Premier League

လမ်းပတ်ကို ယာယီနည်းပြခန့်အပ်ခဲ့မှုကနေ ချဲလ်ဆီးတို့အတွက် ဘာတွေအကျိုးရှိလာမလဲ

ချဲလ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၇ လက ခေါ်ယူခဲ့ပြီး ၅ နှစ်စာချုပ်ပေးခဲ့တဲ့ နည်းပြ ဂရေဟမ် ပေါ့တားနဲ့ လမ်းခွဲဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး ဘရိုက်တန်နည်းပြဟောင်းဟာ ခြင်္သေ့ပြာတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့အသင်းဖြစ်လာအောင် တည်ဆောက်ပေးဖို့ မျှော်လင့်ချက်နဲ့ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့တားဟာ ဘရိုက်တန်တုန်းက အောင်မြင်မှုမျိုး ထပ်မလုပ်ပြနိုင်ခဲ့ဘဲ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ဝိသေသအတွက် ရုန်းကန်ခဲ့ရရုံသာမက လုံလောက်တဲ့ နိုင်ပွဲတွေ ရရှိဖို့ပါ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဧပြီလ ၆ ရက်နေ့မှာ ချဲလ်ဆီးအသင်းဟာ ဖရန့်ခ် လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ပရိသတ်အများစုအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့်လည်း ချဲလ်ဆီးဂန္တဝင် ပြန်လည်ရောက်ရှိလာမှုနဲ့အတူ အကျိုးအမြတ်တွေလည်း ပါလာတာဖြစ်ပါတယ်။

လမ်းပတ်ဟာ ပထမနည်းပြသက်တမ်းအတွင်းမှာ မျှော်မှန်းချက်တွေအတိုင်း လုပ်ဆောင်ပြနိုင်ခြင်းမရှိခဲ့ပေမယ့် လူခေါ်ခွင့်ပိတ်ခံထားရတဲ့အသင်းကို တည်ငြိမ်အောင် ကောင်းကောင်း ထိန်းသိမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ရာသီဟာ ပြီးဆုံးသွားပြီလို့ ပြောရမှာဖြစ်ပြီး ရာသီကုန်ဖို့ ၉ ပွဲသာ ကျန်တော့တဲ့အချိန်မှာ ပြည်တွင်းဖလားပြိုင်ပွဲတွေ အားလုံးကနေ ထွက်ထားရပြီးဖြစ်သလို အမှတ်ပေးဇယားမှာလည်း အဆင့် ၁၁ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း လက်ရှိမှာ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်တဲ့ တစ်ခုတည်းသော ပြိုင်ပွဲကတော့ ချန်ပီယံလိဂ်ဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ပေါ့တားလက်ထက်မှာ ချဲလ်ဆီးအသင်းဟာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်နဲ့ နောက်ကြောင်းပြန်သွားခဲ့တယ်လို့ ယူဆရရင် လမ်းပတ်ဟာ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေကို ဆေးမြီးတိုနဲ့ ကုသပေးရမှာဖြစ်ပြီး လက်ရှိမှာ မဖြစ်မနေလိုအပ်နေတဲ့ တည်ငြိမ်မှုနဲ့ ရာသီကို တတ်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်အောင် လုပ်ဆောင်ပေးသွားရမှာဖြစ်ပါတယ်။

