ရတာကို မအံ့ဩမိဘူးလို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာမှုဟာ ချဲလ်ဆီးအသင်းက ဥရောပဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပါရမီရှင်တွေထဲက တစ်ဦးကို အာဆင်နယ်လက်ထဲကနေ ကြားဖြတ်လုယူနိုင်ခဲ့ပြီးနောက် မကြုံစဖူး အားပေးမှုတွေ၊ အောင်ပွဲခံမှုတွေနဲ့ ကြိုဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာဒရစ်ခ်ကို မရခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ထရော့ဆာ့ဒ်ကို ခေါ်ယူပြီးနောက် ကောင်းသည်ထက် ကောင်းလာပြီး ချဲလ်ဆီးနဲ့ မာဒရစ်ခ်တို့ကတော့ စိတ်ပျက်စရာ ရလဒ်တွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းတောင်ပံကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် လက်ရှိအချိန်မှာ ၉ ပွဲသာ ပါဝင်ကစားပေးထားရသေးပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပယ်လ်ကင်က ပြီးခဲ့တဲ့အပတ်မှာ မာဒရစ်ခ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ကစားသမားဟာ မြင့်မားတဲ့စိတ်အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရှက်တာဒိုးနတ် စီအီးအိုက မာဒရစ်ခ်ကို အပြီးသတ်မခေါ်ယူမီ ထိပ်တန်းအဆင့်မှာ ကစားဖူးတဲ့အတွေ့အကြုံ အကန့်အသတ်နဲ့သာ ရှိသေးတဲ့ ကစားသမားကို ချဉ်းကပ်ရာမှာ စိတ်ရှည်သည်းခံဖို့လိုအပ်လိမ့်မယ်လို့ ချဲလ်ဆီးအသင်းကို သတိပေးခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့အပတ်က အင်္ဂလန်မှာ ကျွန်တော် မာဒရစ်ခ်နဲ့ တွေ့ဆုံခဲ့ပြီး သူ အရမ်းပျော်ရွှင်နေပါတယ်။သူက အဲဒီမှာ ဖြစ်နေတာတွေအားလုံးကို နှစ်သက်ပါတယ်။ သူက အလုပ်ပြင်းပြင်းထန်ထန် လုပ်ချင်တယ်။ အကောင်းဆုံးဆိုတာကို ပြသချင်တယ်။ ကျွန်တော် အစကတည်းက ပြောခဲ့တယ်။ ကျွန်တော် ချဲလ်ဆီးအသင်းပိုင်ရှင်တွေကို စကားပြောခဲ့တယ်။ သူတို့တွေကို ခင်ဗျားတို့က စိန်အစစ်ကို ရခဲ့တာဆိုပေမယ့် အရမ်း အရမ်းကို စိတ်ရှည်သည်းခံရမယ်လို့ ပြောခဲ့တယ်။ ဒီကောင်လေးကို အချိန်ပေးပါ။ သူက အသင်းကို ဘာတွေယူဆောင်လာပေးနိုင်လဲဆိုတာ ခင်ဗျားကို ပြသပါလိမ့်မယ်လို့”

