Other Leagues Premier League

ဘန်လေရဲ့ တန်းပြန်တက်နိုင်တာကို အံ့အားသင့်ခဲ့ရတဲ့ ကွန်ပနီ

ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပနီက မစ်ဒယ်ဘရော့အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တဲ့အသင်းရဲ့ မြန်နှုန်းကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံရှစ်မှာ ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကြောင့် ဘန်လေအသင်းဟာ တတိယနေရာက လူတန်အသင်းနဲ့ ၁၉ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ရာသီကုန်ဖို့ ၇ ပွဲ လိုသေးပေမယ့်လည်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့် ရရှိခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံရှစ်သမိုင်းမှာ အလျင်မြန်ဆုံး တန်းတက်ခွင့် ရရှိတဲ့ အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

“အဲဒါက အီစတာဖြစ်ပြီး ၇ ပွဲ ကစားဖို့ ကျန်သေးပြီး ကျွန်တော်တို့ အောင်ပွဲခံနေကြပါပြီ။ ကျွန်တော်တို့ အဲဒါကို မမျှော်လင့်ထားခဲ့ဘူး။ ကျွန်တော်တို့ ဒီဟာကို အချိန်တစ်ခုမှာ တွေ့ကြုံချင်ပေမယ့် ပိုပြီးလျင်လျင်မြန်မြန် တွေ့ကြုံတာကလည်း တစ်ခါတလေမှာ ပိုကောင်းပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

ကွန်ပနီဟာ ဘယ်လ်ဂျီယမ်ကလပ် အန်ဒါလက်ချ်အသင်းကို ပထမဆုံးနည်းပြအဖြစ် ကိုင်တွယ်မှုက အဆုံးသတ်ခဲ့ပြီးနောက် ဘန်လေအသင်းဟာ မန်ချက်စတာစီးတီးဂန္တဝင်ကို လျင်လျင်မြန်မြန်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုတာ သက်သေပြသခဲ့တာဖြစ်ပါတယ်။

အများစုက ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ နှစ်ကြာ ပါဝင်ယှဉ်ပြိုင်မှု အဆုံးသတ်သွားချိန်မှာ အဆိုးဆုံးဖြစ်လာမှာကို ကြောက်ရွံ့ခဲ့တာဖြစ်ပြီး ၂၀၂၀ နှောင်းပိုင်းမှာ အမေရိကန်လုပ်ငန်းစုတစ်ခုရဲ့ အငြင်းပွားဖွယ် လွှဲပြောင်းဝယ်ယူမှုကြောင့် တန်းဆင်းသွားရတဲ့အချိန်မှာ ချေးငွေ ပေါင် ၆၅ သန်းထဲက သိသာထင်ရှားတဲ့ ပမာဏကို ပေးချေခဲ့ရတာဖြစ်ပါတယ်။

ပေါင်သန်း ၇၀ နီးပါး တန်ကြေးရှိတဲ့ ကစားသမားတွေဟာ အသင်းကို စွန့်ခွာသွားခဲ့ကြပေမယ့်လည်း ကွန်ပနီက ဘယ်လ်ဂျီယမ်စျေးကွက်နဲ့ မန်ချက်စတာစီးတီးရဲ့ အဆက်အသွယ်တွေကြောင့် ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကစားသမားတွေကို ခေါ်ယူပြီး လူစာရင်းတစ်ခုလုံးနီးပါး အသစ် ပြန်လည်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘန္ေလနည္းျပ ဗင္းဆင့္ ကြန္ပနီက မစ္ဒယ္ဘေရာ့အသင္းကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ခဲ့တဲ့အသင္းရဲ႕ ျမန္ႏႈန္းေၾကာင့္ အံ့အားသင့္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်န္ပီယံရွစ္မွာ ၁၉ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ေၾကာင့္ ဘန္ေလအသင္းဟာ တတိယေနရာက လူတန္အသင္းနဲ႔ ၁၉ မွတ္အကြာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဘန္ေလအသင္းဟာ ရာသီကုန္ဖို႔ ၇ ပြဲ လိုေသးေပမယ့္လည္း ပရီးမီးယားလိဂ္ကို တန္းျပန္တက္ခြင့္ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံရွစ္သမိုင္းမွာ အလ်င္ျမန္ဆုံး တန္းတက္ခြင့္ ရရွိတဲ့ အသင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

“အဲဒါက အီစတာျဖစ္ၿပီး ၇ ပြဲ ကစားဖို႔ က်န္ေသးၿပီး ကြၽန္ေတာ္တို႔ ေအာင္ပြဲခံေနၾကပါၿပီ။ ကြၽန္ေတာ္တို႔ အဲဒါကို မေမွ်ာ္လင့္ထားခဲ့ဘူး။ ကြၽန္ေတာ္တို႔ ဒီဟာကို အခ်ိန္တစ္ခုမွာ ေတြ႕ႀကဳံခ်င္ေပမယ့္ ပိုၿပီးလ်င္လ်င္ျမန္ျမန္ ေတြ႕ႀကဳံတာကလည္း တစ္ခါတေလမွာ ပိုေကာင္းပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

ကြန္ပနီဟာ ဘယ္လ္ဂ်ီယမ္ကလပ္ အန္ဒါလက္ခ်္အသင္းကို ပထမဆုံးနည္းျပအျဖစ္ ကိုင္တြယ္မႈက အဆုံးသတ္ခဲ့ၿပီးေနာက္ ဘန္ေလအသင္းဟာ မန္ခ်က္စတာစီးတီးဂႏၲဝင္ကို လ်င္လ်င္ျမန္ျမန္နဲ႔ ေခၚယူဖို႔ ဆုံးျဖတ္ခ်က္ဟာ မွန္ကန္ခဲ့တယ္ဆိုတာ သက္ေသျပသခဲ့တာျဖစ္ပါတယ္။

အမ်ားစုက ဘန္ေလအသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၆ ႏွစ္ၾကာ ပါဝင္ယွဥ္ၿပိဳင္မႈ အဆုံးသတ္သြားခ်ိန္မွာ အဆိုးဆုံးျဖစ္လာမွာကို ေၾကာက္႐ြံ႕ခဲ့တာျဖစ္ၿပီး ၂၀၂၀ ေႏွာင္းပိုင္းမွာ အေမရိကန္လုပ္ငန္းစုတစ္ခုရဲ႕ အျငင္းပြားဖြယ္ လႊဲေျပာင္းဝယ္ယူမႈေၾကာင့္ တန္းဆင္းသြားရတဲ့အခ်ိန္မွာ ေခ်းေငြ ေပါင္ ၆၅ သန္းထဲက သိသာထင္ရွားတဲ့ ပမာဏကို ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။

ေပါင္သန္း ၇၀ နီးပါး တန္ေၾကးရွိတဲ့ ကစားသမားေတြဟာ အသင္းကို စြန႔္ခြာသြားခဲ့ၾကေပမယ့္လည္း ကြန္ပနီက ဘယ္လ္ဂ်ီယမ္ေစ်းကြက္နဲ႔ မန္ခ်က္စတာစီးတီးရဲ႕ အဆက္အသြယ္ေတြေၾကာင့္ ကုန္က်စရိတ္သက္သက္သာသာနဲ႔ ကစားသမားေတြကို ေခၚယူၿပီး လူစာရင္းတစ္ခုလုံးနီးပါး အသစ္ ျပန္လည္တည္ေဆာက္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.