လမ်းပတ်ဟာ ရီးစ် ဂျိမ်းစ်နဲ့ မေဆန် မောင့်တို့ကို ပထမအသင်းကို ခေါ်ယူခဲ့သူဖြစ်တာကြောင့် လူငယ်ကစားသမားတွေနဲ့ ဘယ်လို အလုပ်လုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပြီး ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံရအောင် လုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ လမ်းပတ်ကို ခန့်အပ်ခဲ့မှုက ပေါ့တားလက်ထက်မှာ နေရာမရဖြစ်ခဲ့တဲ့ ကစားသမားတွေအတွက်တော့ အကျိုးအမြတ်ဖြစ်လာမှာဖြစ်ပြီး အဲဒီကစားသမားတွေအားလုံးဟာ ၎င်းတို့ရဲ့ အစွမ်းအစကို ပြသနိုင်ဖို့ အသစ်တဖန် ပြန်လည်စတင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် လမ်းပတ်က “ပစ်မှတ်တွေနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော် တတ်နိုင်သလောက် နိုင်ပွဲများများ ရချင်ပါတယ်။ ဒါက အရိုးရှင်းဆုံးအဖြေပါ။ အဲဒီထက် ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အတွက် ရှေ့မှာ ကြီးမားတဲ့ပွဲစဉ်တွေ စောင့်ဆိုင်းနေပြီး ပွဲတိုင်းက ခက်ပါတယ်။ ပရီးမီးယားလိဂ်က ခက်တယ်။ ချန်ပီယံလိဂ်က ခက်ခဲတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလူစာရင်းထဲမှာရှိနေတဲ့ ကစားသမားတွေကို ယုံကြည်မှု ပေးရမှာပါ။ ကျွန်တော်သူတို့ကို အသင်းအပြင်ဘက်မှာ ရှိနေကတည်းက ကြီးမားတဲ့ ယုံကြည်မှုရှိခဲ့ပြီး သူတို့ကို အဲဒီအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ဘယ်လိုသွားနိုင်မလဲ။ သေချာတာကတော့ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရချင်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ သင့်လျော်တဲ့နောက်ဆက်တွဲ အစီအစဉ်မရှိဘဲ သောမတ်စ် တူဟယ်ကို ထုတ်ပယ်ခဲ့တာက ကြီးမားတဲ့အမှားလုပ်ခဲ့တာဖြစ်ပေမယ့်လည်း အဲဒါကို ထုတ်ဖော်ဝန်ခံမှာမဟုတ်ဘဲ အဲဒီအမှားကြောင့်ပဲ အသင်းကို ဘယ်ဦးတည်ချက်အတိုင်း သွားချင်လဲဆိုတာ သေချာမသိဘဲ ဂရေဟမ် ပေါ့တားကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်နည်းပြဟောင်းကို ခေါ်ယူခဲ့တာက အလျင်စလို နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး အဲဒီကတည်းက အသင်းက ရလဒ်ပိုင်းအရရော ဘဏ္ဍာရေးပိုင်းမှာပါ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။  လမ်းပတ်ကို ယာယီနည်းပြခန့်လိုက်တာက အဲဒီအမှားကို သင်ခန်းစာ ယူနိုင်ခဲ့တယ်ဆိုတာကို သွယ်ဝိုက်ဝန်ခံလိုက်တာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ နည်းပြသစ်ခန့်အပ်ဖို့အတွက် နောက်ထပ် အလျင်စလို ဆုံးဖြတ်စရာမလိုဘဲ သေသေချာချာ အချိန်ယူစဉ်းစားနိုင်တော့မှာ ဖြစ်ပါတယ်။

လူးဝစ္စ အန်နရီကေး၊ ပိုချက်တီနို၊ နာဂယ်စ်မန်း ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို နည်းပြ ခန့်အပ်သည်ဖြစ်စေ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ အနာဂတ်အတွက် အသင်းကို တည်ဆောက်ချင်တဲ့ စီမံကိန်းအတိုင်း လုပ်ဆောင်ပေးနိုင်မယ့် သင့်တော်တဲ့ နည်းပြကို ခေါ်ယူနိုင်ဖို့ လုံလောက်တဲ့အချိန်ရသွားပြီဆိုတာတော့ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ လြန္ခဲ့တဲ့ ၇ လက ေခၚယူခဲ့ၿပီး ၅ ႏွစ္စာခ်ဳပ္ေပးခဲ့တဲ့ နည္းျပ ဂေရဟမ္ ေပါ့တားနဲ႔ လမ္းခြဲဖို႔ ေနာက္ဆုံးမွာ ဆုံးျဖတ္ခဲ့ၿပီျဖစ္ၿပီး ဘ႐ိုက္တန္နည္းျပေဟာင္းဟာ ျခေသၤ့ျပာေတြကို လႊမ္းမိုးႏိုင္စြမ္းရွိတဲ့အသင္းျဖစ္လာေအာင္ တည္ေဆာက္ေပးဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါ့တားဟာ ဘ႐ိုက္တန္တုန္းက ေအာင္ျမင္မႈမ်ိဳး ထပ္မလုပ္ျပႏိုင္ခဲ့ဘဲ ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ႕ ဝိေသသအတြက္ ႐ုန္းကန္ခဲ့ရ႐ုံသာမက လုံေလာက္တဲ့ ႏိုင္ပြဲေတြ ရရွိဖို႔ပါ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ ဧၿပီလ ၆ ရက္ေန႔မွာ ခ်ဲလ္ဆီးအသင္းဟာ ဖရန႔္ခ္ လမ္းပတ္ကို ရာသီကုန္အထိ ယာယီနည္းျပအျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ၿပီး ပရိသတ္အမ်ားစုအတြက္ အံ့အားသင့္စရာျဖစ္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးဂႏၲဝင္ ျပန္လည္ေရာက္ရွိလာမႈနဲ႔အတူ အက်ိဳးအျမတ္ေတြလည္း ပါလာတာျဖစ္ပါတယ္။