“သူက အနာဂတ်မှာ ချဲလ်ဆီးအတွက် ဆုဖလားတွေအများကြီး ကိုင်မြှောက်ရာမှာ ပါဝင်လိမ့်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။သူက အရမ်းကို ထူးခြားတဲ့ကောင်လေးပါ။ မယုံနိုင်လောက်စရာ နည်းစနစ်ပိုင်း အရည်အသွေးတွေနဲ့ ကောင်လေးပါ။ ကျွန်တော် ရှက်တာဒိုးနတ်မှာ နေခဲ့တဲ့ နှစ် ၂၀ ရှိပါပြီ။ ကစားသမားတွေအများကြီး မြင်ခဲ့ဖူးတယ်။ ဒီတစ်ယောက်ကတော့ ပရော်ဖက်ရှင်နယ်ရှုထောင့်ကနေကြည့်ရင် သူ့လောက် အလုပ်ပြင်းပြင်းထန်ထန် လုပ်တဲ့သူမျိုး ကျွန်တော့်ဘဝမှာ မမြင်တွေ့ခဲ့ဖူးပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရွက္တာဒိုးနတ္ စီအီးအို ပယ္လ္ကင္ဟာ မိုင္ေခလို မာဒရစ္က ခ်ဲလ္ဆီးကို ဇန္နဝါရီလမွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခဲ့တာကို ေနာင္တရမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ယူကရိန္းၾကယ္ပြင့္အေနနဲ႔ ပရီးမီးယားလိဂ္ကစားသမားဘဝကို စိတ္ပ်က္ဖြယ္စတင္ခဲ့ရတာကို မအံ့ဩမိဘူးလို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားရဲ႕ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာမႈဟာ ခ်ဲလ္ဆီးအသင္းက ဥေရာပေဘာလုံးေလာကရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး ပါရမီရွင္ေတြထဲက တစ္ဦးကို အာဆင္နယ္လက္ထဲကေန ၾကားျဖတ္လုယူႏိုင္ခဲ့ၿပီးေနာက္ မႀကဳံစဖူး အားေပးမႈေတြ၊ ေအာင္ပြဲခံမႈေတြနဲ႔ ႀကိဳဆိုျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာဒရစ္ခ္ကို မရခဲ့တဲ့ အာဆင္နယ္အသင္းကေတာ့ ထေရာ့ဆာ့ဒ္ကို ေခၚယူၿပီးေနာက္ ေကာင္းသည္ထက္ ေကာင္းလာၿပီး ခ်ဲလ္ဆီးနဲ႔ မာဒရစ္ခ္တို႔ကေတာ့ စိတ္ပ်က္စရာ ရလဒ္ေတြကို ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ယူကရိန္းေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ လက္ရွိအခ်ိန္မွာ ၉ ပြဲသာ ပါဝင္ကစားေပးထားရေသးၿပီး ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပယ္လ္ကင္က ၿပီးခဲ့တဲ့အပတ္မွာ မာဒရစ္ခ္နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ကစားသမားဟာ ျမင့္မားတဲ့စိတ္အေျခအေနမွာ ရွိေနဆဲျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ရွက္တာဒိုးနတ္ စီအီးအိုက မာဒရစ္ခ္ကို အၿပီးသတ္မေခၚယူမီ ထိပ္တန္းအဆင့္မွာ ကစားဖူးတဲ့အေတြ႕အႀကဳံ အကန႔္အသတ္နဲ႔သာ ရွိေသးတဲ့ ကစားသမားကို ခ်ဥ္းကပ္ရာမွာ စိတ္ရွည္သည္းခံဖို႔လိုအပ္လိမ့္မယ္လို႔ ခ်ဲလ္ဆီးအသင္းကို သတိေပးခဲ့တာျဖစ္ပါတယ္။

“လြန္ခဲ့တဲ့အပတ္က အဂၤလန္မွာ ကြၽန္ေတာ္ မာဒရစ္ခ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး သူ အရမ္းေပ်ာ္႐ႊင္ေနပါတယ္။သူက အဲဒီမွာ ျဖစ္ေနတာေတြအားလုံးကို ႏွစ္သက္ပါတယ္။ သူက အလုပ္ျပင္းျပင္းထန္ထန္ လုပ္ခ်င္တယ္။ အေကာင္းဆုံးဆိုတာကို ျပသခ်င္တယ္။ ကြၽန္ေတာ္ အစကတည္းက ေျပာခဲ့တယ္။ ကြၽန္ေတာ္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြကို စကားေျပာခဲ့တယ္။ သူတို႔ေတြကို ခင္ဗ်ားတို႔က စိန္အစစ္ကို ရခဲ့တာဆိုေပမယ့္ အရမ္း အရမ္းကို စိတ္ရွည္သည္းခံရမယ္လို႔ ေျပာခဲ့တယ္။ ဒီေကာင္ေလးကို အခ်ိန္ေပးပါ။ သူက အသင္းကို ဘာေတြယူေဆာင္လာေပးႏိုင္လဲဆိုတာ ခင္ဗ်ားကို ျပသပါလိမ့္မယ္လို႔”

“သူက အနာဂတ္မွာ ခ်ဲလ္ဆီးအတြက္ ဆုဖလားေတြအမ်ားႀကီး ကိုင္ေျမႇာက္ရာမွာ ပါဝင္လိမ့္မယ္ဆိုတာ ၁၀၀ ရာခိုင္ႏႈန္း ေသခ်ာပါတယ္။သူက အရမ္းကို ထူးျခားတဲ့ေကာင္ေလးပါ။ မယုံႏိုင္ေလာက္စရာ နည္းစနစ္ပိုင္း အရည္အေသြးေတြနဲ႔ ေကာင္ေလးပါ။ ကြၽန္ေတာ္ ရွက္တာဒိုးနတ္မွာ ေနခဲ့တဲ့ ႏွစ္ ၂၀ ရွိပါၿပီ။ ကစားသမားေတြအမ်ားႀကီး ျမင္ခဲ့ဖူးတယ္။ ဒီတစ္ေယာက္ကေတာ့ ပေရာ္ဖက္ရွင္နယ္ရႈေထာင့္ကေနၾကည့္ရင္ သူ႔ေလာက္ အလုပ္ျပင္းျပင္းထန္ထန္ လုပ္တဲ့သူမ်ိဳး ကြၽန္ေတာ့္ဘဝမွာ မျမင္ေတြ႕ခဲ့ဖူးပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.