လမ္းပတ္ဟာ ပထမနည္းျပသက္တမ္းအတြင္းမွာ ေမွ်ာ္မွန္းခ်က္ေတြအတိုင္း လုပ္ေဆာင္ျပႏိုင္ျခင္းမရွိခဲ့ေပမယ့္ လူေခၚခြင့္ပိတ္ခံထားရတဲ့အသင္းကို တည္ၿငိမ္ေအာင္ ေကာင္းေကာင္း ထိန္းသိမ္းေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးရဲ႕ ရာသီဟာ ၿပီးဆုံးသြားၿပီလို႔ ေျပာရမွာျဖစ္ၿပီး ရာသီကုန္ဖို႔ ၉ ပြဲသာ က်န္ေတာ့တဲ့အခ်ိန္မွာ ျပည္တြင္းဖလားၿပိဳင္ပြဲေတြ အားလုံးကေန ထြက္ထားရၿပီးျဖစ္သလို အမွတ္ေပးဇယားမွာလည္း အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္း လက္ရွိမွာ ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္တဲ့ တစ္ခုတည္းေသာ ၿပိဳင္ပြဲကေတာ့ ခ်န္ပီယံလိဂ္ျဖစ္ၿပီး ကြာတားဖိုင္နယ္အဆင့္မွာ လက္ရွိ ဥေရာပခ်န္ပီယံ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ေပါ့တားလက္ထက္မွာ ခ်ဲလ္ဆီးအသင္းဟာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္နဲ႔ ေနာက္ေၾကာင္းျပန္သြားခဲ့တယ္လို႔ ယူဆရရင္ လမ္းပတ္ဟာ လက္ရွိ ျဖစ္ေနတဲ့ ျပႆနာေတြကို ေဆးၿမီးတိုနဲ႔ ကုသေပးရမွာျဖစ္ၿပီး လက္ရွိမွာ မျဖစ္မေနလိုအပ္ေနတဲ့ တည္ၿငိမ္မႈနဲ႔ ရာသီကို တတ္ႏိုင္သမွ် အေကာင္းဆုံးပုံစံနဲ႔ အဆုံးသတ္ႏိုင္ေအာင္ လုပ္ေဆာင္ေပးသြားရမွာျဖစ္ပါတယ္။

လမ္းပတ္ဟာ ရီးစ္ ဂ်ိမ္းစ္နဲ႔ ေမဆန္ ေမာင့္တို႔ကို ပထမအသင္းကို ေခၚယူခဲ့သူျဖစ္တာေၾကာင့္ လူငယ္ကစားသမားေတြနဲ႔ ဘယ္လို အလုပ္လုပ္ရမလဲဆိုတာကို ေကာင္းေကာင္းသိၿပီး ကစားသမားေတြဆီကေန အေကာင္းဆုံးပုံစံရေအာင္ လုပ္ေဆာင္ႏိုင္သူျဖစ္ပါတယ္။ လမ္းပတ္ကို ခန႔္အပ္ခဲ့မႈက ေပါ့တားလက္ထက္မွာ ေနရာမရျဖစ္ခဲ့တဲ့ ကစားသမားေတြအတြက္ေတာ့ အက်ိဳးအျမတ္ျဖစ္လာမွာျဖစ္ၿပီး အဲဒီကစားသမားေတြအားလုံးဟာ ၎တို႔ရဲ႕ အစြမ္းအစကို ျပသႏိုင္ဖို႔ အသစ္တဖန္ ျပန္လည္စတင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

ယာယီနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီးေနာက္ လမ္းပတ္က “ပစ္မွတ္ေတြနဲ႔ပတ္သက္ၿပီး ေျပာရရင္ ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ ႏိုင္ပြဲမ်ားမ်ား ရခ်င္ပါတယ္။ ဒါက အ႐ိုးရွင္းဆုံးအေျဖပါ။ အဲဒီထက္ ပိုၿပီးေတာ့ ရႈပ္ေထြးပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔အတြက္ ေရွ႕မွာ ႀကီးမားတဲ့ပြဲစဥ္ေတြ ေစာင့္ဆိုင္းေနၿပီး ပြဲတိုင္းက ခက္ပါတယ္။ ပရီးမီးယားလိဂ္က ခက္တယ္။ ခ်န္ပီယံလိဂ္က ခက္ခဲတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီလူစာရင္းထဲမွာရွိေနတဲ့ ကစားသမားေတြကို ယုံၾကည္မႈ ေပးရမွာပါ။ ကြၽန္ေတာ္သူတို႔ကို အသင္းအျပင္ဘက္မွာ ရွိေနကတည္းက ႀကီးမားတဲ့ ယုံၾကည္မႈရွိခဲ့ၿပီး သူတို႔ကို အဲဒီအေၾကာင္း ေျပာျပခဲ့ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ မွန္ကန္တဲ့ ဦးတည္ခ်က္အတိုင္း ဘယ္လိုသြားႏိုင္မလဲ။ ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔ ပြဲစဥ္ေတြကို အႏိုင္ရခ်င္ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြဟာ သင့္ေလ်ာ္တဲ့ေနာက္ဆက္တြဲ အစီအစဥ္မရွိဘဲ ေသာမတ္စ္ တူဟယ္ကို ထုတ္ပယ္ခဲ့တာက ႀကီးမားတဲ့အမွားလုပ္ခဲ့တာျဖစ္ေပမယ့္လည္း အဲဒါကို ထုတ္ေဖာ္ဝန္ခံမွာမဟုတ္ဘဲ အဲဒီအမွားေၾကာင့္ပဲ အသင္းကို ဘယ္ဦးတည္ခ်က္အတိုင္း သြားခ်င္လဲဆိုတာ ေသခ်ာမသိဘဲ ဂေရဟမ္ ေပါ့တားကို ေခၚယူခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္နည္းျပေဟာင္းကို ေခၚယူခဲ့တာက အလ်င္စလို ႏိုင္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး အဲဒီကတည္းက အသင္းက ရလဒ္ပိုင္းအရေရာ ဘ႑ာေရးပိုင္းမွာပါ ေပးဆပ္ခဲ့ရတာျဖစ္ပါတယ္။  လမ္းပတ္ကို ယာယီနည္းျပခန႔္လိုက္တာက အဲဒီအမွားကို သင္ခန္းစာ ယူႏိုင္ခဲ့တယ္ဆိုတာကို သြယ္ဝိုက္ဝန္ခံလိုက္တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာေတာ့ နည္းျပသစ္ခန႔္အပ္ဖို႔အတြက္ ေနာက္ထပ္ အလ်င္စလို ဆုံးျဖတ္စရာမလိုဘဲ ေသေသခ်ာခ်ာ အခ်ိန္ယူစဥ္းစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

လူးဝစၥ အန္နရီေကး၊ ပိုခ်က္တီႏို၊ နာဂယ္စ္မန္း ဒါမွမဟုတ္ တျခားတစ္ေယာက္ေယာက္ကို နည္းျပ ခန႔္အပ္သည္ျဖစ္ေစ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြဟာ အနာဂတ္အတြက္ အသင္းကို တည္ေဆာက္ခ်င္တဲ့ စီမံကိန္းအတိုင္း လုပ္ေဆာင္ေပးႏိုင္မယ့္ သင့္ေတာ္တဲ့ နည္းျပကို ေခၚယူႏိုင္ဖို႔ လုံေလာက္တဲ့အခ်ိန္ရသြားၿပီဆိုတာေတာ့ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.